Friday, December 7, 2012

လိုက်လေ..ဝေးလေ...( ကန်တော့အပ်ပါသည်။



ဒီဇဘာင်္နံနက်ခင်းနှင်းများသိပ်သည်းစွာကျသောတမနက်တွင်......................................................
.နေပြည်တော်မှစစ်ကိုင်းသို့ကားမောင်း၍ထွက်လာခဲ့သည်။ဘာအကြောင်းမှမရှိသလို..ဘယ်အကျိုးတရားကိုမှမမြှော်လင့်ခဲ့..။ထိုကြောင့်ကျမ၏စိတ်သည်လွတ်လပ်ပေါ့ပါးလျက်ရှိပါသည်။ထိုကဲ့သို့..အလျဉ်းသင့်လျင်သင့်သလိုသောကြာနေ့ညနေပိုင်းတွင်.မိတ္ထိလာမျှလောက်အထိကားမောင်းထွက်တတ်ပါသည်။ယခုလည်းထိုသို့ထွက်လာခဲ့ခြင်းဖြစ်သည်။ဝမ်းတွင်းမြို့သို့ရောက်လျင်.အထည်ဆိုင်တစ်ဆိုင်ရှေ့၌ကားရပ်ပြီးမြန်မာ့ချည်ဖြင့်ချူပ်ထားသော
(handmade)အကျီင်္င်္များကိုဝင်ကြည့်ဖြစ်သည်။ဤတွင်မမြှော်လင့်ဘဲအလွန်ရင်းနှီးခဲ့သည့်သူငယ်ချင်းအားပြန်
လည်တွေ့မြင်ရပါသည်။   ယခု   ဤဆိုင်ပိုင်ရှင်ဖြစ်နေပါတော့သည်။
     တစ်ယောက်နှင့်တစ်ယောက်မမှတ်မိခြင်းမျိုးမဟုတ်သော..အံ့အားသင့်ခြင်းမျိုးဖြင့်မှင်သက်ကြည့်နေမိသည်။
အံ့အားသင့်ပါသည်....ထိုနောက်ဝမ်းသာပါသည်..ထိုထက်လေးနက်သောဝေါဟာရကိုပြောရလျင်..ချိုမိန်သောမုဒိတာ
ဖြစ်ခဲ့ပါသည်။
အကြောင်းမှာကျမသူငယ်ချင်း၏ခါးသီးလွန်းသောဘ၀ကိုကျမသိနားလည်ခဲ့ခြင်းနှင့်အတူသူမနှင့်ထပ်တူခံစားခဲ့ရသောကြောင့်ဖြစ်ပါသည်။
ကျမ မဟာဥပဒေတန်းသို့တက်ရောက်စဉ်.ကျမသူငယ်ချင်းက ဥပဒေ (တတိယနှစ်)နှင့်ပင်အမိတက္ကသိုလ်မြကျွန်းညိုမှ
ကျောခိုင်းထွက်ခွါခဲ့ပြီဖြစ်သည်။ကံ့ကော်ရနံ၊စိန်ပန်းရနံ့၊နှင့်အင်းယားရေပြင်၏ရနံ့တို့ကိုမက်မောလွန်းသောသူမသည်
ဘာမှခံစားမူချွင်းချန်မရှိသလို၊မခံစားခဲ့သလို၊မသက်ဆိုင်သလို၊မကြုံခဲ့သလိုရာမညအဆောင်၏စည်းဝိုင်းအပြင်ဘက်
သို့ထွက်ခွါခဲ့သည်။အကြောင်းမူအိမ်၏စည်းပွါးရေးအခြေနေကြောင့်ဖြစ်ပါသည်။ဒီလိုနှင့်ဘ၀၏အမော၊ဘ၀၏အချော
