Wednesday, October 15, 2014

သာသနာ့ဖခင်






ကေလာသဆံတော်ရှင်
သုဝဏ္ဏဘူမိမြို့ဟောင်းတည်ရာလည်းဖြစ်သော အရှင်သောဏ နှင့် ဥတ္တရမထေရ် တို့ သာသနာသက္ကရာဇ် ၂၃၅ ခုနှစ် ၊ ဘီစီ ၃၀၉ တွင်ကြွတော်မူခဲ့သည့် တတိယ သင်္ခါယနာတင်ခေတ်ကတည်းက တည်ရှိခဲ့သော ကေလာသတောင်ကို ရှာဖွေတွေ့ရှိမွမ်းမံပြင်ဆင်ခဲ့ပါသည်။
ဆရာတော်သည် သီရိဓမ္မာသောကမင်းလက်ထက်က ကိုးတိုင်းကိုးဌာန သာသနာပြုခရီးစဉ်တွင် ပါဝင်သောသုဝဏ္ဏဘူမိ၊ ကေလာသ တောင်ထိပ်တွင် ဗြဟ္မဇာလသုတ် ဟောခဲ့ရာ တောင်တော်ကြီး တစ်ခုလုံးကို ဘက်စုံမွမ်းမံပြင်ဆင်ခဲ့သည် ။ သုဝဏ္ဏဘူမိတစ်ခွင်ရှိ ဆံတော်ရှင်အားလုံးလိုလို ဖွင့်ဖော်ပြီးစီးပြီးနောက် အောင်ပွဲသဘင်ကို သာသနာ ၂၅၅၅ ခုနှစ်ကိုကြိုဆိုသောအားဖြင့် ရှင်ရဟန်း ၂၅၅၅ ပါးကို ရဟန်းခံရှင်ပြု ပြုလုပ်ခဲ့ရာ သာသနာ့နွယ်ဝင် သီလရှင်အပါဝင် အပါးပေါင်း ၄၅၀၀ ကျော်အထိရှိသော သာသနာ့အောင်ပွဲကြီးကို ကေလာသတောင် တွင် ကျင်းပခဲ့သည်။
.............သုဝဏ္ဏဘူမိဆံတော်ရှင်သာသနာဘလော့မှကူးယူ၍တင်ပြပါသည်။
ကျေးဇူးအထူးတင်အပ်ပါသည်။
ဆရာ့တော်အားဤ မနက်အိပ်မက်မက်ပါသည်။ထို့ကြောင့်ဆရာတော်နှင့်
ပတ်သက်၍ဦးစွာတွေ့သောသာသနာ့အကြောင်းအရာကိုတင်မည်ဟု စိတ်မှပိုင်းဖြတ်ခဲ့ပါသည်။
သို့ပါ၍ အထက်ပါကေလာသဆံတော်ရှင်အကြောင်းအရာကိုဦးစွာတွေ့ရှိဖူးမြင်ရပါသဖြင့်
တင်လိုက်ပါသည်..။
ကျိုက်ထီးဆောင်းဆံတော်ရှင်ဘုရားကြီးသာသနာ့ဖခင်ဆရာတော့် အား အထက်ပါ စာဖြင့်ဦးတင်၍ကန်တော့အပ်ပါသည်။
မေတ္တာရည်လျက်
မခင်မိုးညို