Tuesday, March 6, 2012

နားခိုရာ

....နံနက် (၅)နာရီတွင်..
ဘုရားဝတ်တက်နေကျဖြစ်ပါသည်။.(၅း၂၀)လောက်တွင် စာကလေးများအသံစာစာဖြင့် ပြုတင်းပေါက်နှင့်တံခါးမအပေါက်တွင် အော်နေကြသည်။ဆန်များပက်ကျွေးပြီးသော်..သူတို့သည်. အိမ်ခေါင်မိုး၊ပိတောက်ပင်နှင့် ဟိုဟိုဒီဒီ ရှေ့နောက်ဝဲယာ များသို့ပျံသန်းလျက် နားရန်၊ခိုရန် နေရာလေးကို အသံစာစာဖြင့်ရှာနေကြသည်။
သူတို့လေးတွေကိုမှတ်မှတ်ရရ ကြည့်လိုက်သောအခါ ....နေရန်၊နားရန် တစ်နေရာအတွက် လူးလာခတ်လျက်ရှာနေကြခြင်းဖြစ်သည်။ယခင်က ယခုပိတောက်ပင်သည် ပေ ၂၀ မျှမြင့်လျက် အရိပ်ဝေေ၀ဆာဆာဖြင့် ..သူတို့လေးတွေ၏နားခိုရာဖြစ်ခဲ့ပါသည်။ ဂိရိမုန်တိုင်းဝင်ရောက်စဉ် ထိုပိတောက်ပင်သည် ခါးလည်မှ ပိုင်းပိုင်းကျိုးခဲ့သဖြင့် ယခင်လောက်အရိပ်မဝေဆာတော့ပါ။ သူတို့လေးတွေကိုကြည့်ရင်း သူတို့အတွက် အိမ်ဆောက်ပေးချင်သည့်ဆန္ဒ ပြင်းပြလာပါသည်။ ထို့ကြောင့် အိမ်တွင်ရှိသော အထပ်သားအချော နှစ်ပေခွဲအစပိုင်းလေးဖြင့် အိမ်လေးတစ်အိမ်ဆောက်ပေးလိုက်သည်။
်ဝရံတာအမြင်ပိုင်းတွင်ကျကျနနချိတ်ပေးလိုက်သည်။
ယနေ့မနက်ပိုင်းတွင် သူတို့လေးတွေ အထပ်သားအိမ်လေးထဲသို့ ၀င်ရောက်လေ့လာသံများ ဆူညံလျက်ရှိတော့သည်။ သူတို့လေးတွေ နွေမိုးဆောင်းရာသီစက်ဝန်းအတွက် နေရန်၊နားရန်၊နားခိုရန်မပူပင်ရတော့ပါ။ နံနက်ခင်းကုသိုလ်ကို ..သူတို့လေးတွေအားအမျှပေးဝေလိုက်ပါသည်။
မခင်မိုးညို (မခင်မြင့်သောင်း)
ရည်ရွယ်ချက်..သက်ရှိသတ္တ၀ါဟူသမျှ ကျောတစ်နေရာစာမျှ..နားခိုနိုင်ရန်ဖြစ်ပါသည်။