ဒီဇင်္ဘာ (၂၅ )ရက်မနက်ပိုင်းမှာ နှင်းတွေဝေနေတာကြည့်ပြီးမိုးကောင်းကင်ရဲ့အပြာရောင်လေးတောင်မမြင်ရလို့ကျမရင်မှာအမည်မသိတဲ့နွမ်းနယ်မူကိုခံစားလိုက်ရပါတယ်၊၊မိုးကောင်းကင်သည်မောင်ဖြစ်တယ်လို့တင်စားခဲ့တဲ့အတွက်မောင့်ကိုလွမ်းတိုင်း..အားငယ်စရာတွေ၊မောပန်းနွမ်းနယ်မူတွေကြုံတိုင်း မိုးကောင်းကင်ကိုမော်ပြီးကြည့်နေကျ..ကျမရင်မှာအမည်မသိတဲ့နွမ်းနယ်မူကိုခံစားလိုက်ရပါတယ်။
ဒီလိုဘဲ ရင်မှာနွမ်းနွမ်းနဲ့အိမ်ထဲဝင်လာပြီး ( Dreambed ) ပေါ်မှာထိုင်ပြီးတဲ့နောက် (Mrtv-4) ကိုဖွင့်လိုက်ချိန်မှာ(BreakingNews)ကိုကျေငြာတာတွေ့လို့အာရုံစုစည်းလိုက်ချိန်မှာ..ခု ကြားသိနေကြရတဲ့လေယာဉ်ပျက်ကျတဲ့သတင်းဖြစ်နေပါတယ်။
ကိုယ်ချင်းစာနာစိတ်ကြောင့်စိတ်ရဲ့ဆောက်တည်ရာမရခြင်းကိုခံစားလိုက်ရပါတယ်။လက်ကလေးကိုဓါးထိလိုက်ရင်တောင်နာသွားတဲ့အသိစိတ်ကြောင့်လက်ကိုခါပြီးနာလိုက်တာ.ဆေးထည့်ရမယ်၊မေးခိုင်ကာကွယ်ဆေးအမြန်ထိုးရမယ်.စသည်ဖြင့်ခံစားနေတတ်ကြသေးရင်.ခုလေယာဉ်တစ်ခုလုံးခါးတပိုင်းကျိုးပြီးဖြစ်နေတဲ့အဖြစ်တစ်ခုမှာ...လူသားတွေဘယ်လိုခံစားနေကြရမလဲဆိုတဲ့အတွေးနဲ့အတူ.မိဘညီအကိုမောင်နှမ၊ဇနီး၊ခင်ပွန်းတွေရဲ့စိုးရိမ်သောကစိတ်ကိုလဲထပ်တူခံစားမိလိုက်ပါတယ်။
ဒီအချိန်မှာဘဲ(ရုတ်တရက်)ဆိုတဲ့စကားကိုသတိရလိုက်ပါတယ်။သဘောကတော့မမြှော်လင့်ထားဘဲဖြစ်သွားခြင်းရဲ့အခြေနေကို..ခေါ်ဆိုလိုက်တာပါလားလို့...အတွေးဝင်လာခြင်းပါဘဲ။
လွန်ခဲ့တဲ့2002၀ါဆိုလပြည့်နေ့မှာဘာရောဂါမှမရှိတဲ့ကျမရဲ့မိခင်ဆုံးသွားခဲ့တယ်။ကျမနဲ့မေမေဘုန်းကြီးကျောင်းကို ဥပုဒ်သွားစောင့်ကြတယ်။ပြည်မှာနေတဲ့ကျမရဲ့အမက မေမေ့ကိုလာကန်တော့တယ်။မမလာတော့ မေမေက ဘုန်းကြီးကျောင်းမှာကျမနဲ့အတူရှိနေချိန်ပါ။ကိုကိုရဲ့သားက ကျောင်းကိုရောက်လာပြီးမမရောက်နေကြောင်းလာပြောတော့..မေမေ ကကျမကိုဆွမ်းပွဲသိမ်းပြီးမှလိုက်ခဲ့လို့မှာပြီးအိမ်ကိုပြန်သွားတယ်။ကျမလဲအားလုံးကိစ္စပြီးတော့.အိမ်ကိုအပြန်(၁၀)မိနစ်အကြာပါဘဲရှိပါတယ်..။ကိုကို့သား(ကျမရဲ့တူ)ကျမနဲ့လမ်းမှာဆုံတယ်။ ( ဖွားဖွားဆုံးပြီတဲ့)။
