မောင်..ပြန်ပြီနော်..အနမ်းများစွာနဲ့.မောင့်ထာဝရ..မ..789
မ.ရေ...
မရဲ့ အဲဒီစကားသံလေးကို မောင်ကြားယောင်မိတယ်....
ညနေဘက် မ ပြန်ခါနီးတိုင်း မောင့်ကို ပြောနေကျ စကားသံလေးပဲ...
ဒီနေ့တော့ ကြားနေကျ မရဲ့ အသံလေးတွေကိုလည်း ကြားခွင့် မရခဲ့ပါ။
မောင်လည်း “မ.ကို နမ်းလိုက်တယ်နော်” ဆိုတဲ့ စကားလေးကိုလည်း မပြောလိုက်ရတဲ့ ဒီညလေးပါ။
မောင်နဲ့ မ . ဝေးနေတယ်လို့ ထင်ပါသလား...
မဝေးပါဘူး မရယ်။
အခု မောင်က မ.ကို သတိယတမ်းတနေတာ မ.ရဲ့ အနားမှာ ရှိနေတာပဲပေါ့။
မ.လည်း မောင့်ကို တမ်းတနေမှာ မောင် သိတယ်။ ဒါကြောင့် မ.လည်း မောင့်နဲ့ အတူ ရှိနေတယ်...
မ . ပြောနေကျ မောင်ရေ... သတ္တိရှိရမယ်ဆိုတဲ့ စကားလေးက မောင့်ရဲ့ သွေးတွေကို နွေးထွေးစေတယ်....
ယောက်ျားလေးဆိုတာ ကြန့်ခိုင်ရမယ်နော် ဆိုတဲ့ အသံလေးကတော့ မောင့်ကို အင်အားတွေ မွေးဖွားပေးတယ်...
ဘာပဲ ဖြစ်ဖြစ် မောင့်ကို စိတ်ချပါနော်.....
ရိုးသားခြင်းနဲ့ ကိုယ်ကျင့်တရားကို ဖက်တွယ်ထားရင်း မနက်ဖြန်ပေါင်းများစွာကို မ.ဆိုတဲ့ အသိလေးနဲ့..
မောင် ခရီးဆက်နေပါ့မယ်....
မောင်လည်း နေကောင်းပါတယ်။ စိတ်မပူနဲ့နော်....
မ လည်း ကျန်းမာရေး ဂရုစိုက်ပါကွာ....
မောင် အားလုံ အဆင်ပြေပါတယ်....
မရဲ့ ချစ်မြတ်နိုးတဲ့
မောင် (789)
အနှိုင်းမဲ့မေတ္တာနဲ့အဆုံးမဲ့မြတ်နိုးခြင်း