ကျေးဇူးရှင် ဒီပဲယင်းဆရာတော်ဘုရားကြီး၏
မေတ္တာအာသီသ
၁
။ ပရေသံ ဟိတ က္ကစ္ဆေယျံ ၊ ဟိတံ မေ က္ကစ္ဆတံ ပရော ။
အညသ ဒုက္ခ က္ကစ္ဆေယျံ ၊ မာမေ ဒုက္ခံ က္ကစ္ဆတံ ပရော ။
အဟံ-ငါသည်၊ ပရေသံ-သူတပါးတို့၏၊ ဟိတံ- အကျိုးစီးပွါးကို၊
က္ကစ္ဆယျံ-
လိုလားနှစ်သက်ဆောင်ရွက်နိုင်ရပါလို၏။
ပရောစ-သူတပါးသည်လည်း၊
မေ-ငါ၏ ၊ဟိတံ-
အကျိုးစီးပွါးကို
က္ကစ္ဆတံ က္ကစ္ဆတု
- လိုလားနှစ်သက်ဆောင်ရွက်နိုင်ပါစေသတည်း။
အဟံ-ငါသည်၊
အညသ- သူတပါး၏၊
ဒုက္ခံ- ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်ပန်းခြင်းကို၊န
က္ကစ္ဆယျံ-မလိုလားမနှစ်သက်ပါရစေလင့်၊
ပရောစ-သူတပါးကလည်း၊ မေ-ငါ၏၊ ဒုက္ခံ- ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်ပန်းခြင်းကို၊
မာ က္ကစ္ဆတံ
မာ က္ကစ္ဆတု-မလိုလားမနှစ်သက်မဆောင်ရွက်ပါစေသတည်း။
လိုလားနှစ်သက်ဆောင်ရွက်နိုင်ရပါလို၏။
၂
။ န ဟိံ သေယျံ
ပရံ ပါဏံ ၊ မာမံ ၀ိဟေသတံ ပရော ။
န စေ
ဘဝေ အဟံဝေရီ ၊မာ ဝေရီ ဟောတု မေ ပရော ။
အဟံ-ငါသည်၊ ပရံ ပါဏံ-တခြားတစ်ပါးသတ္တ၀ါများကို၊
န ဟိံ သေယျံ- မညှင်းဆဲ မနှိပ်စက်ရပါလို ၊
ပရောစ- သူတပါးကလည်း ၊မံ-ငါ့ကို ၊ မာ-၀ိဟေသတံ၊ မညှင်းဆဲ
မနှိပ်စက်ပါစေသတည်း။၊
အဟံ-ငါသည်၊ပရဿ-သူတစ်ပါး၏၊ ပရဿ- သူတစ်ပါး၏၊ ဝေရီ-
ရန်သူသည်၊ နဘဝေ-မဖြစ်ရပါလို။
ပရောစ- သူတစ်ပါးကလည်း၊ မေ- ငါ၏၊ ဝေရီ-
ရန်သူသည်၊မာဘဝေ- မဖြစ်ပါစေသတည်း။
ကျေးဇူးရှင် ဒီပဲယင်းဆရာတော်ဘုရားကြီး၏
မေတ္တာအာသီသ
မှာ ( ၃ )ပိုဒ်တွေ့ရပါတယ်။
ကျမအနေနဲ့အချိန်နဲ့အခြေအနေကြောင့် (၂ )ပိုဒ်ကိုပဲ
တင်လိုက်နိုင်ပါတယ်။ခုရက်တွေမှာ လုပ်ငန်းတာဝန်
များနေတဲ့အတွက် ကျမရဲ့စားပွဲကို ညနေပိုင်းမှရောက်ဖြစ်ပါတယ်။ပါဠိ
မှာအမှားတွေ့ရင် ပြင်ပေးနိုင်ပါတယ်။
ကြည့်ပြီးရိုက်ပေမဲ့အမှားရှိနိုင်ပါတယ်၊
ကျမကိုယ်တိုင် ၊ ပါဠိ အားအလွန်နဲပါတယ်။
ကျမ စိတ်မှာ အားလုံးသောသူတွေကို ၊စိတ်ချမ်းသာကြစေချင်ပါတယ်။စိတ်ဆင်းရဲတယ်ဆိုမျိုးလုံးဝမခံစားစေလိုပါ။
ကျမ ကိုယ်ကျမကိုယ်ရည်သွေးတာမဟုတ်ပါဘူးဆိုတာကိုကြိုတင်ပြောပါရစေ။ကျမ
ရင်မှာ လူသားတိုင်းအတွက်
စေတနာထားနေတဲ့အချက်တွေရှိပါတယ်-
( ၁ ) အမိနဲ့အဖကို ၊ကြည်လင်တဲ့စိတ်၊မြတ်နိုးတဲ့စိတ်နဲ့အလုပ်ကျွေးပြုစေလိုတဲ့စေတနာ။
( ၂ ) ကံငါးပါးကို ခါးဝတ်ကဲ့သို့မြဲစေလိုတဲ့စေတနာ၊
( ၃ ) မိသားစုစုံစုံလင်လင်နဲ့မရှိအတူရှိအတူ၊
ထမင်းဝိုင်းဖွဲ့စားစေချင်တဲ့စေတနာ၊
( ၄ ) မိဖအတွက်အလုပ်ကျွေးပြုစုနိုင်ဘို့ဆိုရင်၊ကျမကိုဘ၀ရဲ့တစ်ဆစ်ချိုးမှာတောင်ထားခဲ့နိုင်ပါတယ်
ဆိုတဲ့စေတနာ။
အထက်ပါစေတနာကိုကျမ အသက်နဲ့ထပ်တူထားရှိပါတယ်။ကျမနားလည်နေတာကသူတပါးကိုယ့်ကြောင့်
ပျော်နေတယ်၊ကြည်နူးနေတယ်ဆိုရင်၊ကျမ စိတ်ချမ်းသာနေတာပါဘဲ။အဲဒီအတွက်လည်းကျမ
စိတ်ချမ်းသာခြင်းကိုပိုင်ဆိုင်နေပါတယ်။
ဒါကြောင့် မေတ္တာ ဆိုတာလေးကို တင်လိုက်ခြင်းဘဲဖြစ်ပါတယ်။
စိတ်၏အဆင့်အတန်းရင့်သထက်ရင့်၍မြင့်သထက်မြင့်မားနိုင်ကြပါစေ။
လေးစားကြည်ညိုစွာဖြင့်
၏ခင်မိုးညို
