Monday, December 3, 2012

ခွင့်တောင်းခွင့် ကြုံပါရစေ.......



ခွင့်တောင်းခွင့် ကြုံပါရစေ.......
မိုးကောင်းကို မော်ကြည့်ဖြစ်တယ်..မောင့် ကိုလွမ်းတိုင်းလေ..။
လမင်းကြီးကို.မော်ကြည့်ဖြစ်တယ်...အဝေးကမောင်နဲ့အကြည့်ဆုံမယ်လို့..ယုံကြည်လို့လေ..။
လမရှိတဲ့ည ..သောကြာဂြိုလ်ကို..ရှာကြည့်ဖြစ်တယ်...မ..ကသောကြာဂြိုလ်လေမောင်လို့..ပြောခဲ့လိုလေ..။
မိုးကောင်းကင်ရယ်  လရယ်....သောကြာဂြိုလ်ရယ်.......မ..စိတ်မှာမောင့် ကိုသတိရတိုင်း..လွမ်းတိုင်း..ကြည့်နေဖြစ်တဲ့သူတွေပါမောင်..။
မောင်နဲ့အတူ..မောင့် ရင်ခွင်မှာမှီခိုဖြစ်ချိန်မှာတော့..မိုးကောင်းကင်ရယ်  လရယ်.သောကြာဂြိုလ်ရယ်..သူတို့လေးတွေကို..မောင့် ရင်ခွင်ထဲကနေပြီး...ပြုံးပြီးတော့...ခွင့်ပြုပါအုံးနော်လို့..ခွင့်တောင်းလိုက်မယ်..။
   ခွင့်တောင်းခွင့်ကြုံပါရစေ..
                                  မောင့်ထာဝရ မ....(29 ထာဝရ မ.....)     ခင်မိုးညို