မိသားစုဝင်( ၁၀၀ ) တွင် ( ၆၅ )မျှသည် ရေမြေရပ်ခြားတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသည်။
ဦး...၊ဒေါ်....၊တိုရဲ့သားကဘယ်နိုင်ငံမှာတဲ့..အလုပ်သွားလုပ်နေတာ.အဆင်ပြေတယ်လို့တော့ပြောတာဘဲ..ယူထားတဲ့အကြွေးတော့အကျေသေးဘူး၊နောက်တော့ကျေသွားမှာပေါ့၊နောက်
( ၃ )လ ( ၄ ) လောက်ဆိုင်ရင်ကျေပါပြီ။ ဆိုသည့် ကြားနေရသည့်စကားဝိုင်းတမျိုး၊နောက်စကားဝိုင်းတမျိုးမျာ ၊ဦး..။ဒေါ်....၊ တို့ရဲ့သားကတော့ သွားတာဖြင့် မကြာသေးဘူးမိန်းမယူတော့မယ်တဲ့၊ အကြွေးကလဲမကျေသေးဘူး၊ကျေအောင်ဆပ်ပေးမယ်ပြောလဲ အိမ်ထောင်ကျသွားရင်သူစိမ်းဖက်နေပြီလေ၊မိဘက သူတို့ လင်မယားအဆင်မပြေဖြစ်ပြီးမှပေးတဲ့ငွေတော့ဘယ်ယူချင်ပါ့မလဲ၊တချို့မိုက်ရီုင်းတဲ့မိန်းမမျိုးကျတော့ အမေ၊နှမ နဲ့ပေးစားတာမျိုးရှိသေးတယ်၊ အင်း မိဘကတော့ ရုန်းပြီးထလိုက်၊ကန်ပြီးထလိုက်နဲ့ကြိုးစားပြီးပို့လိုက်ရတာ၊သူတို့အတွက်ကျန်းမာရေးကအစစိတ်ပူရတာတွေမပါသေးဘူး၊
ဆိုသည့်စကားသံကတသွယ်၊ စသည်ဖြင့်ကြားနေရသည်မှာ မိသားစုတိုင်းတွင်ဖြစ်နေသောအကြောင်းအရာများပင်ဖြစ်ပါသည်။ကျမအနေဖြင့်(ကံ)ဟူသောစိတ်၏ကယ်တင်ရာကိုသာအားကိုးဖွယ်ရာအဖြစ်ပြောကြားလိုပါသည်။
ထိုအရာသည်မိဖများ၏ကံသာလျင်ဖြစ်ပါသည်။အချို့သောမိဖများမှာသားသမီးမြေးမြစ်သို့တိုင်အတူတကွပျော်ရွှင်စွာနေထိုင်ကြရပြီးလိမ်မာယဉ်ကျေးသောသားသမီးများကိုပိုင်ဆိုင်ကြကုန်၏၊
အချို့မိဖများမှာ နေ၀င်ချိန်ရောက်နေသည့်တိုင်သားသမီးတို့၏သိတတ်မူ့ကိုခံယူနိုင်ဖို့ရန်ဝေးစွ၊ကိုယ့်ပင်စင်လစာ၊ထိုလူ၊ဤလူတို့မှကန်တော့ထားသောရှိစု၊မဲ့စုငွေလေးကိုပင်ချမ်းသာခွင့်မပေးတောင်းယူကြကုန်၏၊ မရလျင်ခိုးယူ၏။မိဖချင်းတူသော်လည်း မိဖဘ၀၏ရပ်တည်ရာနေထိုင်မူ့ ကံ များသည်ခြားနားကြကုန်၏။
မိဖများသည်သားသမီးထံမှပို့လိုက်သောငွေကိုနားတစွင့်စွင့်၊လည်တဆန့်ဆန့်ဖြင့်မြှော်ရင်းနေထိုင်ရသောသူများစွာကိုတွေ့မြင်နေရပါသည်။
မိဖတိုင်းသည်ဆင်းရဲမည်၊ချမ်းသာမည်ဖြစ်ကြသော်လဲ၊သားသမီးကိုချစ်သည့်စိတ်တွင်မခြားနားပါ။မိသားစုစီးပွါးရေးအခြေအနေအရ
အဆင်ပြေတာလေးတော့ဖြစ်ပါစေတော့ဟူ၍သားသမီးများအပေါ်ယုံကြည်စိတ်၊လုပ်နိုင်မှာဘဲဟူသောအားထားစိတ် (အားကိုးစိတ် မဟုတ်ပါ)လုပ်နိုင်လောက်သည်ဟူသောယုံကြည်အားထားစိတ်များဖြင့် မိဖများသည် မခွဲခွါချင်သောစိတ်ကိုချိုးနှိမ်ကာ၊ရေဝေးမြေခြားလွှတ်လိုက်ရ၏။
တချိန်တွင်အကြွေးလေးတွေကျေ၊မိသားစုဘ၀မချမ်းသာသည့်တိုင်အကြွေးကင်ကင်းဖြင့်စားဝတ်နေရေလေးဘ၀၊ မတောင့်တ၊မကြောင့်ကျဘ၀မျိုးလေးမျှဖြင့်မိသားစု၊စုစုစည်းစည်းနေနိုင်လျင်တော်ပါပြီ....ဟူသောမြှော်လင့်ချက်ကလေးသည်..ကျန်ရစ်သူအမိအဖမသားစုတိုင်း၏
တူညီသောဆန္ဒဖြစ်ပါသည်။
သို့ ရာတွင် အထက်တွင်ဖေါ်ပြထားခဲ့သကဲ့သို့...အကြွေးသည်လဲမကျေ၊ ကျောင်းနေဆဲကလေးများ၏ပညာရေးအတွက်တာဝန်များကလဲဆောင်ရွက်ရန်ကျန်၊
မိသားစုဘ၀အတွက်အဖက်ဖက်မှကျားကန်ကန်နေရချိန်တွင်.....မိမိကိုယ်သာအားကိုးရန်မို့.မိမိ၏လက်ကလေးနှစ်ဖက်ကောင်းနေပါစေ၊ခြေနှစ်ဖက်ကောင်းပါစေ
ဟူ၍သာ..အားမာန်ထည့်ရပါတော့မည်။
ရုန်းကန်ကြိုးစားပြီးမိမိတို့၏ရင်ခွင်မှမလွှဲသာလွှတ်လိုက်ရသောသားသမီးတို့၏မိဖများအားရည်ညွှန်းပါသည်။
အမိအဖအားလုပ်ကိုင်ကျွေးမွေး၊ပြုစုနေသူတိုင်းအားထိခြင်းငါးပါးဖြင့်ကန်တော့အပ်ပါသည်။
၏ခင်မိုးညို
လလ





