Thursday, August 7, 2014

အမြတ်နိုးဆုံးအရာ

          အမြတ်နိုးဆုံးအရာ
ကုသိုလ်စိတ်နဲ့အတူစိတ်ချမ်းသာကြပါစေ
။ဒီနေ့ဘဲ .facebook.က်ုဖွင့်ဖြစ်ပါတယ်။
ကျန်တဲ့ကာလမှာ Mid-Term Review ဆွေးနွေးပွဲအတွက်ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကွန်ပျူ တာ ၀န်ထမ်းနဲ့အတူ ဆွေးနွေးမဲ့အကြောင်းအရာတွေ၊ဆွေးနွေးမဲ့အစီအစဉ်တွေ၊ powerpoint/soft copy/ hard copy၊၊အကြောင်းအရာအားလုံးက်ု အဓိပါယ်မသွေဖီစေဖ်ု့ပြန်လည်စိစစ်ပြှီး လုပ်ဆောင်နေလို့
ခုမှစာရေးဖြစ်ပါတယ်။
ခုဆိုရင် ၀ါတွင်းကာလဖြစ်ပါတယ်။ တပို့တွဲလပြည့်နေ့ကစပြီးန၀င်္ကသီလဆောက်တည်လျက်ပါဘဲ။သီလနဲ့နေစဉ်နေထိုင်တဲ့စိတ်၊ကိုယ် နှစ်ခုစလုံးငြိမ်းအေးနေပါတယ်။ မိဘကို အမျှပေးဝေရာမှာလည်းသားသမီးတစ်ယောက်အနေနဲ့ခံစားရတဲ့ပီတိကို ပြောမပြနိုင်အောင်ပါဘဲ။ကျမ နိုင်တဲ့အားလေးနဲ့ပါ။
ပြန်ပြီးအစားထိုးလို့မရတဲ့အရာနှစ်ခုဖြစ်တဲ့မိဘနဲ့ အချိန်ကို ကျမဘ၀ရဲ့ထပ်တူ၊ အသက်
နဲ့အမျှ အလုပ်အကျွေးပြုပြီးတန်ဖိုးထားသွားမှာဖြစ်ပါတယ်။ဒါကြောင့်အသက်အရွယ်ကြီးရင့်
ပြီးမိဘအရွယ်တွေကို..မိရင်းဖမခြားပြုစုပါတယ်။
ဒါရ်ုက်တာမောင်ဗေဒါရဲ့ ( အမေမရှိလျင်မဖြစ်ပါ )ဆိုတဲ့ ဆောင်းပါးကိုဖတ်ပြှီးအမေ့ ကိုပိုပြီး
သတိရတယ်။
မရပ်မနားသွားနေတဲ့အချိန်နဲ့အမျှ အသက်တွေရလာပါပြီ။ကိုယ့်မိဘနေရာကိုရောက်လာကြတော့ မယ်။ အဲဒီအချိန်ကျမှ နောင်တမရချင်ဘူး။
ကျန်တဲ့ ရက်ကာလမှာ ၀မ်းကိုက်တော့ အားနဲသွားပါတယ်။အဲဒီအချိန်မှာ ကျမစပြီးတွေးလိုက်တာက မိဘအပေါ်ကျမရဲ့ဝတ္တရားဘယ်လောက်လုပ်နိုင်ခဲ့လဲ ဆိုတာနဲ့ တာဝန်ဘယ်လောက်ကျေ ခဲ့လဲဆ်ုတာပါဘဲ။
ဒါဟာကောင်းသောအတွေးဖြစ်ကြောင်းနဲ့ကောင်းမူတစ်ခုဖြစ်ကြောင်းကို ပညာအသိနဲ့ပိုင်းခြားပါတယ်။
ဒီလိုဘဲ မိဘတွေအပေါ်သားသမီးတိုင်းခံစားစေချင်ပါတယ်။
ဘ၀မှာ တကယ်အရေးကြီးပြီးတန်ဖိုးထားရမဲ့အရာကို သွေးနဲ့ အတူလည်ပတ်နေ

သရွေ့မြတ်နိုးနိုင်ကြပါစေလို့ဆန္ဓပြုလျက်
မခင်မိုးညို