Tuesday, December 2, 2014







မိဘနှစ်ပါးအားသတိရခြင်းဖြင့်စိတ်ချမ်းသာကြပါစေဟုနံနက်ခင်းတွင်နှူ တ်ခွန်းဆက်ပါသည်။
မေတ္တာရည်လျက်
မခင်မိုးညို

ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး


၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။
(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား (အံ့ဖွယ် ၁ -တနလာင်္ထောင့်)

ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့် တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်းဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်းမသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထားကိုးကွယ်ကြသည်ဟု ပြောသမှတ်ပြုကြပါသည်။
(၂) ၀ိဇ္ဖာဇော်ဂျီဘုရား
(အံ့ဖွယ် ၂ -- နေလဘုရားအရှေ့ဘက်မှာရှိပါတယ်...ဒီဘုရားကပန်းမဦးဘူးလို.သိရပါတယ်... ဘယ်လောက်စောစောထပြီးပန်းလှူလှူ.. ပန်းလှူပြီးသားဖြစ်နေတာကိုပဲတွေ.ရလို.ပါတဲ့ )
ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထား သည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား (အံ့ဖွယ် ၃ - ရှင်စောပုဘုရား ....၁၂ရာသီပတ်လုံးပန်းပွင့်ပါတယ်တဲ့)
ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင်ရှိသည်။
(၄) ရှင်မထီးဘုရား (အံ့ဖွယ် ၇ --ပညာရေးကောင်း)
ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။
(၅) ရှင်အဇ္ဖဂေါဏဘုရား
(အံ့ဖွယ် ၅ --- ရှင်အဇ္ဖဂေါဏ နဲ.ရှင်မထီးဆရာတော် ကိုတော်၂များများကတစ်ပါးထဲလို. မှားတတ်ကြ ပါတယ်... ရှင်အဇ္ဖဂေါဏက ပုဂံပြည်ကိုပထမဆုံးစတည်ထောင် တဲ့ သမုဒ္ဒရာဇ်မင်းလက်ထက်မှာပေါ် ခဲ့တဲ့ဆရာတော်ပါ.... ရှင်မထီး ဆရာတော်ကတော့ ပျူစောထီးမင်း လက်ထက်မှာပေါ်ပေါက် ခဲ့တဲ့ဆရာတော်ပါ.. အဂ္ဂိရိတ်သမားတွေအတွက်အလွန်အားထားရတဲ့ ရှင်မထီးကျမ်းကိုပြုစုခဲ့တဲ့သူပါ.)
ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်းေ၇ှးဟောင်းသမိုင်းစာပေတို့တွင် ဆို၏။ ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများသိစေရန် မျက်လုံးတော်တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် ထုလုပ် သွားကြောင်းအဆိုရှိသည်။ ထိုအာရုံခံတန်ဆောင်း ရာဟုထောင့် (၀ါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေသည်။

(၆) ဆံတော်တွင်းရုပ်ပွားတော် (အံ့ဖွယ် ၄ -လပြည့်လကွယ်နေ.များတွင်ရေသံကြားရသည်ဟုဆိုကြပါသည်)
ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။
တန်ဆောင်းတွင်းရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။
(၇) ဘိုးဘိုးအောင်ဘုရား (အံ့ဖွယ် ၆ - ဘိုးဘိုးအောင်ဂူဘုရား)
ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်း ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနောက်ဘက်တွင် ကျောချင်းကပ်လျှက် ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။
(၈) လက်ပက်လက်ဘုရား (အံ့ဖွယ် ၈ - တနလာင်္ထောင့်မှာ ရှိပါတယ်.. .လာဘ မုနိ ဘုရားလို.လဲခေါ်ပါတယ်.. ကျန်းမာရေးညံ့ရင် ထိုဘုရားမှာ ဆုတောင်းပါတဲ့)
ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။လိုဏ်အတွင်းရှိကကုသတ်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက်လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။
(၉) ပြဒါးရှင်ဘုရား (အံ့ဖွယ် -၉)
ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။
မှတ်ချက်။ ။ ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး တွင် ပါဝင်သောပတ္တမြားမျက်ရှင်ဘုရားထံပါးတွင် သာသနာပွဲကပ်လှူ ၍ ရင်ငွေ့တော်ခိုလှူံ ကာ ဒါနပြုခဲ့သောစေတနာအားကျေးဇူးအထူးတင်ရှိသောအားဖြင့် ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး အား ဓမ္မဒါန အဖြစ်ဝေငှပါသည်။



