Wednesday, December 14, 2011

တမ်းတခြင်း တစ်ဆယ့်ကိုးနာရီ

ချစ်သော မ.နဲ့ ... အဆက်အသွယ် ပြတ်နေတာ နာရီပေါင်း(၁၉) နာရီ ကျော်ပြီ
လောကကြီးက သိတ်ပြီး... ချောက်သွေ့နေတယ်နော်
မ.... နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။
မောင်စိန်ဝင်းပုတီးကုန်းရဲ့ “ချစ်သူ”ဆိုတဲ့ ကဗျာလေးကို တိုးတိုးလေး ရေရွတ်နေမိတယ်...

ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

.......................... မောင်စိန်ဝင်း(ပုတီးကုန်း)


မ ကို အရမ်းလွမ်းဆွတ်တမ်းတ သတိယနေတဲ့
မောင်(789)