Sunday, December 18, 2011

မင်းကို သတိရရင်...

မ. ကို သတိရတယ်... (အာ... မဟုတ်သေးပါဘူး...)
မ.ကို လွမ်းတယ်.... (ဒီလောက်နဲ့ မပြည့်စုံသေးဘူး)
မ.ကို တမ်းတနေမိတယ်... ( ဒါလည်း မလုံလောက်သေးဘူး)
မ.ကို အမှတ်ရနေတယ်... ( မပြည့်စုံဘူးကွာ)
မ.ကို မျှော်လင့်နေတယ်... ( ခံစားချက်ကို မပီပြင်ပြန်ဘူး)
မ.ကို မြင်ယောင်နေတယ်... (ဒါလည်း မဟုတ်သေးဘူး)
မ. ကို အရမ်း ချစ်မြတ်နိုးတယ်ကွာ.... ( ဟာ ခံစားချက်နဲ့ ဘာဆိုင်လို့လဲ)
မ.ကို အရမ်း ဆွေးနေတယ် ... (မလုံလောက်ဘူး ဒီလောက်နဲ့)
မောင် ... ကျိတ်ပြီး ငိုကျွေးနေမိတယ်.. ( ဒါတွေကိုသူမကို ပေးသိလို့ မဖြစ်ဘူးလေ)
မ..ကို စိတ်ပူနေတယ်... ( မပြောလဲ သူမ သိနေမှာပဲဟာ)
ဝေးနေရတာကို ကြောက်တယ် ( အဲ... နည်းနည်းတော့ ခံစားချက်နဲ့ ဆင်လာတယ်)
အချိန်တွေကို ရင်မဆိုင်ရဲဘူး... (နည်းနည်း ပြန်ဝေးသွားတယ်)
မ.မ.မ.မ.မ.
ဟာ ... ဘယ်လိုပြောရမလဲ....
နားလည်အောင် ....
ကိုယ်တိုင် စကားလုံးတွေ ပျောက်နေပြီ....
ရင်ထဲမှာ တစ်စို့နေတယ်....
အဲဒီ အချိန်မှာ ရင်ဘတ်ထဲက အသံတစ်သံ ထွက်လာတယ်...
လွမ်းဆွေးလွန်းလို့ သေတောင် သေချင်နေတယ်
(အင်း မင်းခံစားနေရတာနဲ့ ထပ်တူကြတဲ့ စကားလေးပဲ.....)