Tuesday, December 4, 2012

ရွှေကံကူဘုရား

၁၂.၁၀.၂၀၁၂ နေ့တွင် မောင်သုတကိုကိုလွင်မှ ရွှေကံကူလေပျံသစ်တော် ရုပ်ရှင်တော်မြတ်ကြီးကို ဦးသန်းစိုး+ဒေါ်မြရွှေ (ခရေပွင့်ဘော်ဒါ) နေအိမ်တွင်သွားရောက်ဖူးမြော်ကြည်ညိုရာ အဓိဌာန်ပြု၍ ဓါတ်ပုံရိုက်ကာ ရိုက်ကူးပူဇော်ရာတွင် ပုံတော်များပွားကာ (မျက်နှာတော်) ထ
ူးခြားစွာတန်ခိုးများ ပြသတော်မူခဲ့ပါသည်။
မောင်သုတကိုကိုလွင်သည် ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ်ကြီးကို မဖူးတွေ့ရသေးသော အချိန်တွင် မုံရွမြို့အနီးတွင် တည်ရှိသော ရွှေကူနီရုပ်ရှင်တော်မြတ်ကြီးကိုသွားရောက်ဖူးမြော်ရာတွင် နှုတ်ဖျားမှ ရွှေကံကူဘုရား၊ ရွှေကံကူဘုရား ဟုအလိုအလျှောက် ဘွဲ့တော်အမည်ကိုနှုတ်မှထွက်နေပါသည်။ ၄င်း၏မိခင်ကို ရွှေကံကူဘုရား အပြင်မှာတကယ်ရှိပါသလားဟုမေးမြန်းရာတွင်လည်း သူ၏မိခင်သည်လည်း မသိပါဟုပြောပါသည်။
ရွာသစ်ကြီးစံပြကျေးရွာရှိဆရာမကြီး ဒေါ်မြရွှေတို့၏အိမ်တော်မင်္ဂလာတွင် ဘုရားကြီးကို ဖူးခွင့်ရလိုက်သောအခါ အံ့သြ၀မ်းသာမဆုံးဖြစ်ကာ အဓိဌာန်ပြု၍ ရိုက်ကူးလိုက်သောအခါဤပုံတော်ကိုရရှိလိုက်ခြင်းဖြစ်ပါသည်။