Tuesday, January 10, 2012

အချစ်စစ်ရဲ့ အားမာန်

ချစ်မြတ်နိုးတဲ့ မ.
မောင် .. မ.ကို လက်ဆောင်လေးပေးလိုက်တယ်။ အချစ်စစ်ရဲ့ အားမာန်တဲ့။ အဲဒီလက်ဆောင်လေး ပေးဖို့အတွက် နံက် (၄း၃၀) မှ အိပ်ယာဝင်ရတယ်နော်။ မနက် အိပ်ယာထ နောက်ကျရင် နားလည်ပေးပါ... လက်ဆောင်လေးနဲ့အတူ ပျော်ရွှင်နိုင်ပါစေ...

အရမ်း ချစ်မြတ်နိုးတဲ့ မောင် (789)



......အချစ်စစ်ရဲ့ အားမာန်........

တေးဆို - ထွန်းထွန်း နှင့် သဇင်

ရင်ဆိုင်ကာလေ ကျော်ဖြတ်မယ်
ဒို့နှစ်ယောက်အတူတူ
ဘယ်လိုအရာတွေကာဆီးပစေ
ရင်ဆိုင်မယ် အချစ်ရဲ့ လက်တစ်စုံနဲ့
တွေဝေကာလေ မနေနဲ့ကွယ်
အချိန်တန်ရင်တော့ အားလုံးပြည့်စုံမယ်
နာကျင်စရာတွေ ရှိထားလည်း
ခံနိုင်ရည်နဲ့ ရှေ့ဆက်ကြမယ်လေ

အချစ်စစ်ရဲ့ အားမာန်တွေနဲ့
အန္တရာယ်တွေ ဘယ်လိုကြုံလည်းကွယ်...
စွန့်စားကြမယ် ချစ်သူလေးရယ်.. ဟိုး...
ဒုက္ခရဲ့ လှိုင်းဒဏ်တွေလည်း
အတူတူ ရွက်လွင့်ကြမယ်...
တို့နှစ်ဦးရဲ့ အချစ်တွေနဲ့...

အကြင်နာတွေကို ဝေမျှမယ်....
ကိုယ်လေ မင်းအတွက် အသင့်ပါပဲ...
ယုံကြည်ပါတယ် အချစ်လေးရယ်...
အပိုတွေပြောဖို့ သိတ်မလိုဘူး...
ငါရင်ခုန်တာ ဒီတစ်သက်စာ
နင့်တစ်ယောက်တည်းပဲ ချစ်မှာပဲ...
နေ၀င်ချိန်တွေ အတူရှိမယ်..
သာယာလှပတဲ့ ကမ္ဘာထက်

အချစ်စစ်ရဲ့ အားမာန်တွေနဲ့
အန္တရာယ်တွေ ဘယ်လိုကြုံလည်းကွယ်...
စွန့်စားကြမယ် ချစ်သူလေးရယ်.. ဟိုး...
ဒုက္ခရဲ့ လှိုင်းဒဏ်တွေလည်း
အတူတူ ရွက်လွင့်ကြမယ်...
တို့နှစ်ဦးရဲ့ အချစ်တွေနဲ့...


ရင်ဆိုင်ကာလေ ကျော်ဖြတ်မယ်
ဒို့နှစ်ယောက်အတူတူ
ဘယ်လိုအရာတွေကာဆီးပစေ
ရင်ဆိုင်မယ် အချစ်ရဲ့ လက်တစ်စုံနဲ့
တွေဝေကာလေ မနေနဲ့ကွယ်
အချိန်တန်ရင်တော့ အားလုံးပြည့်စုံမယ်
နာကျင်စရာတွေ ရှိထားလည်း
ခံနိုင်ရည်နဲ့ ရှေ့ဆက်ကြမယ်လေ

အချစ်စစ်ရဲ့ အားမာန်တွေနဲ့
အန္တရာယ်တွေ ဘယ်လိုကြုံလည်းကွယ်...
စွန့်စားကြမယ် ချစ်သူလေးရယ်.. ဟိုး...
ဒုက္ခရဲ့ လှိုင်းဒဏ်တွေလည်း
အတူတူ ရွက်လွင့်ကြမယ်...
တို့နှစ်ဦးရဲ့ အချစ်တွေနဲ့...

ဒီနေရာလေးမှာ အေးဆေးနားထောင်လို့ ရတယ်နော်မ