များကိုကျင်လည်ဖြတ်သန်းရင်း.အနေဝေးပြီးနောက်တဖြည်းဖြည်းဝေးကွာခဲ့ကြသည်မှာ..ယခုပြန်လည်ဆုံတွေ့ချိန်
ထိဖြစ်ပါသည်။
 သူမကို စစိကိုင်းထိခေါ်လာခဲ့သည်။သူမ၏တူနှင့်တူမကိုဆိုင်တွင်ထားခဲ့ပြီးလိုက်ခဲ့သည်။
မန္တလေးမဟာမြတ်မုနိဘုရားကြီးအားကန်တော့ပြီးကျမအိမ်သို့သွားခဲ့ကြသည်။ကျမနှင့်သူဝေးနေစဉ်ကာလသူမ၏
အတွေ့ကြုံများကိုသိရှိရသည်ခဏ.(လိုက်လေ ဝေးလေ)ဟူသည့်ခေါင်းစဉ်လေးသည်အလိုလိုပေါ်ပေါက်
လာပါတော့သည်။
မအေးမြင့်ကြည်ဥပဒေတတိယနှစ်တွင်အဖေဆုံးသည်။မောင်နှမ(၇)ယောက်ကျန်ခဲ့သည်။အေးမြင့်ကြည်က
ဒုတိယသမီး၊အကြီးဆုံးဖြစ်သောအကိုကြီးသည်(၁၀)တန်းမအောင်ယုံမက.မိန်းမကိုအိမ်သို့ခေါ်လာသည်။မိန်းမက
အလုပ်မရှိသောမုဆိုးမ၊သမီးတစ်ယောက်အမေ။ထုံးစံအတိုင်းမိသားစုနှင့်မပြေလည်။အမေကဈေးရောင်းကျွေးသည်။
အကိုကြီးကသစ်စက်တွင်လွှဆွဲသောအလုပ်ကိုလုပ်ကိုင်ရင်းလက်တဖက်ပြတ်ပြီးဒုက္ခိတဘ၀သို့ရောက်သောအခါ
မိန်းမက အိမ်ပေါ်မှဆင်းသွားသည်။
အေးမြင့်ကြည်တက္ကသိုလ်တက်နေစဉ်အိမ်၏အခြေနေမှန်ကိုသူမမသိခဲ့။အမေ့ကျန်းမာရေးအလွန်ဆိုးလာသည့်အချိန်ကျမှသိရသည်။အမေကိုယ်တိုင်ဈေးမရောင်းနိုင်သည့်အခြေအနေတွင်
အကြွေးကလည်ပင်းထိရောက်လာပြီ။နောက်.အေးမြင့်ကြည်သိသွားသည်နှင့် ကျောင်းမှထွက်သွားခဲ့တော့သည်။
သို့သော်သူမကိုယ်တိုင်ဘာမှမလုပ်တတ်၊မကိုင်တတ်ဖြင့် အကြွေးနှင့်သာသံသရာလည်နေပါတော့သည်။
သူမတတ်သမျှဈေးရောင်းပြီးရလာသမျှအတိုးပေးရသည်နှင့်နလံမထူနိုင်တော့သည့်အချိန်တွင်၊အပေါင်းမှားကာ
ငွေကိုဖြတ်လမ်းကလိုက်ရှာဖြစ်သည်။နေ့စဉ်နေ့လည်(123း0)နှင့်၊ညနေ (43း0)တွင်ရင်ခုံရသောအဖြစ်၊
လစဉ်( ၁၆ )ရက်နှင့်လကုန်ရက်များတွင်ရင်ခုန်ရသောအဖြစ်များကိုရင်ဆိုင်ရင်းကုန်း၍ကောက်စရာမရှိလောက်အောင်
မွဲတေလာခဲ့သည်။
အတိုးသမားကလဲတကျီကျီ..အပျိုလေးပေမဲ့မရှက်နိုင်တော့ဘဲလာတောင်းသမျှအကြွေးရှင်များကိုတောင်းပန်ရသည်မှာလဲမျက်နှာနှင့်သူတို့၏ခြေထောက်မထိရံတမယ်။
