ပဇာ သဗ္ဗာ သုဿယန္တု၊ ၀ုဠဟန္တု သုမင်္ဂလာ။ဒုသေန္တု ဒုဂ္ဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗပါရမိံ။
ပဇာ သဗ္ဗာ- ကိုယ်စီကိုယ်ငှ ကိုယ့်ဒေသ၌ ပျော်ကြစပ်ရာသတ္တ၀ါဟူသမျှတို့သည်၊
သုဿယန္တု- အိမ်မက်ရာမက်ကောင်းစွာမက်၍ နှစ်သက်ကြည်သာ
အိပ်စက်တော်မူနိုင်ကြပါစေသတည်း။
သုမင်္ဂလာ- မင်္ဂလာကျက်သရေယှက်ဝေလန်းသဖြင့်စန်းပွင့်ကုန်သည်ဖြစ်၍၊
ဝုဠဟန္တု- ကောင်းစွာမိုးသောက်အလင်းရောက်လျက်ထမြောက်
နိုးကြားနိုင်ကြပါစေကုန်သတည်း၊
ဒုဂ္ဂတိံဂါမိံ- အပါယ်ဒုဂ္ဂတိ၊-ရောက်မည့်အကြောင်းမကောင်းညစ်ဆိုးဒူစရိုက်မျိုးကို၊
ဒုသေန္တု- သူတော် လက်နက်တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေသတည်း၊
သဗ္ဗပါရမိံ- အလောင်းအလျာဖြည့် ကောင်းရာသည်သုံးဖြာဆယ်လီ
ပါရမီအပေါင်းအကျင့်ကောင်းကို၊
ပူရေန္တု- တစ်ဆင့်ထက်တစ်ဆင်ရင့်သထက်ရင့်အောင်
မလင့်ပုံသေဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း ။
အရှင်ဇနကာဘိဝံသ(မဟာဂန္ဓရုံဆရာတော်)၏မေတ္တာပို့ဂါထာတော်ကို ကြည်ညိုစွာဖြင့်ကန်တော့ပန်းဆင်၍
တင်ပြအပ်ပါသည်။နှလုံးသားထဲသို့တိုင်နက်နက်ရှိုင်းရှိင်းစဉ်းစားလေတိုင်း၊ အလွန်ပင်အေးချမ်းစိတ်ဖြစ်ပေါ်ပါသဖြင့်
ဝေငှလိုက်ပါသည်။
သိရှိပြီးဖြစ်နိုင်သည့်နည်းတူ၊ ကိုယ်တိုင်လည်းပူဇော်နေကျလည်းဖြစ်နိုင်ပါသည်။သို့ရာတွင် ကျမ အနေဖြင့်ဤပြတိုက်စာမျက်နှာတွင်စာဖတ်ရှသူတိုင်းအားမြင်သိစေလိုသောကြည်ညိုသဒ္ဒါစိတ်စတနာဖြင့်ဝေငှလိုက်ခြင်းဖြစ်ပါသည်။
စိတ်ချမ်းသာကြပါစေ
ခင်မင်ရင်းနှီးအကျွမ်းတ၀င်ဖြင့်
စာကြည့်တိုက်တွင်တင်ပြပေးသော ဆရာဟိန်းတင့်ဇော်အားဤစာစဉ်ဖြင့်လေးစားစွာကန်တော့အပ်ပါသည်။
ခင်မိုးညို
