Monday, January 23, 2012

စောင့်ဆိုင်းခြင်း

အရမ်းချစ်မြတ်နိုးပါတယ်...(သိစေချင်တာပါ)
အရမ်းလွမ်းဆွတ်တသတယ်....
အရမ်းလည်း တွေ့ဆုံချင်တာပါ...
အရမ်းလည်း စိတ်ပူနေတာပါ.... (အဆင်မပြေမှာတွေကိုပါ)
အရမ်းလည်း စကားတွေ အများကြီး ပြောချင်တာပါ
အချိန်တစ်ခုလောက် စောင့်ပေးနိုင်ပါစေ
မစောင့်နိုင်ရင်ဆိုတဲ့ အတွေးက ရင်ကို အရမ်း ပူပန်လာတယ်...
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်း ကျပါ့မလား....
တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာလာမှာ စိုးရိမ်မိတယ်...
အက်ကြောင်းသေးသေးလေးကနေ အက်ကြောင်းကြီး ဖြစ်လာနိုင်တယ်...
အရမ်း အခွင့်အရေးတွေ အားနဲနေတယ်လို့ တွေးမိတယ်...
အခြေအနေတွေက ချိန်ခွင်ရှာ ညီမျှအောင် မနည်း ကြိုးစားနေရတယ်...
တစ်ခုခုကို ရရှိပြီး တစ်ခုခုကို စွန့်လွှတ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေပါ...
လက်ရှိ အလုပ်အကိုင်ကို အဆင်ပြေအောင် ကြိုးစားအားထုပ်ရင်း...
တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဆုံတွေ့ပေါင်းဆည်းနိုင်ဖို့ ကြိုးစားရတယ်...
ဖြစ်အောင် လုပ်နိုင်မှာ သေချာပါတယ်...
ဒီအချိန်လေးတစ်ခုကို နားလည်စွာ ချစ်မြတ်နိုးစွာ စောင့်ဆိုင်းစိတ်ရှည်ပေးစေချင်တာပါ...
မချစ်တာမဟုတ်ဘူး... အရမ်းချစ်လို့ပါ။
မလွမ်းလို့ မဟုတ်ဘူး.... တမ်းတလွန်းလို့ ဖြစ်တာပါ...
ဘာပဲဖြစ်ဖြစ် စက္ကန့တိုင်း စက္ကန့်တိုင်း လွမ်းဆွတ်နေသူပါ

အရမ်း ချစ်မြတ်နိုးစွာဖြင့်.
အရမ်းချစ်မြတ်နိုးတဲ့ မောင်(789)