Wednesday, December 14, 2011

အနှိုင်းမဲ့ မေတ္တာနဲ့ အဆုံးမဲ့မြတ်နိုးခြင်း

အနှိုင်းမဲ့ မေတ္တာနဲ့ အဆုံးမဲ့မြတ်နိုးခြင်းရဲ...အစ

ချစ်မြတ်နိုးရသော မ....ရေ
နေကောင်းရဲ့လားကွာ။ အရမ်းပဲ လွမ်းဆွတ်တမ်းတ သတိယနေမိတယ်....
မတွေ့ဆုံရတဲ့ နေ့ရက်တွေမှာ အထီးကျန်လွမ်းဆွတ်ခြင်းဆိုတဲ့ ဝေဒနာကို အလူးအလဲ ခံစားနေရတယ်။
ဝေးကွာနေတဲ့ မနက်ဖြန်ပေါင်းများစွာကို ဖြတ်သန်းနိုင်ဖို့အတွက်
မ . ပြောနေကျ စကားလေးတစ်ခွန်းဖြစ်တဲ့ ဘယ်တော့မှ ယိမ်းယိုင်မသွားပါနဲ့ မောင်ရေ..
အနာဂါတ်အတွက် မောင်... သတ္တိကောင်းရမယ်နော်....
မနက်ဖြန်ပေါင်းများစွာအတွက် မောင့်မှာ ခွန်အားတွေ ရှိရမယ်... ရဲရင့်ရမယ်..
ပြီးတော့ ဘယ်တော့မှ မတွေဝေတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ စံနမူနာနဲ့ ပြည့်စုံရမယ် ဆိုတဲ့ စကားတွေကို ပြန်လည် ကြားယောင်ပြီး အားတင်းမိတယ်...
အလွမ်းနဲ့အဆွေးကြားမှာ မောင့်အတွက် မ.ရှင်သန်နေတယ်ဆိုတဲ့ စကားလေးတစ်ခွန်းက
မောင်က ငေးငိုင်မှု့တွေကနေ လွတ်မြောက်စေခဲ့တယ်...
ယုံကြည်နေမယ် မ.ရယ်..အပြည့်အ၀ပေါ့။
မျှော်လင့်နေမယ်... မနက်ဖြန်ပေါင်း များစွာကိုပါ....
မ. မှတ်မိမလား... မောင်နဲ့ မ.နဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ နေ့ရက်လေးတစ်ခုကိုလေ....
မောင်ပြောပြမယ်။ အဲဒီနေ့က မှတ်မှတ်ရရ (၃၀.၈.၂၀၁၁) အတိအကျ ပြောရရင် (Tue, Aug 30, 2011 at 10:28 AM) ပေါ့။
အဲဒီနေ့စွဲလေးတစ်ခုမှာ မောင်နဲ့ မ.နဲ့ စတင် ဆုံတွေ့ခဲ့ကြတာ....
မောင့်ရဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲသွားမယ်လို့ မောင်ကိုယ်တိုင် နည်းနည်းလေးတောင် တွေးထင်မထားဘူး။
ဒါဟာ မ.နဲ့ မာင်ရဲ့ ပထမဦးဆုံး ဆုံမှတ်လေးတစ်ခုပဲ။ မ.ပြောနေကျ စကာလေးနဲ့ ပြောရရင် “သိပ် အံ့သြစရာ ကောင်းတယ်နော်” လို့ ပြောရမယ်ထင်တယ်..... အနှိုင်းမဲ့ မေတ္တာနဲ့အဆုံးမဲ့ မြတ်နိုးခြင်းရဲ့ အစလေး ဖြစ်လာမယ်ဆိုတာ အဲဒီ အချိန်တုန်းက မောင်မသိခဲ့လိုက်မိပါဘူး။
အစတွေ့တဲ့အချိန်တုန်းက မစကားပြောတာတွေကို နားထောင်ပြီး မောင် မ.ကို မှတ်ချက်တစ်ခု ပေးဖြစ်ခဲ့တယ်။ ဘာကြာင့်လဲဆိုတော့ အဲဒီ အစဦးဆုံးတွေ့တဲ့ အချိန်မှာ မ.က မောင့်ကို မ.နေတဲ့ မြို့လေးကို အလည်ခေါ်တယ်လေ... မှတ်မိလား။ မောင်ကလည်း သီတင်းကျွတ်ကို လာလည်မယ်လို့ ပြန်ပြောဖြစ်တယ်။ နောက် မ.နဲ့ မောင် ဆက် စကားပြောဖြစ်ကြတယ်။ မကပြောတယ်လေ။ မ.က လောနဲ့ ကျောင်းပြိးတယ်၊ ဒါပေမယ့် ရှေ့နေ မလုပ်ချင်လို့ လို့ မ.ကပြောတယ်။ မောင်က မ.ကို ပြန်ပြောတယ်။ ကျွန်တော်က လေးတန်းတောင် မအောင်ဘူးလို့ ပြန်ပြောတော့ မ.က မောင့်ကို ချက်ချင်းပြန်ပြောလိုက်တဲ့ စကားလေးကို ဒီနေ့အထိ မှတ်မိနေသေးတယ်...
“(၄)တန်းအောင်ဖို့ထက် လူပီသဖို့ ပိုအရေးကြီးတယ်”တဲ့
နောက် မ.က ဆက်ပြောတယ်...
“ဆိုးချင် ဆိုးမယ်၊ မယုတ်မာရဘူး၊ ပညာတတ်ပြီး ယုတ်မာရင် ရွံဖို့ကောင်းတယ်၊
