အသက်နဲ့ထပ်တူ
ဒီပုံလေးမှာ ကျမ တို့ငယ်စဉ် မိဘက ခြေတွေလက်တွေဆေးပေးခဲ့ပါတယ်။မိဘတွေကြီးလာတော့
ကျမတို့ကတလှည့်ခြေလက်တွေကိုဆေးပေးရမှာပေါ့။ ဒီပုံလေးကိုမြင်တော့ ကျမရင်မှာ ကြည်နူးမိတယ်။မိဘကို ခုလို သားသမီးတွေကတလှည့်ပြန်ပြီး ပြုစုကြရဲ့လားလို့လဲတွေးမိတယ်။
ကျမရဲ့ဘ၀မှာ မိဘကို ချစ်တဲ့စိတ်၊လေးစားတဲ့စိတ်က လူမှန်းသိတတ်ကတည်းကသန္ဓေတည်ခဲ့တာမို့၊အသက်ရလေလေ၊စာတွေဖတ်ဖြစ်လေ၊တရားတောတွေနာဖြစ်လေ...မိဘကိုပိုပိုပြီးချစ်မြတ်နိုးလေပါဘဲ။နောက်ဆုံးမိဘကို အသက်နဲ့ထပ်တူပြုစုမယ်၊ကျမအသက်ရှင်နေသရွေ့ မိဘကို ကျွေးမွေးပြုစုပြီး ၊ရိုသေကိုင်းညွှတ်စွာနဲ့ခုဒီဘ၀ကို ဖြတ်သန်းမယ်လို့ဆုံးဖြတ်ခဲ့တယ်။
ခု ..အမိရော အဖ ပါ မရှိတော့ပါဘူး..။ဒီတော့မိဘအရွယ်မြင်သမျှကို လိုက်ပြီးကြည့်ရင်း..ပြုစုခွင့်ရရင်ပြုစုပါတယ်..။သားတွေသမီးတွေနဲ့သိုက်သိုက်ဝန်းဝန်းတွေ့ရင် ကြည်နူးတယ်။
ဒီလိုဘ၀တွေရဘို့ ခဲယဉ်းလှပါတယ်။တချို့  ပစ္စည်းဓနအားလုံးပြည့်စုံကြပေမဲ့
အမိနဲ့အဖရဲ့လူမူရေးနေထိုင်မူကအဆင်မပြေ။သားသမီးတွေကလဲ အဆင်ပြေသလိုနေထိုင်ကြနဲ့..မနွေးထွေးကြပါဘူး။ငွေပေးလိုက်ရင်ပြီးရောဆိုတဲ့
စိတ်နဲ့ရပ်တည်နေထိုင်လာကြတဲ့အခါ..မေတ္တာရဲ့နွေးထွေးခြင်း၊ဂရုဏာတရားရဲ့ကြင်နာခြင်းနဲ့မေတ္တာနဲ့ဂရုဏာတရားကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ရဲ့စွမ်းအားနဲ့ စွမ်းအင်တွေကိုလဲ မသိနိုင်သလို ခံစားခြင်းလဲ မရရှိတော့ပါဘူး။
ကျမအသိတွေမှာ ရှိပါတယ်။သူတို့အိမ်မှာအဖွားရှိတယ်။ဒါပေမဲ့အခန်းတခုထဲမှာတစ်ယောက်တည်းရယ်မှတစ်ယောက်တည်းရယ်ပါ။ကျမ ရောက်သွားရင် ကျ မ နဲ့အဖွားစကားပြောဖြစ်တယ်။
အဖွားရဲ့အေးစက်နေတဲ့လက်တွေကိုဆုပ်နယ်ပေးဖြစ်တယ်။အဖွားရဲ့ တောက်ပလာတဲ့
မျက်ဝန်းကိုကြည့်ပြီးအမည်မသိခံစားမူချဉ်းနင်းဝင်ရောက်လာပါတယ်။ပီတိဖြစ်ပါလိမ့်မယ်။နောက်တော့ အဲဒီအဖွားဆုံးသွားတယ်။
ကျမအဲဒီအိမ်ကိုခုချိန်ထိမသွားတော့ဘူး။အဖွားရဲ့အရိပ်တွေကို သူတို့မသိနိုင်ပေမဲ့ကျမသိနေတယ်။တွေးရင်းနဲ့တောင်ဆို့နင့်လာလို့ မသွားဖြစ်တော့ဘူး။ခုချိန်မှာတော့ ကျမကိုယ်တိုင်အသိတရားရှိလာပြီမို့ သွားနိုင်လိမ့်မယ်ထင်ပါရဲ့..။ဒါပေမဲ့ မလှမ်းဖြစ်သေးပါဘူး..။
ကျမ ပြောချင်တာလေးက အလွန်အဖိုးတန်တဲ့သက်ရှိအရာတွေ ကိုယ့်ဘ၀ထဲမှာရှိနေချိန်မှာ....တန်ဖိုးထားတတ်စေချင်တာပါဘဲ..။မိဘတွေရဲ့စိတ်ဟာ
သူတို့ဘ၀.ဘ၀ရေဆန်လေထန်ပေမယ့်
နေ့နေ့ညည သားသမီးတွေကိုသတိရနေကြပါတယ်။ကျမတို့ဘဝ
အနိမ့်အမြင့်ရယ် မညီမညာ လျှောက်လှမ်းနေရပေမယ့်
ဘ၀အားမာန်တွေ ကို သူတို့နိုင်စွမ်းသောအားလေးနဲ့အားပေးနေခဲ့တာပါဘဲ။ကျမတို့မှာ
ဘာမှမရှိလဲ လက်ကမ်းခေါ်နေကြတာပါဘဲ။မိဘတိုင်းသားသမီးတွေကိုမိုးကောင်းကင်မှာပြည့်စုံသလို့ မြေကြီးပေါ်မှာလည်း ပြည့်စုံပါစေလိုတဲ့စိတ်ထပ်တူရှိကြပါတယ်။
မိဘဆိုတာ ကိုယ်ရဲ့ သားသမီးတွေအပေါ် ဘယ်လောက် ချစ်မြတ်နိုးတယ် မေတ္တာထားတယ်ဆိုတာ ပြောပြစရာတောင် မလိုလောက်ပါဘူး ကိုယ်ရဲ့ မိဘအကြောင်း ကိုယ်သာလျှင့် အသိဆုံးမို့  မိဘကျေးဇူးမဆပ်နိုင်ရင်တောင်
မိဘကျေးဇူးကိုမစော်ကားမိအောင် နေထိုင်ကြပြီး...အသက်နဲ့ထပ်တူ မိဘ များကိုပြုစုနွေးထွေးကြပါစို့လို့....... မကြာမှီ ရောက်ရှိလာတော့မဲ့...2014 နှစ်ကို ကြိုဆိုလိုက်ပါတယ်။
အသက်နဲ့ထပ်တူ မိဘကိုမြတ်နိုးတဲ့
မေတ္တာရည်လျက်
ခင်မိုးညို