Monday, February 13, 2012

ကျွန်တော်၏ ချစ်သူသည် အနှစ်သာရ ရှိသူဖြစ်တယ်..

အရင်ဆုံး မ-ကို ချစ်မြတ်နိုးလွန်းစွာဖြင့် နေကောင်းပါစေလို့ ဆုတောင်းလိုက်တယ်။
မ - နေကောင်းရဲ့လား။ သက်သာရဲ့လား။ အဆင်ပြေရဲ့လား။ ပြန်ကာနီး မ-ရဲ့ အနမ်းကို ခံစားထိတွေ့လို့ ရလိုက်တယ်။ မနက်ဖြန်ပေါင်းများစွာထဲက ပင်ပန်းမှု့များစွာကို မ-ရဲ့ အားအင်အပြည့်ပါတဲ့ စကားလုံးလေးတွေကို အဖော်ပြုရင်း ခရီးဆက်ဖြစ်တယ်။
ဒါကို “ဂိုက်”လို့ ခေါ်မယ်ဆိုရင် ခေါ်လို့ ရလောက်ရဲ့။

မဆုံတွေ့ဖြစ်ကြပါဘူး။ ဒါပေမယ့် နီးကပ်နေတယ်လို့ ခံစားနေရတယ်။
အသံမကြားရပေမယ့် အနားမှာ အမြဲတမ်းရှင်သန်နေတယ်။
ပြောပြချင်တာက မ-ရဲ့ စကားတွေ ၊ မ-ရဲ့ အသံတွေကို နားထောင်ရတာ အ၇မ်း အင်အားပါတယ်။ နွေးထွေးတယ်။ အတွင်းမှာ အနှစ်သာရရှိတဲ့ မ-နဲ့ ဆက်ဆံ၇တာ ၊ ထိတွေ့၇တာ ၊ အခြားတစ်ပါးသူနဲ့ ထိတွေ့ ဆက်ဆံရတာနဲ့ လုံးဝ မတူဘူး။
အင်အားအပြည့်ပါတယ်။ မ-မှာ မောင့်ကို ပြောစရာတွေ တပုံတပင်ကြီး ရှိနေတယ်လို့ ခံစားမိတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု့တွေ အမြဲတမ်း ပေးခဲ့တယ်။
သွေးကြောထဲမှာ စီးဆင်းနေတဲ့ အင်းအားတွေကို ပေးခဲ့တယ်။
ပြီးတော့ ထူးခြားတာကတစ်ခုက ဘ၀အဓိပ္ပါယ်မဲ့တဲ့ ခပ်ပေါ့ပျက်ပျက် မဟုတ်ဘူး။
အမြဲတမ်း လေးနက်နေတယ်။ ရေးထားတဲ့ စာကို ဖတ်ရတာလည်း လေးနက်တယ်။ ကြားရတဲ့ စကားသံကလည်း လေးနက်တယ်။ ကဲ.... ဘယ်လောက် ချစ်မြတ်နိုးစရာ ကောင်းလိုက်သလဲလို့...

နှလုံးသားထဲမှာ အမှန်တကယ် အနှစ်သာရ မရှိခဲ့ဘူးဆိုရင်....
သူမ တကယ်သိတာ ဘာမှ ရှိမနေခဲ့ဘူးဆိုခဲ့ရင်....
သူမမှာ ဘာယုံကြည်ချက်မှ ရှိမနေခဲ့ဘူးဆိုရင်.....
သူမ တန်ဖိုးထားတဲ့ အရာ ဘာမှ မရှိခဲ့ဘူးဆိုရင် ....
သူမမှာ အခြားတစ်စုံတစ်ယောက်ကို ဘာမှ ပေးအပ်စရာ ဘာမှ မရှိဘူးဆိုခဲ့ရင်...
သူမ မှာ တကယ်လေးလေးနက်နက် ခံစားချက် ဘာမှ မရှိဘူးဆိုခဲ့ရင်....
ဒါဆိုရင် သေချာပါတယ်...
မ ... နဲ့ ပါတ်သက်ပြီး ခံစားရတာဟာ တကယ့်ကို ပေါ့ပျက်ပျက် ဖြစ်နေခဲ့မှာ အသေအချာပါပဲ...

အခုတော့ သိတ်ထူးဆန်းလွန်းနေတယ်...
မြင်ယောင်မိတဲ့ မရဲ့ အ၇ိပ်...
ကြားယောင်မိတဲ့ မ..ရဲ့ အသံ..
ရရှိလိုက်တဲ့ မ..ရဲ့ အနမ်း
အရာအားလုံးဟာ အသက်ဝင်နေတယ်..
ဒါဟာ... မ-ရဲ့ နှလုံးသားထဲက လေးနက်သော ချစ်ခြင်းမေတ္တာတရားဆိုတာ
မောင် မျက်စိမှိတ်လိုက်တိုင်း မြင်ယောင်နေမိတဲ့.. ကြားယောင်လိုက်မိတဲ့ ချစ်ခြင်းမေတ္တာတရားပါပဲ...
ဘာပဲဖြစ်ဖြစ် နေကောင်းပါစေ..ထာဝရ ဆိုတဲ့ ဝေါ၀ါရနှင့်အတူ သတိယလွမ်းဆွတ်လျှက်ပါ...

အရမ်းချစ်မြတ်နိုးစွာဖြင့်
မ - ကို အရမ်းချစ်မြတ်နိုးတဲ့ မောင်(789)