
ချစ်ခြင်း မေတ္တာတရားဖြင့် အေးချမ်းပါစေအံ့
ကြင်နာသော နွေးထွေးသော ကျွန်ုပ်၏ လက်များဖြင့် ဖေးမပါအံ့...
သင်သည် အသက်ရှည်စွာဖြင့် ကျွနင်္ုပ်နှင့်အတူ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းပါလော....
ကျွန်ုပ်သည် အသက်ရှင်သမျှ ကာလပါတ်လုံး သင်၏ ခြေလက် ဖြစ်ရပါစေအံ့...
သင်သည် မနက်ခင်းလေးကို အစပြု၍ တနေ့တာပါတ်လုံး ပျော်ရွှင်မှု့သည် သင်နှင့်အတူ ရှိနေပါစေ....
သင့်အား စိတ်ချမ်းသာစေမည့် သူများနှင့် ဆုံတွေ့ပါစေ.....
သင်သည် မည်သည့်နေရာသို့ ရောက်ရှိနေသည်ဖြစ်စေ
ကျွန်ုပ်သည် သင့်ထံသို့ မရောက်ရောက်အောင် လာခဲ့ပါမည်....
လမ်းခရီးတို့ မည်မျှဝေးနေပါစေ.. မည်မျှလောက် ကြမ်းတမ်းနေပါစေ ရောက်အောင်လာမည်....
ထိုအခါ သင်သည် ကျွနင်္ုပ်အား သင်၏ လှပ၍ နူးညံ့နွေးထွေးသော လက်များဖြင့် ကမ်းလင့်ပါလော....
သင်၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ရသည်မှာ ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်ရသလိုပါတည်း......
မ.၏ ချစ်မြတ်နိုးလှသော.
မောင်(ထာဝရ-789)