အမောဖြေရာအိုအေစစ်လို့..ဘာကြောင့်ခေါင်းစဉ်တတ်ပါသလဲ.....?
လူ့ဘ၀မှာ ဘ၀ အမောတွေရှိတတ်ကြပါတယ်..။အဲဒီ အမောတွေ ပြေစေဘို့အိုအေစစ်ကလေးလို အေးချမ်းတဲ့ စိတ်ကလေးခံစားနိုင်စေမယ်လို့.သို့မဟုတ်.စိတ်စွမ်းအားတွေဖြစ်လာနိုင်မယ်လို့ယုံကြည်လို့
အမောဖြေရာအိုအေစစ်လို့ခေါင်းစဉ်တတ်လိုက်ခြင်းဖြစ်ပါတယ်...။
+ဦးစွာ..ဆရာဦးဖေမြင့်ရေးသားဘာသာပြန်တဲ့...မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား..အမည်ရှိတဲ့ ၀တ္ထုကို.ဖတ်ပါလို့ ပြောကြားပါရစေ..။
+ဆရာဦးဖေမြင့်ရေးသားဘာသာပြန်တဲ့...မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား..၀တ္ထုထဲက ကောက်နှူတ်ချက်ကလေးတွေပါ..။
( ၁ )မာဂရက်ဘာ့ခ်ဝှိုက် (Margaret Bourke-White) (၁၉၀၆-၁၉၇၁)
အမေရိကန်နိုင်ငံသူ၊ဓာတ်ပုံဆရာမ၊စာရေးဆရာမ၊ဓာတ်ပုံသတင်းထောက်အဖြစ်နှစ်ပေါင်းများစွာ
ကမ္ဘာတလွှားရှိစစ်ပွဲကြီးများ၊အေ၇းအခင်းကြီးများဆီသို့၊ စွန့်စားသွားရောက်ကာ ဓာတ်ပုံရိုက်ကူးခြင်းများ
သတင်းပေးပို့ခြင်းများပြုလုပ်ခဲ့သည်..။ရုရှားတော်လှန်ရေး၊အိန္ဒိယလွတ်လပ်ရေး၊ကိုရီးယားစစ်ပွဲစသည်တို့အပါအ၀င် သမိုင်းဝင်အရေးကိစ္စကြီးမှန်သမျှသူရောက်ရှိခဲ့သည်ဟုဆိုနိုင်သည်။
မာဂရက်ဘာ့ခ်ဝှိုက်ရေးသားသည့် ..........သတ္တိရှိစမ်းပါ တွင် ကြောက်စိတ်ကိုစေ့စေ့ကြည့်၊ရဲရဲရင်ဆိုင်၊
(၂ )ဟားဘတ်စတင်လေ မော်ရီဆင် (Herbert Stanley Morrison ) (၁၈၈၈ -၁၉၆၅ )
ဗြိတိသျှ လေဘာပါတီ ခေါင်းဆောင်တစ်ဦးဖြစ် သည်။ အင်္ဂလန်ပြည် ဘရစ်(က)စတန်မြို့၌
မွေးသည်။ ဆိုင်အကူလုပ်သားလေး၊ တယ်လီဖုန်းအော်ပရေတာ စသည့် အောက်ခြေ ဘ၀များမှို ကိုယ့်အားကိုယ်ကိုးကြိုးစားရင်း အလုပ်သမားလောကတွင် ထင်ရှားလာပြီး လွှတ်တော်အမတ်အဖြစ်
အရွေးခံရသည်..။ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး အဖြစ်တာဝန်ယူခဲ့ရသည်။
အစိုးရအဖွဲ့၌ ဒုတိယ၀န်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည်။
ဟားဘတ်စတင်လေ မော်ရီဆင် ရေးသားသည့်စာကိုရည်ရွယ်ချက်နဲ့ဖတ် တတွင် ဘာစာမှမဖတ်တာနဲ့စာရင် အပေါစားလည်းမဆိုးပါဘူး ဒါပေမဲ့ မင်းခေါင်းကသိပ်ကောင်းတယ်ကွ ၊ဒီလိုအညံ့စား အမှိုက်သရီုက်လိုဟာတွေနဲ့ မတန်ပါဘူး
ပိုကောင်းတာတွေ ထည့်စမ်းပါ။ သမိုင်းတို့၊အတ္ထုပ္ပတ္တိ တို့လိုဟာမျိုးတွေ၊ မင်းကြိုက်တာရွေးပေါ့
ဒါပေမဲ့ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလေးအနက်ဖတ်တဲ့
အလေ့အထမျိုးမွေးစမ်းပါ ။
ကျမ ဘာကြောင့် ဒီစာတွေကို ကောက်နှုတ်ဖေါ်ပြရတာလဲ ဆိုရင် ကျမ ဘ၀မှာ အထက်ပါ
စာရေးဆရာတွေလို..အောက်ခြေဗလာ ဘ၀လေးကနေပြီး ရိုးသားစွာနဲ့ဘ၀ကို ရပ်တည်နေထိုင်
နေတဲ့ လေးစားတန်ဖိုးထားရတဲ့ မောင့် အတွက်ရည်ရွယ်ပြီး ကောက်နှုတ်ဖေါ်ပြရေးသားရခြင်းဘဲ ဖြစ်ပါတယ်..။
ဒီစာကိုမောင်ဖတ်ပြီးချိန်မှာ..မောင့်အတွက် အမောဖြေရာအိုအေစစ် လေးဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်......။

ဘာမှအခြေအမြစ်မရှိတဲ့ကြောက်စိတ်မျိုးဆိုရင်၊
အဲဒီလိုရင်ဆိုင်ဲကည့်ရုံနဲ့လုံးဝအစပျောက်သွားလိမ့်မယ်၊တကယ်ကြောက်သင့်ကြောက်ထိုက်တဲ့အရာပဲလို့ သွားတွေ့ရင်တော့
တစ်ခုခုလုပ်၊အဲဒီ လုပ်တဲ့တစ်ခုခုက မကြောက်ရအောင်ကယ်သွားလိမ့်မယ်..။(၂ )ဟားဘတ်စတင်လေ မော်ရီဆင် (Herbert Stanley Morrison ) (၁၈၈၈ -၁၉၆၅ )