မ. ပြောလိုက်တဲ့ စကားကို ကြားလိုက်၇တဲ့ အချိန်မှာ မောင် . အံ့သြသွားတယ်။ အရမ်း ရင်းနှီးခင်မင်ကြတာ မဟုတ်ကြသေးဘဲ အဲဒီလို ပွင့်ပွင့်လင်းလင်း စိတ်ရင်းအတိုင်း ပြောတတ်တဲ့ မ.ကို မောင်အရမ်း စိတ်ထဲက ရင်းနှီးခင်မင်သွားတယ်...
“အယူအဆနဲ့ အတွေးအခေါ်က နည်းနည်းကြမ်းတယ်လို့ ” မောင်က မှတ်ချက်ပေးတော့...
“ကောက်ကျစ်တဲ့ လူတွေကြောင့်”လို့ မ.က ပြန်ပြောတယ်နော်...
နောက် မ.က ဆက်ပြောသေးတယ်...
လူတွေဟာ ဘ၀မှာ လက်ခုံ မဖြစ်ချင်ကြဘူး.. လက်ဖ၀့ါးဘဲဖြစ်နေကြတယ်လို့” မက ဆက်ပြောတယ်။
မောင် .. သိလိုက်တယ်။ ဒီစကားကို မ.ပြောပြီး မ သက်ပျင်းရှိုက်နေလိမ့်မယ်လို့....
မ .နဲ့ စကားပြော၇တာ ရင်ထဲမှာ အ၇မ်း ထူးဆန်းနေတယ်လို့ ခံစားမိတယ်...မ.စကားပြောတာ ပွင့်လင်းမှု့ရှိတယ်။ ရိုးသားတယ်၊ ရင်ထဲမှာ သိုဝှက်မထားတတ်ဘူး၊ ရင်ထဲက တစ်မျိုး အပြင်ကတစ်မျိုး လုံးဝ မပြောတတ်ဘူး။ အဲဒိလို စိတ်ထဲမှာ အတွေးဝင်လာတဲ့အချိန်မှာ မ.ကို မောင် လေးစားသွားမိတယ်။ ပြီးတော့ တန်ဖိုးရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲလို့ တိတ်တဆိတ် မှတ်ချက်ချမိတယ်...။
ဒါ မ.နဲ့ မောင်နဲ့ အစပထမဦးဆုံး ဆုံတွေ့ကြတဲ့ နေ့လေးနော်...
ချက်ချင်းဆိုသလို အရမ်းရင်းနှီးသွားသလို ခံစားလိုက်မိတယ်။
အရမ်း ထူးဆန်းမနေဘူးလား မ.ရယ်...
မ.အသက်ဘယ်လောက်လဲလို့ မောင်က မေးတော့... မက-ချက်ချင်း (...) လို့ ပြန်ဖြေတယ်..
မောင်က“ မက ချမ်းသာလား ဆင်းရဲလားလို့” မေးလိုက်တော့...
လူလား x စိတ်လား လို့ ပြန်မေးတယ်...
မောင်က “လူလို့“ ပြန်မေးတော့...
မတောင့်မတ .မကြောင့်မကျပါလို့ ... ချက်ချင်း ပြန်ဖြေတယ်...
အဲဒီတုန်းကတည်းက မောင့် ရင်ခဲမှာ ခံစားလိုက်တဲ့ အသိက
မ.ရဲ့ စကားတွေဟာ မာယာမပါဘူး၊ လေးနက်တယ်၊ ရိုးသားမှု့တွေ ပါနေတယ်လို့ အလိုလို ယုံကြည်နေတာပါပဲ..
မ....ရေ... မှတ်မိသေးလား.. အဲဒီနေ့က မ.နဲ့ မောင် အွန်လိုင်းကနေ မိုက်ကရိုဖုန်းနဲ့ စကားပြောဖို့ နှစ်ယောက် ကြိုးစားကြသေးတယ်လေ...
ဒါပေမယ့် မိုက်မတတ်၇သေးလို့ နှစ်ယောက်လုံး အဆင်မပြေကြဘူးလေ...
ပြီးတော့ မ.က ပြန်တော့မယ်လို့ နှုတ်ဆက်တယ်....
မောင့်ကို ပထမဦးဆုံးနေ့မှာ “စိတ်လက်ပေါ့ပါးပါစေ” လို့ ပြောထားခဲ့တယ်...မောင်က “ ဘာကို ပြောတာလဲ ...မ“ လို့ ပြန်မေးတော့ “အရာရာပါပဲ”တဲ့...
အဲဒီလို မ.က ထူးဆန်းတာ...
အဲဒီလိုနဲ့ အနှိုင်းမဲ့ မေတ္တာနဲ့ အဆုံးမဲ့မြတ်နိုးခြင်း” ဆိုတဲ့ စကားလေးရဲ့ ဖွဲ့တည်ရာ မ.နဲ့မောင်တို့ရဲ့ အချစ်ဇာတ်လမ်းလေဟာ ရိုးသားစွာ.ရိုးရှင်းစွာ-ဟန်ဆောင်မှု့ကင်းစွာနဲ့ စတင်ခဲ့တာ.....
မောင် ... တစ်ယောက်တည်း ပြန်တွေးလိုက်မိလိုက်တဲ့ အချိန်မှာ ရင်ထဲမှာ နွေးထွေးသွားပြီး တစ်ယောက်တည်း ပြုံးလိုက်မိတယ်... မ. မင်းအခု ဖတ်နေတဲ့ အချိန်မှာရော... မ. ပြုံးနေလားဟင်.....
မ ကို မောင် မြတ်မြတ်နိုးနိုး နမ်းလိုက်ပါတယ်.....
ချစ်တဲ့ မောင်(789)