နောက်ဆုံးသူတပါး၏နံပါတ်မရှိမိန်းမဘ၀ရောက်ရတော့မလို၊နိုက်ကလပ်တွင်သီချင်းဆိုရင်းပိုက်ဆံရှာရမလို၊
အနှိပ်ခန်းတွင်နှိပ်ရတော့မလို၊လူမျိုးခြား၏မယားဘဲဖြစ်ရတော့မလို...လိုလိုတွေနှင့်ရင်ဆိုင်နေရချိန်တွင်
သူမ၏ရိုးဖြောင့်သောဗီဇစိတ်ကလေးက..မှန်ကန်သောသတ္တိကိုပေါက်ဖွားလာစေပါသည်။
သူမဈေးရောင်းနေစဉ်ကာလ၊၀ယ်နေကျအမျိုးသမီးကြီးတစ်ဦးမှ၊သူ့အိမ်တွင်အိမ်မူ့ကိစ္စဆောင်ရွက်ရန်လူလိုသဖြင့်
လူရှာခိုင်းရာ.အေးမြင့်ကြည်မှ ထမင်းစား စားရိတ်ငြိမ်းအပြီးတစ်လ 30000/- ကျပ်ဖြင့်လုပ်နေလိုက်တော့သည်။စေတနာဖြင့်လုပ်ကိုင်ပေးခြင်းအပြင်မိသားစုစိတ်ဓါတ်ဖြင့်ဆောင်ရွက်ပေးခြင်းတို့ကြောင့်သူမအားမိသားစုသဖွယ်
ဆက်ဆံလာပါသည်။ငွေးကြေး၊ပစ္စည်းပိုင်းတွင်လည်းစိတ်ချရပြန်သဖြင့်.လစာငွေ35000/-ကျပ်ထိတိုးမြှင့်
ပေးလာပါသည်။ထိုအချိန်တွင်ငွေနောက်သို့လိုက်နေစဉ် (လောဘ၊မောဟ)စိတ်များဖြင့် အကုသိုလ်စိတ်များကြောင့်ပူလောင်သော သောက ကိုဂရုမပြုနိုင်သောသူမ၏ဘ၀ကို ညအိပ်ယာဝင်တိုင်းလေးပင်သောစိတ်များဖြင့်ခံစားရကာအိပ်မပျော်သောညပေါင်းများစွာကိုကြုံနေခဲ့ရသည်။ငွေလို၍ငွေနောက်ကို လိုက်သော်လည်း .(လိုက်လေ ဝေးလေ)အဖြစ်ကို..တဖြေးဖြေးစဉ်းစားမိလာသည်။ထိုအချိန်တွင်လောဘဒေါသမောဟဟူသောစိတ်စေတသိတ်ကြောင့်ဘာမှအဆင်မပြေနိုင်ကြောင်းကိုလည်းသိလာသည်။ထိုကာလသည် အကုသိုလ်အကျိုးကိုရင်ဆိုင်ရချိန်ပင်ဖြစ်ပါသည်။
 ထိုအိမ်တွင်အိမ်အကူဘ၀ကိုဖြတ်သန်းရင်းအကြွေးများကိုဖဲ့၍ပေးဆပ်ခဲ့သည်။ယင်းငွေသည် သမာအာဇီဝ ဖြင့်ရရျိသောငွေဖြစ်ကြောင်းကိုလည်းအကြွေးရှင်များအားပြောကြားခဲ့သည်။ထိုထက်ပို၍အဆင်ပြေလာသည်မှာ
အိမ်ရှင်၏သမီးမှာ ( ၈ )တန်းကျောင်းသူဖြစ်၍ဘာသာစုံသင်ကြားပေးနိုင်ခဲ့သည်။နောက်ပိုင်းတွင်ထိုအိမ်၏
မိသားစုဝင်ဖြစ်လာကာ.ယခုမြင်ရသည့်အတိုင်းဘ၀အခြေအနေပြောင်းလဲလာခဲ့ကြောင်းသူမ၏ဘ၀ဇတ်လမ်းကို