Thursday, November 27, 2014

** တူသောလက်နှင့် ညီသောခြေလှမ်း**








မနက်ခင်းလေးတွင်သစ်ပင်များပေါ်သို့ကျနေသော၊တစက်တစက်သောနှင်းရည်ကိုကြည့်၍
နွေမိုးဆောင်းသုံးရာသီ၏သဘာဝပေးအပ်လာသောအကျိုးတရားနှင့် အကြောင်းတရားဆက်စပ်နေမူကိုတွေးမိသည်..။
ရွက်သစ်ဝေရန်ရွက်ဟောင်းကြွေသောနွေ..သဲမြေသောင်တို့ထွန်းသောနေရာတွင် ရာသီသီးနှံဖြစ်သော ဖရဲ..သခွား.ဖရုံ..တို့ကိုတောင်သူများစိုက်ပျိုးကြသည်။
ဝေသောသစ်ရွက်များရှင်သန်စေရန်၊အင်းအိုင်ချောင်းရေ၊ရေပြည့်စေရန် ၊နှင့်ခြောက်သွေ့သောဝန်းကျင်ကိုစိမ်းလန်းစိုပြေစေရန်အလို့ငှါ၊ မုတ်သုန်မိုးစက်တို့သည်ကမ္ဘာမြေပြင်အမိမြန်မာ့မြေပေါ်သို့သွန်းဖြိုးရွာစေသည်..။
ဝေသောသစ်ရွက်တို့စိမ်းရင့်ရာမှ ညိုသော၊၀ါသော၊မရမ်းဖက်သော၊နီညိုသောစသည်
ဆေးရောင်စုံခြယ်သဘိသကဲ့သို့အရောင်အမျိုးမျိုးပြောင်းလာကြသည့်နည်းတူ..ပန်းများပွင့်ရန်
ရနံ့သင်းရန်အတွက် နှင်းရည်စက်တို့သည်လည်း ကမ္ဘာမြေပြင်သို့ဆင်းသက်ကြပြန်၏။
ထိုထိုသောဥတုရာသီတို့သည်..အမြဲစိမ်းသစ်တောများတည်ရာ တော ကိုမှီကြကုန်သည်ဖြစ်ရာ
အမမြန်မာမြေသည် ရေမြေတောင်တောင်..အခြေအနေအရ.မြစ်ချောင်းအင်းအိုင်.ပင်လယ်ရေ
အနေအထားအရ နွေ..မိုး..ဆောင်း ဟူသော သုံးရာသီကို ခံစားကြရသည်ဖြစ်ရာ..
နွေ၏အရသာ..မိုး၏အရသာ..ဆောင်း၏အရသာ..ကိုသိရှိခံစားကြရပါသည်..။
ထိုကြောင့် အမိမြန်မာမြေတွင်နေထိုင်ကြကုန်သော..တိုင်းရင်းသားလူမျိုးအားလုံးတို့သည်..
နွေ ၏လေပြေလေညှင်း..မိုး၏မိုးသက်လေ..ဆောင်း၏ နှင်းရည်ရနံ့မြောက်ပြန်လေ..တို့ ကို
အတူတကွ ခံစားကြရပါသည်..။
သဘာဝမှပေးအပ်လာသောထိုအကြောင်းတရားများကို တန်ဘိုးထား၍မြတ်နိုးသောစိတ်ဖြင့်
ပို၍ကောင်းသော၊မွန်မြတ်သောအကျိုးတရားကို
** တူသောလက်နှင့်ညီသောခြေလှမ်း** များဖြင့်...... ဆောင်ရွက်သွားကြလျက်
အမိမြေကိုကျေးဇူးဆပ်ခွင့်ရရှိကြပါစေဟု ..ဆန္ဒပြုအပ်ပါသည်..။

မေတ္တာရည်လျက်
မခင်မိုးညို

Tuesday, November 25, 2014

လွမ်းတတ်သော်လဲ ...မလွမ်းချင်


              မြတ်နိုးတဲ့ပုဂံ...
လေးစားပါတဲ့ မင်းနော်ရထာ...။
ကိုယ်မတွေ့ခဲ့ပေမဲ့.. ခံစားလို့ရပါတဲ့
မြန်မာ့ဝိညဉ်..ပုဂံမြေကို..
ဒီရာသီ.ခွါညိုပန်းစီချိန်မှာတော့...
ထနောင်းရိပ်ကိုခိုရင်း....
မြစ်ဧရာ..လှို င်းလွှာကို..ငေးပါလို့
ဘယ်ဆီကိုလွမ်းလို့...ဘယ်ဆီကိုမှန်းရပါလိမ့်..။.


