ချစ်မြတ်နိုးတဲ့ မ.ရေ....
(15.12.2011) ကြာသပတေးနေ့ ညနေခင်းလေးမှာ ဌာနေကို ပြန်လာခဲ့တယ်...
ကားဂိတ်မှာတွေ့ရတဲ့ ကြည်နူးစရာ မြင်ကွင်းလေးတစ်ခုကို မ. ကို ပြောပြချင်တယ်...
မ.နားထောင်နေလား...
မောင်တို့ ကားဂိတ်ကို ရောက်ပြီး ၁၅.မိနစ်လောက် အလိုမှာ ကားတစ်စီး ၀င်လာတယ်...
ကားပေါ်မှာ အသက် (၆၀) ကျော်လောက်ရှိတဲ့ အဖိုးကြီးအဘွားကြီး စုံတွဲတစ်တွဲ ၀င်လာတယ်...
မောင်က စိတ်ဝင်စားစွာနဲ့ ကြည့်နေလိုက်တယ်...
ခရီးသွားတော့မယ့် အဘွားကြီးကို အဖိုးကြီးက ကားဂိတ်ကို လိုက်ပို့ပေးပုံရတယ်....
တစ်ယောက်နဲ့ တစ်ယောက်က လူမျိုးမတူပါဘူး။
အဖိုးကြီးက အင်္ဂလိပ်လူမျိုး ဖြစ်ပုံရပြီး အဘွားကြီးက ထိုင်းလူမျိုး ဖြစ်ပုံရတယ်...
မောင်ကလည်း အရမ်း စိတ်ဝင်စားလို့ ကြည့်နေမိတယ်...
ကားဂိတ်ထဲကို ရောက်ပြီး မောင် မတ်တတ်ရပ် ဆေးလိပ်သောက်နေတဲ့ နေရာဘေးလေးမှာ ကားထိုးရပ်လိုက်တယ်...
ပြီးတော့ အဖိုးကြီးက အဘွားကြီးကို နူးညံ့သိမ်မွေ့တဲ့ အကြည့်နဲ့ နင့်နင့်သီးသီး ကြည့်နေတယ်...
အဖွားကြီးကလည်း အဖိုးကြီးကို ပြန်ငဲ့ကြည့်နေတယ်...
ပြီးတော့ အဖိုးကြီးက အဘွားကြီးကို အသာလေး နူးညံ့ညင်သာစွာ နမ်းလိုက်တယ်....
သိတ်ပြီး ကြည်နူးစရာ မြင်ကွင်းလေးပါပဲ မရယ်...
ပြီးတော့မှ ကားတခါးကို နှစ်ယောက် အသာလေး ဖွင့်ဆင်းလာတယ်...
အဖိုးကြီးက သူ့ရဲ့ မနိုင့်တနိုင် လက်တစ်စုံနဲ့ အဖိုးကြီးက အဘွားကြီးရဲ့ ခရီးဆောင်အိပ်လေးတွေကို ကားပေါ်ကို တင်ပေးနေတယ်... အဲဒီ အချိန်မှာ ကားက ထွက်တော့မယ်..အဘွားကြီးက ကားပေါ်ကို တက်သွားနေတယ်... အဖိုးကြီးကတော့ ၀မ်းနည်း ရီဝေတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်နေတယ်...
ကားအပေါ်ထပ်ကို တက်တဲ့ ဒုတိယမြောက် လှေခါးအရောက်မှာ အဖွားကြီး ရုတ်တရက် ကားပေါ်က ပြန်ပြေးဆင်းလာတယ်..
အဖိုးကြီးရဲ့ ရင်ခွင်ဆီကိုပေါ့...။ ပြီးတော့ နှစ်ယောက်သား တအားဖက်လိုက်ကြတယ်...
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ငုံကြည့်ပြီး ကိလေသာ တဏှာ ရမ္မက် ကင်းစင်တဲ့ အနမ်းတွေနဲ့ နမ်းနေကြတယ်...
ပြီးတော့မှ အဖိုးကြီးက အဘွားကြီကို ကားအပေါက်နားအထိ လိုက်ပို့ပေးတယ်။ အဘွားကြီးက အဖိုးကြီးကို သမင်လည်ပြန် လှည့်ကြည့်ရင်း ကားပေါ်ကို တက်သွားတယ်။ နောက်ဆုံး ကားထွက်ပြီး မြင်ကွင်းထဲက ပျောက်သွားတဲ့ အထိ အဖိုးကြီးက အဘွားကြီးပါသွားတဲ့ ကားကို ရပ်ပြီး ကြည့်နေခဲ့တယ်...
မောင်နဲ့ အတူတူရှိနေတဲ့ မောင့်သူငယ်ချင်းက ဘာပြောလဲဆိုတော့....
“ဒါဟာ ဘ၀ရဲ့ အဖော်တဲ့....၊ အသက်ကြီးလာရင် အဖော်ဆိုတာ လိုအပ်တယ်တဲ့။ သူတို့ရဲ့ မေတ္တာတရားမှာ တစ်ဦးကို တစ်ဦး အားကိုးမှု့တွေ ၊ ဖေးမမှု့တွေ ၊ ပေးဆပ်မှု့တွေ ၊ အနစ်နာခံမှု့တွေ ၊ ကြင်နာနွေးထွေးမှု့တွေ ရောပြွမ်းနေတယ်တဲ့။ သိပ်ပြီး ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးပါပဲ”လို့ ပြောတယ်..
ချစ်မြတ်နိုးတဲ့ မ.ရေ...
မောင်ကတော့ အဖိုးကြီးနဲ့ အဘွားကြီးကို မောင်နဲ့ မ.လို့ မြင်ယောင်လိုက်မိတယ်....
မောင်နဲ့ မဆိုရင် အဲဒီလို တစ်ယောက်တကွဲ ဘယ်သွားမလဲနော်...
နှစ်ယောက်အတူတူ ဘယ်သွားသွား မခွဲမခွါ ရှိနေမယ်လို့ ပြောထားကြတာပဲနော်...........
မရေ......... ဒီစာလေးကို ဖတ်နေတဲ့ အချိန်မှာ မင်း ပြုံးနေလား....
မ.သိပ်ပြီး ချစ်မြတ်နိုးတဲ့
မောင်(789)