Saturday, February 4, 2012

အရည်အချင်းရှိသူ...

မ ... က ကျွန်တော့်ကို ဒီနေ့ ပြောတယ်...
အပျော်ဆုံးလူဆိုတာ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့
အရည်အချင်းတွေ အရည်အသွေးတွေကို
မှန်မှန်ကန်ကန် သိမြင်နိုင်ပြီး အမြင့်မားဆုံး
အကောင်းဆုံးဖြစ်အောင် ထုပ်ဖော်နိုင်ရမယ်တဲ့....
အဲဒီစကားလေးကို ကြားလိုက်ရပြီးတဲ့နောက်မှာ...
ကျွန်တော်က ဒီလိုလေး တွေးလိုက်မိပါတယ်...
ဒီနေ့ကစပြီး ကျွန်တော်ဟာ ကိုယ်ရဲ့ အရည်အချင်းတွေကို
အမြဲတမ်း မြှင့်တင်သွားနိုင်တဲ့ သူဖြစ်ရမယ်...
ကောင်းတာတွေကို ပိုပြီး လုပ်နိုင်စွမ်းတဲ့ သူ ဖြစ်အောင် ကြိုးစားမယ်....
တစ်နေ့ထက်တစ်နေ့ ပိုပြီး အသိအမြင်တွေ တိုးနေအောင် ...
ကြိုးစားလုပ်ဆောင်မယ်... ပြီးတော့ အချိန်မဖြုန်းပဲ လုပ်သင့်လုပ်ထိုက်တဲ့
အလုပ်တွေကို လုပ်ဆောင်နေရင်း
အရမ်းချစ်မြတ်နိုးတဲ့ ကျွန်တော်ချစ်တဲ့ မ.ရဲ့
ရင်ခွင်ထဲကို တဖြေးဖြေးချင်း တဖြေးဖြေးချင်း တိုးဝင်သွားမယ်လို့
လောကကြီးက ဘာတွေပဲ ဖြစ်နေဖြစ်နေ
ကျွန်တော် မ.ကို အရမ်း ချစ်မြတ်နိုးပါတယ်...
မ . သိမြင်ခံစားနိုင်ပါစေ...
အရမ်းချစ်မြတ်နိုးတဲ့ မောင်(789)