            အတွေးတူရင်...လှမ်းလင့်တာတူကြမှာပေါ့
ခဏတာ ဘ၀လေးမှာ...လှို င်းရေပမာ
စုန်တခါ..ဆန်တကြော့ပေမို့
မလွမ်းပါနဲ့ကွယ်...
လွမ်းတတ်ရင်..စုန်ဆန်တဖန်ဖြစ်ရချည့်မို့........။
မေတ္တာရည်လျက်
မခင်မိုးညို

နေ၀င်ချိန် သို့မဟုတ် Sunset





Khinmyint Thaung's photo.














နေ၀င်ချိန် သို့မဟုတ် Sunset....လို့ ခေါင်းစဉ်ရွေးဖြစ်တာက....နေ၀င်ချိန်လို့ သိပ်မပြောဖြစ်ကြဘဲ Sunset လို့ပြောဖြစ်ကြတာများလို့ပါ။
ကျမရဲ့စိတ်မှာတော့ နေ၀င်ချိန်ဆိုတဲ့စကားကိုပိုပြီးနှစ်သက်ပါတယ်..။ဘာကြောင့်လဲဆိုရင် နေ၀င်ချိန်လို့ပြောလိုက်တာနဲ့..သို့မဟုတ်..ကြားလိုက်တာနဲ့ ရုပ်တရားရဲ့နေမင်းကြီးဝင်သွားတာကိုသတိချပ်မိသလို..နာမ်တရားရဲ့ချူပ်ငြိမ်းလုဖြစ်နေတဲ့အသိကို လဲ တွဲပြီးသတိချပ်မိလို့ပါဘဲ..။နေ၀င်ချိန်နဲ့ပတ်သက်လို့ရေးဖြစ်လာရခြင်းအကြောင်းမှာ
နိဒါန်းအစအဖြစ်တက္ကသိုလ်ကဘဲစတင်ရမှာဖြစ်ပါတယ်..
။ဥပဒေ( ၅ )နှစ် တက္ကသိုလ်မှာနေခဲ့ရတယ်။ ခုလိုဆောင်းရာသီ...နှစ်တနှစ်ရဲ့နောက်ဆုံးလ ဒီဇင်ဘာရောက်တိုင်းပုဂံကို..နှစ်တိုင်းခရီးထွက်ပါတယ်။( ၅ )နှစ်ဆိုတော့
( ၅ )ကြိမ်ပါ..။ပုဂံကိုသွားရင်လဲ The end of december မှာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ပုဂံရောက်တိုင်း လူတိုင်းနှူတ်မှာ ဆန်းစက်...ဆန်းစက်နဲ့ ပြောကြပြီး ညနေ(၄)နာရီလောက်ကတည်းက သဗ္ဗုညု ဘုရားဆီအရောက်သွားကြတာကလဲ လူတိုင်းလိုလိုပါဘဲ..။
ပုဂံမှာ..အနုမှာအနန္ဒာ...ထုမှာဓမ္မရံ....အမြင့် မှာသဗ္ဗုညုလို့ စကားရှိပါတယ်..။
အနုလက်ရာကို အနန္ဒာစေတီမှာမြင်ရမယ်။
ထုထယ်မှာ ဓမ္မရံစေတီနဲ့ အမြင့်နေရာကိုတော့ သဗ္ဗုညု လို့ သိရပါတယ်။ ဒါကြောင့်နေ၀င်ချိန်ကိုကြည့်ဘို့အတွက်...
သဗ္ဗုညု ဘုရားရဲ့ရင်ပြင်ကိုသွားရောက်ကြပြီး..၀င်သွားတဲ့နေမင်းကို
..တဖြည်းဖြည်းကြည့်ကြတယ်..ကင်မရာနဲ့ရိုက်ကြတယ်..စသည်ဖြင့်ပေါ့..။

ကျမလဲဟို...............လွန်ခဲ့သောနှစ်များ..ကာလများမှာ..မြူတွေနဲ့နှင်းတွေနဲ့ရောထွေးေ၀၀ါးပြီးအနောက်ဖက်ကိုဝင်သွားတဲ့နေမင်းကို
မြတ်မြတ်နိုးနိုး..ဂရုတစိုက် ထိုင်ပြီးကြည့်ခဲ့ဘူးပါတယ်..။ကြည့်လိုက်တိုင်း..ကြည့်လိုက်တိုင်း.
.ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့တင်စားမူတစ်ခုဖြစ်တဲ့ဝင်သွားတဲ့နေမင်းကြီးကိုကြည့်ရင် ငိုထားတဲ့သူရဲ့မျက်လုံးနဲ့တူတယ်လို့ဆိုတဲ့စကားကိုလဲ အမြဲသတိရနေခဲ့ပါတယ်..။

