ထာဝရ.ဆိုတာ ရိုးရိုးလေး ပြောရင်အမြဲပေါ့။ စံထားပြီးပြောလို့ မရနိုင်အောင် ခံစားမိကြတဲ့. မြတ်နိုးမူတွေကို.. နှစ်ဦးသားရဲ့ ဘ၀တွေနဲ့ ထပ်တူမြဲစွဲတည်တန့်စေချင်လို့၊ တည်တန့်မှာဘဲလို့ယုံကြည်လို့.. ထာဝရဆိုတဲ့.. နာမည်လေးကို.. နှစ်ဦး အတူဆုံးဖြတ်ပိုင်ဆိုင်ခဲ့ကြတယ်..။ ဒီနေရာလေးမှာ ပြောချင်တာက... နာမည်ကို အများကြီး စဉ်းစားပြီး ရွေးချယ်ခဲ့တာမဟုတ်ဘဲ.... ရင်ထဲ.. နှလုံးသားထဲ.. ရောက်လာတာကို.. ချက်ချင်း ရွေးချယ်ခဲ့တယ် ဆိုတာပါဘဲ..။ ပြိုင်တူခံစားမိတယ်.. ထာဝရ..တဲ့..။
ယေဘူယျ သဘောအရ... မိုးကောင်းကင်နဲ့ မြေပြင်.. ဟာ ထာဝရတည်ရှိတယ်လို့ နားလည်တယ်၊ မောင်က မိုးကောင်းကင်ဖြစ်ပြီး. မ..သည်မြေပြင်ဖြစ်တယ်လို့ မှတ်ယူတယ်။ ဘာကြောင့်လဲ ဆိုရင်မောင်က.. အကြင်နာ အပြည့်နဲ့ ကျမကိုကြည့်နေသလို.. ကျမ.က. မောင့်အကြင်နာ မေတ္တာတွေကို. အားကိုးစွာနဲ့ ခံယူနေလို့ပါဘဲ..။
ဆရာတော်ဦးသုမင်္ဂလ ဟောကြားတော်မူသလို အက္ခရာပါတဲ့စာတွေကို.. မောင်သိချင်မှ သိမယ်.ဒါပေမဲ့ အက္ခရာမပါတဲ့ စာတွေကိုတော့.. ကောင်းကောင်း ဖတ်တတ်ပါတယ်။ ကျမ.နားလည်ထားတဲ့ ဘ၀လေးဟာ အက္ခရာမပါတဲ့ စာကိုဖတ်နိုင်ဘို့ ဖြစ်ပါတယ်။ ရိုးရှင်းစွာနဲ့ ဘ၀ကိုနေ၀င်ချိန်ထိ..... မိုးကုတ်စက်ဝိုင်း နေရာလေးကို အတူကြည့်ကြမယ်။ နွေးထွေးပြီး အနှိုင်း မဲ့မေတ္တာနဲ့. အဆုံးမရှိသော မြတ်နိုးခြင်းဖြင့် ဖေးမ၊ ထူတွယ်ရင်း.. အပြန်အလှန် အားပေးနှစ်သိမ့်ရင်းနဲ့.... ဘ၀ပေါင်းများစွာကို ဖြတ်သန်းသွားကြမယ်..။ ဒါဟာ.. ထာဝရ.... ပါဘဲ..မောင် ...
မောင့်ကို အသက်နဲ့ ထပ်တူချစ်မြတ်နိုးတဲ့...
မ