Tuesday, January 3, 2012

မောင်ရေ ဘ၀ကို ရိုးသားစွာဖြတ်သန်းပါ...

လူတွေဟာ မွေးဖွားခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ မှတ်တိုင်နှစ်ခုကြားမှာ....သွား-လာ -လှူပ်ရှား ရုန်းကန်နေကြ ရတာပါဘဲ။ သွား-လာ-လှူပ်ရှား ရုန်းကန်နေကြရတဲ့အခါမှာ..အဆင်ပြေခြင်း/မပြေခြင်းဆိုတဲ့ ရလာဒ်ကို.. အားလုံးခံစားကြရတယ်..။ မိမိပြုတဲ့ ကံအတိုင်း... ပဲ့တင်ပြန်လာကြတယ်။ ဘယ်အရာကို မဆို..ကြိုက်/မကြိုက်နဲ့ မဆုံးဖြတ်ဘဲ.. သင့်/မသင့်နဲ့ဘဲ ဆုံးဖြတ်ကြရမယ်။ အစဦးမှာတော့.. ခက်ခဲပေမဲ့ အကျင့်ရလာတဲ့အခါ... ၀န်ထုပ်ဝန်းပိုး မဖြစ်တော့ဘဲ.. လွတ်လပ်ပေါ့ပါးမူ့ကို.. ခံစားလာရပါတယ်..။

နောက်တော့လဲ အလိုလို.... ကျင့်သားဖြစ်သွားပါတယ်။ ဘ၀.တစ်ခုကို.. ရိုးသားဖြတ်သန်းနိုင်ဘို့အတွက် .. ပြောရတာ လွယ်သလောက်..ကျင့်သုံးတဲ့အခါ ခက်ခဲလှပါတယ်။

ရိုးသားခြင်းဆိုတာ စာလုံးရေ (၃)လုံးထဲ ရှိပေမဲ့ ရိုးသားနိုင်ဘို့အတွက်. အခြေခံ ဆောက်တည်ရမဲ့ပြုလုပ်ရမဲ့.. ကံ..တွေကတော့ များပြားလှပါတယ်။ အဲဒီမှာ ဗီဇ.ဆိုတာ ပါလာပါပြီ။ ရိုးသားခြင်းဆိုတာ.. ပတ်ဝန်းကျင်ကောင်းလို့လား/ ဗီဇကိုက.ကောင်းတာလား.. ဆိုတာကအစ....ပါလာပါပြီ။ ဒါကြောင့်... ဘာသာတရားကို မပြတ်လေ့လာကျင့်သုံးနေမယ်ဆိုရင်..... လူမျိုးမရွေး/ဘာသာမရွေး....ရိုးသားခြင်း...ဆိုတဲ့..... စိတ်ဓါတ်ကို..မွေးဖွားဖြစ်ကြမှာပါ။

အသိတစ်ယောက်က.. ပြောဘူးပါတယ်။ မန္တလေး တောင်မြို့မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကဘိဝံသ ရေးသားတော်မူတဲ့ ကိုယ်ကျင့် အဘိဓမ္မာစာအုပ်ကို ဖတ်ပြီးကျင့်သုံးနိုင်ကြမယ်ဆိုရင်.. လူဆိုရင် လူကောင်း/ ရဟန်းဆိုရင် ရဟန်းကောင်း တစ်ပါးဖြစ်မှာဘဲတဲ့။

လူတွေဟာမွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ မှတ်တိုင်နှစ်ခုကြားမှာ....သွား-လာ-လှူပ်ရှား ရုန်းကန်နေကြရတာပါဘဲ။ သွား-လာ-လှူပ်ရှား ရုန်းကန်ကြရမှာ... .ရိုးသားစွာနဲ့ နေ-ထိုင်-ကျင့်သုံးကြမယ် ဆိုရင်.... ကမ္ဘာလောကကြီးဟာ လှပတင့်တယ်ခြင်းနဲ့ ပြည့်စုံနေမယ်လို့ ... ခံစားမိပါတယ်။
မောင်ရေ... ရိုးသားစွာဖြင့်..ဘ၀အမောကို..ဖြတ်ကျော်နိုင်ကြပါစေ....။