ကမ်းစပ်လေး တစ်ခုကို သွားပြီးတော့...
တလိမ့်လိမ့်တက်လာတဲ့ ပင်လယ် လှိုင်းလုံးကြီးတွေကို ငေးမောကြည့်လိုက်တယ်..
ပြီးတော့ ကျွန်တော် အသက်ကို တစ်ဝကြီး ရှုသွင်းလိုက်တယ်....
ပြီးတော့ ကျွန်တော် လက်နှစ်ဘက်ကို ကျွန်တော့် ပါးစပ်ဝမှာ ကာလိုက်ရင်း ...
မ.... ရေ
မ.....ရေ
မ......ရေ လို့ အသံကုန် အော်ဟစ် ခေါ်ပစ်လိုက်တယ်....
လေထဲမှာ လွင့်ပြန့်လာတဲ့ ကျွန်တော့ အော်သံကို မ. သေချာပေါက် ကြားမှာပါ...
မ... နာရီကို ကြည့်ဦး..
အခု (၂း၁၅) အိပ်လို့ မရဘူး..
နေ့တိုင်းပဲ...
မ.....
နေမကောင်းဘူး မဟုတ်လား...
ငါသိတယ်....
မ. တစ်ခုခု ဖြစ်နေတာနေမှာ....
ဘာဖြစ်နေတာလဲ...
ပြောကြစမ်းပါ...
ငါ .. အရမ်း စိတ်တွေ ပူလောင်နေလို့ပါ....
ငါ ဘာမှ မသိရဘူး....
မ.က ငါ့ကို ဘယ်တုန်းက (၁) မိနစ်ပြည့်အောင် အဆက်အသွယ် မလုပ်ဘဲ နေဘူးလို့လဲ....
ငါ့ အသံကို မကြားရရင်တောင် မနေတတ်တဲ့ မ.ပါ...
မ. မင်းကို ငါယုံတယ်...
မင်း ... တစ်ခုခု ဖြစ်နေတာလို့ ငါထင်တယ်....
ငါ ဘာလုပ်ရမလဲဆိုတာတောင် ငါ့ကိုယ်ငါ မသိဘူး.....
ငါ... မနေတတ်တော့ဘူး....
ငါ.. အရမ်း ၀မ်းနည်းလာတယ်... ငါ့ကိုငါ စိတ်တိုလာတယ်...
ဘာကြောင့်လဲ....
မ ... နေကောင်းပါတော့.....ကွာ...
ငါ .... တစ်ယောက်တည်း ငိုပါရစေ....
ငါ... အရမ်းလွမ်းတယ်ကွာ....
တစ်ရက် ... ငါ ... ဘယ်လို ကျော်ဖြတ်ရမလဲ....
နှစ်ရက် ... ငါ ခံနိုင်ရည် မရှိတော့ဘူး....
အား.... ငါ့ကို ထွက်ပေါက်လေး ပေးကြပါ....
ပင်လယ်ကမ်းစပ်လေးကနေ တစ်ဆင့် ငါ့ရဲ့ အသံကုန် အော်ဟစ်သံကို မ. မင်းကြားရမှာပါ....
ငါ... မင်းကို သေမလောက် ချစ်တယ်.....
ငါ... မင်းကို အသက်ထွက်မတတ် လွမ်းဆွေးနေတယ်....
မင်း အမြန် နေကောင်းပါတော့....
တစ်ယောက်တည်း ကူကယ်ရာမဲ့နေတဲ့ ငါ့အတွက် မင်းရဲ့ ကျန်းမာခြင်းဟာ ထွက်ပေါက် ဖြစ်တယ်....
ငါ. မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ မ.ရဲ့ ပုံလေးကို မြင်ယောင်နေရတယ်...
မ... မင်း စိတ်မကောင်း ဖြစ်နေမှာ...
မင်း.... ငါ့လိုပဲ ငိုကြွးနေမှာ....
ငါ့လိုပဲ တညလုံး မအိပ်စက်ဘဲ နေနေမှာ ငါမြင်နေရတယ်...
မ...
မ....
မင်းကို တစ်သက်လုံး ငါစောင့်နေမယ်............
ငါ့ရင်ဘတ်ထဲက အောင့်လာလိုက်တာ.....