Friday, February 10, 2012

ကိုယ့်အကြောင်းနဲ့ကိုယ်................

ဒီခေါင်းစဉ်လေးကို..ဖတ်မိတာနဲ့....သူ့အကြောင်းနဲ့သူလို့.....အလိုလိုစဉ်းစားမိမှာပါ.....။မိမိစိတ်ကို မိမိ နှစ်သိမ့်လိုက်တဲ့ခေါင်းစဉ်လေးပါဘဲ....။
ကျမတက္ကသိုလ်တက်တော့.အခန်းအတူနေသူငယ်ချင်းနဲ့ကျမ က စရိုက်ခြင်းဖီလာဆန့်ကျင်ပါတယ်..။ဆန့်ကျင်ခြင်းကိုဒီလိုဘဲဖေါ်ပြတော့မယ်..။
ကျမစရိုက် သူငယ်ချင်းစရိုက်
( ၁)စာဖတ် အလှပြင်
(၂ )ဂစ်တာတီး အခန်းလည်
(၃)သီးခြားနေ အများနဲ့နေ
(၄)စာရေး ဈေးဝယ်
(၅)ကံကိုယုံကြည် နတ်ကိုးကွယ်
စသည်ဖြင့်..ဘာမှမတူဘူး..။တူညီတာလေးကတော့ ကျမကသူ့ကိုတကယ်ခင်သလိုသူကကျမကိုတကယ်ခင်တာပါဘဲ..။ဒါကြောင့်အတူနေနိုင်ကြတာပါ..။..ကျမတို့(ဥပဒေ)နဲ့
ကျောင်းပြီးတော့..ဘာသာရပ်နဲ့တခြားစီအလုပ်ဝင်ရတယ်..။တကယ်တမ်းကျတော့ ရှေ့နေ လုပ်ငန်းကို..ကျမတို့မလုပ်ဖြစ်ကြပါဘူး..။
ကျမကအေးအေးဆေးဆေးစာရေးရင်း ဘ၀ကိုရိုးသားစွာဖြတ်သန်းချင်တယ်..။သူငယ်ချင်းကတော့..ဆန့်ကျင်ဘက်ပေါ့..။နောက်...သူကတောင်တန်းဒေသကို..အမူ့ထမ်းဖို့ဖြစ်လာပြီး ကျမက လူတွေနဲ့အများဆုံးပတ်သက်ရမဲ့နေရာမှာ...တာဝန်ထမ်းဆောင်ဖို့ဖြစ်လာပါတော့တယ်..။...ကျမရဲ့စိတ်တွေချက်ချင်းရှူပ်ထွေးသွားပြီး..သူက..ငိုလိုက်တာ...မပြောပါနဲ့တော့..။ကိုယ်ဖြစ်ချင်တာနဲ့ဖြစ်လာတာ..တခြားစီလေ..။ဒီလိုနဲ့..သူငယ်ချင်းနှစ်ယောက်..စာတွေ/ဖုံးတွေနဲ့ဆက်သွယ်ကြပြီး..ဆက်သွယ်တိုင်း.သူ့မှာငိုရတုံးဘဲ...။ကျမကတော့.ကျနေတဲ့စိတ်ကို..မြှင့်တင်ဘို့..(၃၇)လမ်းကြား.ရန်ကုန်.က.စာအုပ်ဆိုင်တန်းလေးကိုဘဲ..စာအုပ်တွေမွှေနှောက်.နေရတာပေါ့..။ (၃)လလောက်ကြာတော့...သူငယ်ချင်းဆီက.စာတွေ/ဖုံးတွေမှာ...ကြည်နူးရိပ်တွေ..တွေ့လာရတယ်..။တိုင်းရင်းသားတွေ/ဒေသခံတွေရဲ့နွေးထွေးမူကို.ခံစားလာရလို့...သူစိတ်အေးချမ်းကြောင်း/လောကမှာရိုးသားဆုံးသည်သာအလှဆုံးဖြစ်တာကို.နားလည်လာပြီဖြစ်ကြောင်း.သဘာဝအလှ/သဘာဝဖြူစင်တဲ့စိတ်ရဲ့တန်ဖိုးကို..သိလာချိန်မှာ..ကျမ..ရဲ့စိတ်ကို..လုံးဝနားလည်သွားပြီဖြစ်ကြောင်း..ပြောလာပါတယ်..။...ကျမ..တစ်ခေါက်အလည်သွားချိန်မှာ....တညလုံးစကားပြောကြတယ်...လသာရက်မို့..လရောင်အောက်မှာ..ပါ..။အပြန်ကျတော့...ကျမစိတ်တွေ..အဲဒီနေရာလေးမှာကျန်ခဲ့ပါတယ်..။..အေးအေးဆေးဆေးနေချင်တဲ့ကျမက..ခုဒီလို.လူအများနဲ့ဆက်နွယ်ရတဲ့နေရာမှာ.တဖြေးဖြေးကျင့်သားရလာပြီး လူအများနေချင်တဲ့သူငယ်ချင်းက.ခု.အေးဆေးတဲ့ပတ်ဝန်းကျင်/ဒေသ..လေးမှာကျင့်သားရသွားပါပြီ..။....ကျမ.နားလည်ပါတယ်..ကိုယ့်အကြောင်းနဲ့ကိုယ်..သူ့အကြာင်းနဲ့သူပါဘဲဆိုတာလေ....။
မောင့်.ကိုပြောချင်တာလေးက.လောကမှာအရိုးသားဆုံးဟာအလှဆုံးဖြစ်တယ်ဆိုတာကိုပါ..။ဆရာဇေယျ.ရဲ့မြန်မာ့မျက်ပွင့်..စာအုပ်ကို..ရှာဖွေဖတ်ရှူ့ပါလို့...မှာကြားချင်ပါတယ်...။လွမ်းနေတဲ့အတွက်စာစုကလေးတစ်ခုဖြစ်သွားပါပြီ....လွမ်းရင်းနဲ့.မောင့်အတွက်.အသိလေးတစ်ခု..ပြုစုလိုက်တာပါ..။အချိန်ကိုတန်းဖိုးရှိရှိ..ဖြတ်ကျော်နိုင်ပါစေ..လို့ဆန္ဒပြုပါတယ်....။. မောင့်ထာဝရ.မ(29ထာဝရမ)