ကျမ ပြောချင်တာကရုတ်တရက် မေမေနဲ့ကျမ.ဘ၀ခြားသွားခဲ့ပြီလို့ပါ။ မေမေ့ကိုမနက်ဖန်မှပြောမယ်လို့စဉ်းစားထားတဲ့စကားတွေ၊မနက်ဥပုဒ်ထွက်ရင်မေမေ့ ကို မုံ့ဟင်းခါးချက်ကျွေးမယ်ဆိုပြီးစီစဉ်ထားတာတွေ၊ညကျရင် မေမေ့ ကိုအိပ်ယာဝင်ခါနီးတိုင်းခြေဆုပ်လက်နယ်လုပ်ပေးနေကျမို့..ညကျရင်အဲဒီလိုပြုစုရင်းပြောမဲ့စကားတွေ ..စသည်ဖြင့်....အရာအားလုံး ရုတ်တရက်ကြောင့်..ဆုံးရှုံးသွားရပြီ။ ယူလို့လဲမရ....ကျူံးလို့လဲမရတဲ့ယူကြုံးမရတဲ့ခံစားမူတွေနဲ့အသက်ရှင်သန်နေရပြီ။ ဒီအချိန်မှာ..( အော်တော်ပါသေးရဲ့..မေမေအသက်ရှင်နေတုံး..ငါ ပြုစုခဲ့ရလို့) ဆိုတဲ့..ဖြေနိုင်ရန်အကြောင်းလေးတစ်ခုကိုတွေးမိလိုက်ပါတယ်။
ဒီကြောင်းလေးကို ..ကျမကိုယ်တွေ့နဲ့ခံစားပြီး...ရုတ်တရက်.ခွဲခွာရမယ်/မခွာရဘူးဆိုတာ...ဘယ်သူမှကြိုတင်မသိနိုင်ကြပါဘူး။
ဒါကြောင့် အသက်ရှင်နေစဉ်ကာလလေးမှာ..အတူနေချိန်လေးမှာ..တစ်ယောက်နဲ့တစ်ယောက်၊တစ်ဦးနဲ့တစ်ဦးတာဝန်တွေ၊၀တ္တရားတွေကျေပွန်နိုင်ကြပါစေလို့ဆန္ဒပြုရင်း (ရုတ်တရက်ခွဲခွ့ါ) ရတဲ့ဘ၀မျိုးလေးတွေကိုမကြုံကြပါစေနဲ့၊ကြုံခဲ့သူများလဲဒီဘ၀နောက်ဆုံးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ရုတ်တရက်ခွဲခွါသောသူများဘ၀ကူးကောင်းပါစေ၊ရုတ်တရက်ကျန်ရစ်သူများလည်းသောကငြိမ်း၍ကောင်းမူကုသိုလ်ဆောင်ရွက်ပေးနိုင်ကြပါစေ။
ကိုယ်ချင်းစာနာစိတ်ဖြင့်
၏ခင်မိုးညို
(မိဘတိုင်းသည်သားသမီးတို့ထံမှ.ငွေကြေးထောက်ပံမူကိုရယူ ခြင်းထက်.မိမိမှပြုစုပေးခြင်းနှုင့်မိမိအားဂရုဏာပေးခြင်းကို ပိုမိုတမ်းတရယူလိုပါသည်။)