ကောင်းကင်ကြီးကို ကြည့်လိုက်ရင်၊ အာကာသော အနန္တောတဲ့.....။ နှလုံးသွင်းလိုက်ရင်..... ကောင်းကင်ကြီးက ကျယ်လိုက်တာ......။ အနန္တ...အဆုံးမရှိဘူးတဲ့...။ အာရုံပြုနေတာ..။ အကာသာနဉ္စယတန ကုသိုလ်..ပါ။ အာရုံပြုနေတာ..မ..။ စိတ်က...ကောင်းကင်ကျယ်တာကို.. သိနေတာ.. ။ ကျယ်တာကိုသိတဲ့စိတ် က ၀ိညာဏဥ္စယတန ကုသိုလ်..စိတ်ပါ..။
မောင်..မအပေါ်မှာထားရှိတဲ့ချစ်မြတ်နိုးခြင်းတွေကို.. မိုးကောင်းကင်နဲ့ ထပ်တူပမာပြု တင်စားပါတယ်..၊ အဆုံးမရှိ..အနှိုင်းမခံနိုင်တဲ့.၊. မေတ္တာနဲ့မြတ်နိုးခြင်းတွေ..လို့ ..မ.သိထားနားလည်ပါတယ်..။ ဒါကြောင့်.. တစ်ယောက်တည်း.. နေရတဲ့အချိန်မှာ ကောင်းကင်ကျယ်တာကို အာရုံ ပြုတယ်..။ အာရုံအတိုင်း..စိတ်ဖြစ်တယ်..။ အာရုံတူ စိတ်တူ အာရုံက ကောင်းကင်ကြီး ဆိုရင် စိတ်ကလဲ ကောင်းကင်ကြီးဖြစ်ပါတယ်.....။
မော်ပြီးကြည့်နေဆဲမှာဘဲ. မောင့်ကို ပြောခဲ့တဲ့ (မောင်..ခမောက်ကြယ်လေးကိုတွေ့လား.. သောကြာဂြိုလ်..တွေ့လား... ကြာသပတေးဂြိုလ်တွေ့လားနဲ့)လား ပေါင်းများစွာတွေ မေးခဲ့တယ် ..။ လ..ကို ကောတွေ့လား..ဆိုတာကလဲ ပါသေးရဲ့).... နောက်ဆုံးအချိန်ထိ..... ကြည်နူးစွာနဲ့..ကျယ်ပြန့်တဲ့. မိုးကောင်းကင်ကို..ကြည့်နေမယ်...။
