Monday, February 20, 2012

ပင်ကိုယ်.....မှီခို........

လွန်ခဲ့တဲ့..(၇)နှစ်က..မြိုင်နဲ့ပေါက် မြို့လေးကို.ကျမရောက်ခဲ့တယ်.။သွားရတဲ့လမ်းက ကြမ်းသလောက်၊ မြို့နှစ် မြို့ကတော့..သန့်ရှင်းသပ်ရပ်ပါတယ်။.ကျမ.တည်းတဲ့အိမ်က.ဌာနဆိုင်ရာကစီစဉ်ပေးတဲ့အိမ်ပါ။တစ်ထပ်ပျဉ်
ထောင်အိမ်လေးဖြစ်ပြီး.ပေ၈၀/ပေ၆၀..ဖြစ်ပါတယ်။ရှေ့မျက်နှာစာမှာ..ခြံစည်းရိုးကို..ရွက်လှရောင်စုံစိုက်ပါတယ်၊
နောက်..စပယ်ပင်နှစ်တန်း၊နှင်းဆီပင်တစ်တန်း၊မြတ်လေးပန်းပင်တစ်တန်းပါ။မြတ်လေးပန်းကို..စင်အရှေထိုးပြီးစိုက်ထားပါတယ်..။အိမ်နောက်ဖက်ခြမ်းမှာတော့.ကင်မွန်းချဉ်ရွက်ပင်ကို..ခြံစည်းရိုးစိုက်ပြီး..ငရုပ်သီးစိမ်းတစ်တန်း၊ခရမ်းချဉ်သီးပင်၊ချဉ်ပေါင်ပင်၊ဘူးသီးစင်၊နဲ့ ပဲမြစ်အဖြစ်စားနေတဲ့ ပဲစောင်းကားသီးပင်ကိုစင်တင်ပြီး ..စိုက်ထားပါတယ်..။
ရေကိုတုံကင်နဲ့တင်ပြီး..၊၀ါးပိုးဝါးရေတံလျှောက်နဲ့.စိုက်ခင်းတွေကိုရေပို့ပါတယ်..။ကျမ အဲဒီစိုက်ခင်းလေးကိုမြင်လိုက်ချိန်မှာ.ငယ်စဉ်ဘ၀..ထားဝယ်မှာနေခဲ့ရတာလေးကို.သတိရလိုက်တယ်.။တကယ်တော့.ဒီလိုစိုက်ခင်းလေးကိုမြင်မှသတိရတာတော့မဟုတ်ပါဘူး။ ကျမ.အမြဲသတိရတန်ဘိုးထားခဲ့တဲ့အချိန်ဖြစ်ပါတယ်။ ဖေဖေ က ရှေ့တန်းမထွက်ခင်..သူ့ရဲဘော်တွေနဲ့ဒီလိုဘဲသစ်ပင်စိုက်နေတာပါ။ကျမ ပြောချင်တာလေးက ခုကျမပြောနေတဲ့ခြံစိုက်ခင်းနဲ့ဖေဖေစိုက်တာတွေဟာ.ပင်ကိုယ်ရေသောက်မြစ်ရှိတဲ့အပင်
တွေဖြစ်ပါတယ်ဆိုတာကိုပါ..။မိမိရေသောက်မြစ်နဲ့ မိမိအပင်ကိုရှင်သန်ကြီးထွားစေပါတယ်။ မိမိရဲ့စွမ်းအား/စွမ်းရည်/၀ိရိယ/တွေနဲ့ရှင်သန်ရပ်တည်ပါတယ်..။ဝေါဟာရကိုက..ပင်ကိုယ်ပါ။
နောက် အပြန်မှာစစ်ကိုင်းဝင်တယ်...တည်းတဲ့အိမ်က..သဇင်၊သစ်ခွရောင်စုံ၊တွေကို...သစ်ပင်တွေမှာကပ်ပြီးစိုက်ထားတယ်..အလွန်လှပါတယ်။ရောင်းတာဈေးကောင်းလဲရပါတယ်.။အဲဒီအပင်တွေမှာရေသောက်မြစ်မရှိဘူးနော်.ရေသောက်မြစ်ရှိတဲ့အပင်ဆီက ရေကိုစုပ်ယူပြီးရှင်သန်တဲ့ကပ်ပါး
ပင်တွေပါ.။
ကျမကျင်လည်ခဲ့ရတဲ့ဘ၀တစ်လျှောက်.ပတ်န်းကျင်မှာရေသောက်မြစ်ရှိတဲအပင်လိုမိမိရဲကိုယ်ပိုင်စွမ်းရည်၊သတ္တိ၊ပညာ၊၀ိရိယ၊တွေကို..ရိုးသားသောစိတ်ဓါတ်နဲ့ဘ၀ကိုရှင်သန်စေတဲ့.လူမျိုးကိုတွေ့ခဲ့ရသလို...သူတပါးကို
မှီခိုရပ်တည်ပြီး၊ကိုယ်ကောင်စားဘို့သူတပါးကိုနင်းခြေတဲ့လူ..အဆင်ပြေဘို့ဆိုရင် ရိုးသားတာ/မရိုးသားတာတွေဘေးထားပြီး..ရိုးသားတာဂျိုနဲ့လားလို့တောင်ခံယူထားတဲ့လူမျိုးတွေကိုလဲ..ကပ်ပါးပန်းပင်လိုပေါ့.ကြုံခဲ့ရပါတယ်..။
ကျမ...အထက်ပါအိမ်လေးနှစ်အိမ်ကို.နှိုင်းယှဉ်ပြီး လူတိုင်းပင်ကိုယ်ရေသောက်ဖြစ်ရှိတဲ့အပင်ကဲ့သို့..ဘ၀ကိုဖြတ်ကျော်စေချင်ပါတယ်။မိမိကိုယ်ကိုယုံကြည်တဲ့စိတ်ရှိတဲ့သူမှာသာလျင်.သစ္စာတရားရဲ့တန်ဘိုးကိုအမှန်သိနားလည်မှာဖြစ်ပါတယ်။တန်ဖိုးရှိသောသူဖြစ်ပြီးလောကရဲစစ်မှန်သောအရှင်သခင်ဖြစ်ပါမယ်။ ကပ်းပါးပန်းကဲ့သို့တူသောသူများအနေနဲ့
သူတပါးကိုမှီခိုတဲ့အတွက်..သူတပါးရဲ့စိတ်တွေကိုလိုက်လျောနေရမှာပါဘဲ...ဝေါဟာရကို..မှီခိုပါ..။
ဒါကြောင့်လူသားတိုင်း မိမိ၏ပင်ကိုယ်ညဏ်/၀ိရိယ/စွမ်းရည်/သတ္တိရိုးသားဖြူစင်မူတို့ဖြင့်.မိမိကိုယ်ကိုလည်းကောင်း၊မိသားစုကိုလည်းကောင်း၊ရပ်ကွက်၊မြို့၊တိုင်းပြည်၊နိုင်ငံကို.စောင်ရှောက်နိုင်ကြပါစေလို့....မကြာမီရောက်ရှိလာမဲ့.နွေဦးရာသီလေးမှာ.နွေဦးကျက်သားရေမှာစကားအဖြစ်..ဆုတောင်းလိုက်ပါတယ်.....။ချမ်းသာချင်သောသူတွေဟာ တဒင်္ဂကို ထာဝရထင်တတ်ကြပြီး..အနှစ်တွေနဲ့တဖြေးဖြေးဝေးသွားတတ်ကြပါတယ်..။
မခင်မိုးညို................