ကျမ နှလုံးအားနည်းပြီးယောင်နေလို့ ဆရာဝန်ညွှန်ကြားချက်အရ ဆေးရုံတက်ခဲ့ပါတယ်..။ဘယ်ဘက်မျက်စိရဲ့  အဆီကြိတ်ကလေးကလဲ နဲနဲပိုယောင်လာတယ်။ဆေးရုံမှာနေစဉ်ကာလ.ညဘက်တွေမှာ..အိပ်ပျော်နေတဲ့အချိန်ကလွဲပြီး...တရားခွေတွေနာနေပါတယ်။စစ်ကိုင်းကျစွာဆရာတော် (၀ါးချက်) ကို.အထူးသတိရပြီး.ကန်တော့ပြီးနေခဲ့တယ်..။ဆရာတော်ရဲ့မွန်မြတ်တဲ့စိတ်နေသဘောထား၊စာနာနားလည်တတ်တဲ့ကိုယ်ချင်းစာတရားတွေကိုအဖန်တလဲလဲ စဉ်းစားနေမိပါတယ်..။နောက်ပြီး...နေမကောင်းချိန်မှာ...အတွေးများစွာဝင်လာတဲ့အခါ...ဘ၀ရဲ့ဖြတ်သန်းလာတဲ့ကာလတလျှောက်..သူတပါးအတွက်ဆောင်ရွက်ခဲ့တဲ့အကြောင်းတရားတွေကိုအဖန်ဖန်သတိရနေပြန်ပါတော့တယ်..။
ကျမ စိတ်မှာခံယူထားတာက ကိုယ်သူတဘက်သားကို ဘာလုပ်ပေးနိုင်မလဲ..ဘာပေးရမလဲဆိုတာပါဘဲ..။ဥပမာပြောရရင် လက်ခုံ ဖြစ်ချင်တဲ့စိတ်ပါဘဲ..။ကျမ မစားရရင်လဲပီတိဖြစ်နေတာပါဘဲ.ကျမမှာ ပြည့်စုံသည်ဖြစ်စေ..မပြည့်စုံသည်ဖြစ်စေ...တပါးသူလိုအပ်ချက်ကိုဖြည့်ဆည်းပေးလိုက်ရရင်ကျမ အလွန်ကြည်နူးပါတယ်..။
ကျမ တနေ့ မနက် ဆေးရုံဝရံတာကနေပြီးမြင်ရတဲ့မြေနီလမ်းကိုလှမ်းပြီးကြည့်စဉ်ခဏ....အလွန်ပူတဲ့နေရောင်အောက်မှာကထိန်ခင်းဘို့ အတွက်အလှူခံနေကြတဲ့အဖွဲ့တစ်ဖွဲ့ကိုမြင်ရ၊သိလိုက်ရပါတယ်။ကျမမေးကြည့်တော့..နွမ်းပါးတဲ့ကျောင်းတခုအတွက်ကထိန်ခင်းနိုင်ဘို့ဆိုတာသိလိုက်ရပါတယ်.။ကျမလဲ အဲဒီကျောင်းကလေးကိုရောက်အောင်သွားပြီး.ဆရာတော်ကို ကျမနိုင်စွမ်းသရွေးကထိန်အတွက်လှူမယ်လို့ လျှောက်တင်လိုက်ပါတယ်..။
ဒီနေရာမှာ ကျမခံစားမူကလေးတခုကိုတင်ပြရေးသားလိုပါတယ်.။ကျမ သိနေတဲ့ကထိန်ခင်းခြင်းမှာတချှိုသောကျောင်းတွေဟာအလွန်ဘဲပြည့်စုံပြီး.အချို့ မှာတော့ အလွန်ဘဲနွမ်းပါးကြပြီးကထိန်ခင်းဖို့ အတွက်တောင်အလွန်ခက်ခဲကြပါတယ်ဆိုတာပါဘဲ..။ဒါန..သီလ..ဘာဝနာအကျိုးပေးအတိုင်းခံစားနေကြရတယ်ဆိုတာသိပေမဲ့..အားနဲသူကိုတော့ ဖေးမကူညီချင်တယ်.။
ကျမ နေမကောင်းတော့ ပြည်က အမ လဲရောက်နေပါတယ်..အမကို..ကျမဆေးကုမဲ့ထဲက ဒီကျောင်းလေးအတွက်ကထိန်ခင်းပေးချင်တယ်လို့ပြောတော့ ..အမ က လှူပါဆေးဘိုးထဲကမဟုတ်ဘဲ လှူလိုက်ပါတဲ့..။ကျမလဲ စိတ်မှာကြည်လင်သွားပြီး.သင်္ကန်း ကြီး (၅ )စုံ၊ ထီး( ၅ )လက်၊ ဖိနပ် (၅)ရံ၊ ဆန်( ၁ )အိတ်၊ဆား၊ကြည်သွန်နီ၊ဆေးနဲ့ တပါးကို န၀ကာမ (၁၀၀၀၀ိ/-)ကျပ်စီ ကို သီတင်းကျွတ်လကွယ် (13/11/2012) မှာလှူ ဒါန်းခဲ့ပါတယ်။
ကျမ ရဲ့နှလုံးသားမှာ...အလွန်ပီတီဖြစ်ပါတယ်..။ဘာကြောငှ်ုလဲဆိုရင်..မပြည့်တဲ့နေရာလေးကို အုတ်တချပ်၊သဲတပွင့်..မျှပင်ဖြစ်ပါစေ..ဖြည့်ဆည်းခဲ့ရလို့ပါ..။လူသားတွေအားလုံးကိုယ်လုပ်ပေးနိုင်တာက်ုစေတနာသန့်သန့်လေးနဲ့ဆောင်ရွက်ပေးပြီးနောက်သူတို့ဆီက ဘာရကောင်းစေဆိုတဲ့စိတ်မထားရှိဘဲ ၀န်ထုပ်ဝန်ပိုးမဖြစ်တဲ့ဆောင်ရွက်မူကိုဆောင်ရွက်ပေးနိုင်ကြရင်လောကကြီးဟာဘယ်လောက်လှပြီးဘယ်လောက်သာယာကြမလဲလို့တွေးနေမိပါတော့တယ်..။
ကျမနိုင်စွမ်းသရွေ့လှူဒါန်းခဲ့တဲ့ဒါနကုသိုလ်၊ဆောက်တည်ခဲ့တဲ့သီလကုသိုလ်၊ပွါးများခဲ့တဲ့မေတ္တာစေတနာအ၀၀ကို
အိမိ..အဖ..မောင် နဲ့ မောင့် အမိအဖ..မှအစပြုပြီးသတ္တ၀ါမှန်သမျှအားအမျှ..အမျှ..အမျှ..ပေးဝေပါ၏...။သာဓု..သာဓု..သာဓု..ခေါ်နိုင်ပါစေ..။
မခင်မိုးညို....