ကျမ ကြားသိခဲ့ရပါသည်။ကျမနှင့်စကားပြောပြီးသည်နောက်ကျမကိုယ်တိုင်သူမအားပြန်ပို့ဖြစ်ခဲ့သည်။

ကျမအလွန်ဝမ်းသာပါသည်။ဝမ်းသာခြင်းမှာသူမချမ်းသာသွားသည်ထက်အခက်ခဲများရင်ဆိုင်ဖြေရှင်းနေရချိန်၊
ငွေနောက်သို့လိုက်ရင်း (လိုက်လေ ဝေးလေ) ဘ၀ရောက်နေသည့်အဆိုးဆုံးအချိန်၌ပင်လျင် မိမိ၏ကိုယ်ကျင့်တရား၊နှင့်ရိုးသားဖြူစင်သောစိတ်ဓါတ်ကိုလက်ဝယ်ပိုင်ပိုင်ဆုပ်ကိုင်ထားခြင်းကြောင့်ပင်ဖြစ်ပါသည်။
သူမနှင့်လမ်းခွဲချိန်တွင်သူမကိုယ်တိုင်လက်မှတ်ထိုးပြီးအမှတ်တရလက်ဆောင်ပစ္စည်းတစ်ခုကျမအားပေးအပ်ခဲ့ပါ
သည်။ကျမမှ သူမ၏လက်မှတ်အားကြည့်လိုက်သောအခါ .............................................................
ဆရာဟိန်းတင့်ဇော်မှယခုအပတ်တွင်တင်ပြထားသော...
အောင်မြင်လိုသူများအတွက် လက်မှတ်ထိုးနည်းများ တွင်နာက်လက်မှတ်တစ်ခုကို ကြည့်။ အဲဒီလက်မှတ်ကြတော့ သူ့လက်မှတ်မှာပါတဲ့ ဒေါင်လိုက်မျဉ်းဟာ အပေါ်ကို ကိုးဆယ်ဒီဂရီ ထောင်မတ်နေတာကို တွေ့ရတယ်။ အဲဒီလို လက်မှတ်ပိုင်ရှင်တွေဟာ အရာရာကို တိကျတယ်။ ဖြောင့်မတ်တယ်။ သူတစ်ပါးရဲ့ အကျိုးကို လိုလားတဲ့သူတွေ ဖြစ်တယ်။ ဘာပဲလုပ်လုပ် ဘာကိုပဲ တွေးခေါ်တွေးခေါ် အစွန်းနှစ်ဖက်ကို လွတ်အောင် တွေးခေါ်နိုင်တယ်။ နောက် သူတို့ရဲ့ အထူးခြားဆုံး အရည်အချင်းက ကိုယ့်ကိုကိုယ် အကောင်းဆုံး ကွန်ထရိုး လုပ်နိုင်တဲ့သူတွေ ဖြစ်တယ်။ ကိုယ့်ကိုကိုယ် အကောင်းဆုံး ထိမ်းချုပ်နိုင်တယ်။ ပဲ့ကိုင်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လက်မှတ်မှာ ဒေါင်လိုက်မျဉ်း ပါမယ်ဆိုရင်တော့ အပေါ်ကို ထောင်မတ်နေတာ ကောင်းပါတယ်။   ဖေါ်ပြထားချက်နှင့်အညီ ( မြင့် ) ကို ဒေါင်လိုက်
မတ်မတ်ထိုးထားကြောင်းသိမြင်လိုက်ရပါသည်။
ဤစာစဉ်စုဖြင့် ဆရာ့အားကန်တော့အပ်ပါသည်။
မခင်မိုးညို
လိုအပ်ချက်များရှိပါလျင်ဖြည့်စွက်နားလည်ခွင့်လွှတ်ပါရန် ကြိုတင်၍တောင်းပန်အပ်ပါသည်။