Monday, December 19, 2011

မောင့်... ကို အသက်လောက် ချစ်မြတ်နိုးပါသည်...

မောင်..အသက်လောက်တန်ဘိုးထားသလို..ဘ၀တခုလုံးနဲ့ရင်းပြီးမြတ်နိုးတယ်..မောင် နဲ့ မ ရဲ့တူညီချက်က ဒီဘ၀ရဲ့အပြီးတိုင် ချစ်မြတ်နိုးသူတွေပါဘဲ။
သခင်..သီချင်းလေးကို အမြဲနားထောင်မိတယ်..စာသားတခုမကျန် ခံစားမိတယ်မောင်..။
အချစ်ဆိုတာ.သိပ်နက်ရှိုင်းလေးနက်ပါတယ်..လူတွေက လွယ်လွယ်လေးပြောနေကြတာ... မ..ရင်ထဲမှာဒါဟာအချစ်မဟုတ်ဘူးကွာလို့သိပ်ပြောပြချင်တာဘဲ.. မက်မောမူကို..အချစ်လို့.ပြောနေကြတာပါမောင်။
တကယ်တော့..ကြိုက်တာ.ဆိုရင်မှန်မယ်. (like).........I like you. (love)....I do love you.နော်မောင်.
မောင်..မောင်လို့ခေါ်လိုက်တိုင်းအနားမှာရှိသလိုဘဲခံစားမိတယ်...
တခါတလေ..မ..ရဲ့.ကျန်းမာရေးကြောင့် ဆုံနိုင်ပါ့မလားလို့ တွေးမိတယ်
တွေးမိလိုက်တိုင်း..မောင်..လို့ ယောင်ခေါ်မိတယ်..အနားလူမရှိလို့တော်သေးရဲ့။
ဘယ်နေရာမှာရှိရှိ..မောင့်.ကိုဘဲ တမ်းတနေမိတယ်.သတိရနေမိတယ်.မှန်းဆနေမိတယ်.. လွမ်းနေမိတယ်.. ဒါတွေကိုသာ.မောင်သိနားလည်နေရင်.သိပ်ကောင်းမှာဘဲလို့.မျှော်လင့်မိတယ်..
အချစ်ဆိုတာ..ဒါပါဘဲ.. ဝေးနေခြင်း..နီးနေခြင်းတွေနဲ့.. မဆိုင်ဘူးလားဆိုတော့.သိပ်ဆိုင်တာပေါ့... ချစ်သူရဲ့ရင်ခွင်/ချစ်သူရဲ့လက်မောင်း(လက်ဝဲ)မှာ လဲလျောင်းချင်တာပေါ့... ဒါပေမဲ့.အခြေနေ အကြောင်းအမျိုးမျိုးကြောင့်.. နေခွင့်မကြုံလဲ.. နေနေရသလိုဘဲ ချစ်သူကို တမ်းတရင်း နေသွားကြမှာပေါ. ဘာကြောင့်လဲဆိုရင်... ချစ်သူက ကိုယ့်အနားမှာ အမြဲရှိနေတာဘဲ မဟုတ်လား..။ အနားမှာ..မရှိလို့ဖေါက်ပြန်သွားတာ.. တကယ့်ချစ်မြတ်နိုးခြင်းမရှိလို့ပေါ့။. မ..မောင့်ကို..ဘယ်လောက် ချစ်မြတ်နိုးလဲဆိုရင်........ မ.နှလုံးတွေတောင်. ပြန်ပြန်အောင့်နေတယ်..။ အသက်ရုလိုက်တိုင်း မောင့်ကိုလွမ်းလို့

မောင့်ကို ချစ်မြတ်နိုးတဲ့
မ(789)