
ဝေးနေတုံးဘဲ..ခန္ဓာ. .နီးနေဆဲပါ....စိတ် ..
ဒီခေါင်းစဉ်လေးကို ရေးလိုက်တာနဲ့သို့မဟုတ် ဖတ်လိုက်တာနဲ့အဝေးမှာရောက်ပြီးခွဲခွါနေကြရတဲ့
သူတွေဘဲလို့အလိုအလိုသိကြမှာပါ။ကိုယ့်မွေးရပ်မြေကိုဘယ်သူတွေက ထားခဲ့ချင်ပါ့မလဲ.။ဒီနေရာ ဒီဒေသ ရှူရှိက် သောက်သုံးခဲ့ကြတာပါဘဲလေ.. နွေမိုးဆောင်းဥတုသုံးလီမှာရာသီအလိုက် ပြောင်းလဲကြတဲ့ရာသီ
ဝန်းကျင်ရဲ့အနေအထားအရ ၊ ကိုယ့်မွေးရပ်မြေ နဲ့မိသားစုကိုလွမ်းကြပါတယ်။သတိရကြပါတယ်။ဒါပေမဲ့ကိုယ့်မိသားစုရဲ့ စီးပွါးရေးအနေအထားအရ လွမ်းသော်လဲ မလွမ်းနိုင်၊သတိရသော်လဲ မလှမ်းနိုင်တဲ့ ဘ၀နဲ့ ဘ၀ကို လှော်တက်အမျိုးမျိုးနဲ့လှော်ခတ်ပြီးရင်ဆိုင်နေကြရတဲ့ဘ၀တွေမှာ ကျန်ရစ်သူမိသားစုခမျာလဲ လွမ်းသော်လဲမလွမ်းရဲဘဲ..မေတ္တာကိုဘဲပို့သနေကြရပါတယ်။
တွေးဆကြည့်ရင် လူသားတိုင်းမှာ နှလုံးသားရှိကြတာပါဘဲ..။ဒါပေမဲ့ လူဆိုတဲ့လူက အသိတရားကိုပိုင်ဆိုင်ထားကြတာမို့၊ သင့်၊ မသင့်နဲ့စဉ်းစားတွေးခေါ်ပြီးဖြစ်ချင်တဲ့ခံစားမူတွေကို စိတ်ရဲ့တနေရာလေးမှာ သော့ခတ်သိမ်းထားရပါတယ်။
ကိုယ့်မိသားစုလေးအဆင်ပြေဘို့ သက်ကြီးရွယ်အိုမိဘကိုလဲ မပင်ပန်းမဆင်းရဲစေချင်လို့ခုလို အဝေးရပ်မြေတွေမှာဘ၀ကိုရုန်းကန်နေကြရချိန်လေးမှာမိဘဖြစ်သူက(ငါ့သားလေးဘေးရန်ကင်းပါစေ၊အလုပ်အကိုင်အဆင်ပြေပါစေ၊
ကျန်းမာပါစေ၊စိတ်ချမ်းသာပါစေ )ဆိုတဲ့မေတ္တာကို နေ့စဉ်ပို့သ..သလို သားဖြစ်သူကလဲ (ငါ့မိဘမပင်ပန်းပါစေနဲ့။ငါတို့ကိုဘ၀တလျှောက်လုံးလုပ်ကိုင်ပြုစုလာခဲ့တာမှာ.
.ခုလိုအသက်အရွယ်အိုမင်းလာချိန်မှာ.
သားသမီးတွေကပြန်ပြီးပြုစုလို့ကျေးဇူးဆပ်ရမယ်)ဆိုတဲ့စိတ်ခံယူချက်တွေနဲ့ နှစ်သိမ့်နေထိုင်ကြရပါတယ်။
ဘ၀ရဲ့နေ၀င်ချိန်လေးမှာအမိအဖကိုလုပ်ကိုင်ကျွေးမွေးပြုစုခွင်ရတဲ့သားသမီးရဲ့ကံ၊ ပြုစုခွင့်ခံစားရရှိတဲ့
မိဘရဲ့ကံသည်.အလွန်ဘဲကောင်းသောကံ၊မွန်မြတ်သောကံဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မွေးရပ်မြေကဝေးနေလဲ မိဖများအပေါ်ထားရှိနေတဲ့စိတ်ကတော့နီးနီးလေးဖြစ်တာမို့( ဝေးနေတုံးဘဲ..ခန္ဓာ.၊ နီးနေဆဲပါ....စိတ်)လို့မှတ်ယူရင်း
( နီးသောခန္ဓာ..နှင့်နီးသထက်နီးသောစိတ်)အမြန်ဆုံးဖြစ်ပါစေလို့.မိဘကျေးဇူးဆပ်နေကြသောဝေးရပ်မြေမှ
သားကောင်း ၊သားမြတ်ကို ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
နတ်လူသာဓုခေါ်ဆိုထိုက်သောသူသို့
မေတ္တာရည်လျက်
ခင်မိုးညို
