Friday, February 10, 2012

ရိုးသားခြင်းကို တန်ဖိုးထားသူ

မောင်က ပန်းအရိုင်းလေးပါ။
ပန်းအရိုင်းလေးဆိုတော့
တမင်တကာ ပြုစုထားတဲ့ ပန်းမျိုးလည်း မဟုတ်ဘူး။
အဲဒီ ပန်းအရိုင်းလေးနဲ့ တူတဲ့ မောင့်ဘ၀ကို မ.က
သေသေချာချာလေးကို ဂရုတစိုက် ကြည့်တယ်။
ကြည့်တဲ့အခါမှာလည်း
နှစ်သက်စရာကောင်းလိုက်တာ...
ပျော်လိုက်တာဆိုတဲ့ ခံစားမှု့မျိုးလေးကိုလည်း မ. ခံစားရတယ်။
အဲဒီတော့ မရဲ့ နှလုံးသား ၊ မရဲ့ ခံစားချက်က ပိုပြီးတော့ နက်ရှိုင်းသွားတယ်...

မောင့် ဘ၀ဟာ ဘာမှမထူးဆန်းဘူး။
ဒါကြောင့် ပန်းအရိုင်းလေးနဲ့ တင်စားတာ...
တော်တော်တန်တန်လူဆိုရင်
ဂရုစိုက်ပြီး ကြည့်ဖြစ်မှာ မဟုတ်ပါဘူး...
ပျော်လိုက်တာလို့လည်း ခံစားမိဖို့ ဝေးဆွ။
ဘာမှ အရေးမကြီးတဲ့ အရေးမပါတဲ့
ပန်းရိုင်းလေးတစ်ပွင့်မို့ပေါ့...။

မ . ကြတော့ ..
မြက်တွေကြားမှာ ပန်းရိုင်းလေးတစ်ပွင့်
ပွင့်နေတာ ၊ တည်ရှိနေတာကို မြင်တယ်...
မြင်တဲ့ အခါမှာလည်း မ.ရဲ့ စိတ်ထဲမှာ
နှစ်သက်စရာလေး ၊
ပျော်စရာလေးလို့ ခံစားလိုက်ရတယ်ဆိုတော့..
သဘာဝတရားမှာ ရှိနေတဲ့ အရာအားလုံး
ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ရိုးရိုးလေး ဖြစ်နေတာတွေကို
မ.က တန်ဖိုးထားတတ်တယ်။
မြတ်နိုးတတ်တယ်... ချစ်တတ်တယ်ဆိုတော့
ကျွန်တော့်ရဲ့ ချစ်မြတ်နိုးခြင်းများစွာနဲ့ မ.က
ဘယ်လောက် တန်ဖိုးထားစရာ ကောင်းလိုက်သလဲလို့...
မသေဆုံးခင်ကာလတိုင်...
မအိုဟောင်းတော့မည့် အချစ်တွေနဲ့
တန်ဖိုးထား ချစ်မြတ်နိုးသွားမယ်....
မ... သိနားလည်နိုင်ပါစေ..
အရမ်းချစ်မြတ်နိုးတဲ့..
မောင်(789)
(အရမ်းလွမ်းတယ်)