တနေ့ စာတိုတစ်ခုဖတ်လိုက်ရသည်။စာတိုဆိုသော်လည်းဘ၀အတွက် အနှစ်ပမာဏကြီးမား၏။ထို့ကြောင့်
စာရေးချင်သညှ်ုစိတ်ပြင်းပြကာဤစာကိုရေးဖြစ်ပါသည်။
လူတစ်ဦးငါးမြှားနေ၏။ငါးထည့် ရန် ပလိုင်းဖွင့်ထားသည်။ငါးမရှိသော်လည်း ဂဏန်းများစွာရှိ၏။ ထိုစဉ်
စက်ဘီးစီးလာသူတစ်ဦးက ဘာလို့ အဖုံးဖွင့်ထားတာလဲ..ဂဏန်းတွေထွက်ကုန်မယ်လေ..ဟုပြောပြောဆိုဆို သတိပေးသောအခါ....ငါးမြှားသူက
ရယ်မောလျက် ဂဏန်းမို့အဖုံးဖွင့်ထားတာဗျ..။ဂဏန်းဆိုတာမျိုးးကတစ်ကောင်တက်လာရင်
.အောက်ကကျန်ခဲ့တဲ့အကောင်က ဆွဲချတာဗျ..။ဒါကြောင့်ဂဏန်းတွေကအပြင်မရောက်နိုင်ဘူး..
ဟုပြန်ပြောသောအခါ ..စက်ဘီးသမားက အော်..ဒီလိုလား..ဟူ၍ ပြုံးရယ်ကာဖြင့်.
.ပလိုင်းကိုကြည့်ကာ ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။..
ထိုစာကို ဖတ်၍ အသိတစ်ခုရလိုက်ပါသည်။လူ့ဘုံလောကလူလောကတွင်.တစ်ဦးတစ်ယောက်
အဆင်ပြေကောင်းမွန်နေလျင်..၀မ်မြောက်ရွှင်လန်းသောစိတ်ဖြင့်ပီတိတဖွားဖွားဖြစ်နေရမည့်အစား...
မနာလိုမရှူ့ စိတ်ဖြင့် ဒုက္ခရောက်ရာရောက်ကြောင်းဖြစ်အောင်ဖန်တီးပြီးစိတ်သောကဖြစ်ရန်
ပြုမူဆောင်ရွက်ကြကုန်သည်ကိုတွေ့မြင်ရသောအခါ၊ ဂဏန်းကောင်ကဲ့သို့ ဒုက္ခတွင်းသို့ဆွဲချနေသူတွေရှိနေပါသေးလားဟူ၍စဉ်းစားမိကာ..လူတစ်ဦး၏အကျိုးကောင်းအတွက် ၀ိုင်းဝန်းကူညီထမ်းရွက်လိုစိတ်ရှိလျင်....။
နိုင်စွမ်းသောစေတနာကောင်းဖြင့်ဖေးမကူညီကြလျင်။..
.မိမိနှင့်တကွ..မိမိဝန်းကျင်...မိမိနိုင်ငံ..ဤကမ္ဘာသည်
အဘယ်မျှကြည်နူးဖွယ်ဖြစ်လိမ့်မည်လဲဟု တွေးဆကာဖြင့်...မုဒိတာစိတ်..ကို ရင်နှင့်အမျှထားရှိလျက်နေထိုင်သွားပါမည်ဟူသော..အသိစိတ်ကို မျှဝေပေးအပ်လိုက်ပါသည်။
ပုံပြင်တစ်ပုဒ်..ဆိုငြားပေမူ
ပုံပြင်ဟုပင်မှတ်ယူလေ......။
စင်စစ်ဧကန်.....အမှန်ပင်ဟု
မှတ်ယူဆက....အမှန်ပင်ဟု..မှတ်ယူလေ...........။
မေတ္တာရည်လျက်
ခင်မိုးညို