ဒါပေမဲ့ ခုတစ်ခေါက်မှာတော့...အသိတစ်ခုရရှိခဲ့ပါတယ်။
ပုဂံမှာ အနန္ဒာဘုရားဖူးအပြီး၊ ထနောင်းရိပ်အောက်မှာ ခဏ နားနေစဉ်မှာဘဲ..အသိတစ်ခုရလိုက်တာပါ။
မလှမ်းမကမ်းမှာ..အသက်( ၈ ၀ )နီးပါးအမေအို ငုတ်တုတ်ထိုင်နေပါတယ်..။အဝေးကိုငေးနေတာပါ..။ကျမနဲ့အကြည့်ချင်းဆုံလိုက်ချိန်မှာတော့
အမေအိုရဲ့မျက်ဝန်းထဲမှာ..အားကိုးတဲ့စိတ်..ကြင်နာခြင်း..နွေးထွေူးခြင်းတွေကို မျှဝေခံစားလိုတဲ့စိတ်...ဖေးမပြီးနွေးထွေးသောလက်နဲ့
ဆုပ်နယ်မူခံစားလိုသောစိတ်တွေနဲ့ ပြည့်နေတဲ့မျက်ဝန်းပါ..။

အမေအိုရဲ့သက်တမ်းကာလမှာ..နေ၀င်ချိန် ရောက်နေပါပြီ.
.သက်ရှိနေ၀င်ချိန်အမေအိုလိုမျိုးအရွယ်အိုတွေအများကြီးရှိပါတယ်..။

သက်ရှိနေ၀င်ချိန်ဘ၀တွေကို ဘာကြောင့်များမမြင်ခဲ့ရတာလဲလို့ကိုယ့်ကိုယ်ကိုအပြစ်တင်မိပါတယ်..။
သက်မဲ့နေ၀င်ချိန်နေမင်းကြီးကိုကြည့်နိုင်ဘို..တနည်းအားဖြင့်နေမင်းကြီးရဲ့အလှတွေကိုခံစားနိုင်ကြဘို့အချိန်တွေ၊ ငွေတွေကိုအသုံးပြုနေကြချိန်မှာ...ဘ၀ရဲ့နောက်ဆုံးချိန်ရောက်လုဆဲ
နေ၀င်ချိန်ကိုစောင့်နေကြရှာတဲ့သက်ရွယ်အိုမင်းသူတွေရဲ့

လိုအပ်နေတဲ့မေတ္တာကို မကြည့်ဖြစ်ခဲ့ဘူးလို့ အသိတရားရလိုက်ပါတယ်..
ကျမတို့လဲ တချိန်မှာ နေ၀င်ချိန်ရောက်ကြအုံးမှာပါ..
ကျမတို့ရဲ့ခြေရာတွေမှာ နောင်မျိုးဆက်သစ်တွေ ထပ်တူရောက်လာကြအုံးမှာပါ..။သူတို့လေးတွေ နေ၀င်ချိန်ကို ကြည့်နေကြချိန်မှာ ကျမတို့လဲ ခုမြင်ခဲ့ရတဲ့ အမေအိုဘ၀လိုမေတ္တာတွေတောင့်တကြရအုံးမှာပါဘဲ..။
ကျမမြင်တွေ့ခဲ့တဲ့နေ၀င်ချိန်အမေအိုရဲ့မျက်လုံးထဲကတောင့်တနေတဲ့..ငံ့လင့်နေရှာတဲ့
မေတ္တာတရားကို...တချိန်မှာ သူတို့လေးတွေ မြင်နိုင်..တွေ့နိုင်ပါစေလို့ ဆန္ဓပြု ရင်းနဲ့

နေ၀င်ချိန်အတူတူ..ဆန္ဒတွေမတူညီကြတာကိုတွေးရင်း.....ဒီစာစဉ်စုလေးကိုတင်လို့ပါတယ်..။

The most beautiful in this world , we cannot touch it we felt with our Heart.

မေတ္တာရည်လျက်
မခင်မိုးညို

.