++ မနေ့ကကြည်နူးကြစေချင်ခေါင်းစဉ်လေးနဲ့နေပြည်တော်မှာ ဓမ္မပူဇာသဘင်ကျင်းပခြင်းနဲ့ဓမ္မနဲ့ပါတ်သက်ပြီးလေ့လာမိနိင်သမျှကိုတင်ပြခဲ့ပါတယ်..။မနေ့က(17-1-2013)တရားပွဲမှာလဲစည်ကားလှပါတယ်။ဒီနေ့(18-1-2013)သောကြာညမှာပါမောက္ခချူပ်ဒေါက်တာနန္ဒမာလာဘိဝံသပါ။
ဓမ္မပူဇာသဘင်ဖိတ်စာကို အမှတ်တရအဖြစ် တင်လိုက်ပါတယ်။
နေပြည်တော်မှာနေထိုင်နေကြတဲ့ဝန်ထမ်းတိုင်းနီးပါးတရားပွဲကိုလာကြပါတယ်..။ဌာနဆိုင်ရာအသီးသီးကလဲ သွားလာရေးလွယ်ကူစေရန်အတွက်မိမိတို့ရဲ့ဝန်ကြီးဌာနအလိုက်ကြို/ပို့ ဆောင်ရွက်ကြပြီး၊ ဆိုင်ကယ်နဲ့လာတဲ့သူတွေကလဲအများအပြားပါဘဲ..။ရွာနီးဝန်းကျင်က ကောက်ညှင်းကျည်တောင့်၊မုံ့ဖက်ထုပ် ၊ပြောင်းဖူးပြုတ် ၊ဇီးသီး၊စသည်ဖြင့်မိမိလက်ဖြစ်မုံ့လေးတွေကိုလာရောင်းကြပါတယ်..။တရားလဲနာကြတာပေါ့ ၊နေပြည်တော်မှာ တနေရာနဲ့တနေရာ အလွန်အလှမ်းဝေးပြီးကိုယ်ပိုင်ဆိုင်ကယ်နဲ့ကားမရှိရင် သွားလာရတာမလွယ်ပါဘူး၊နောက်ပြီးည ( ၉ )နာရီလောက်ဆိုရင် လမ်းးပေါ်မှာ ခွေးတစ်ကောင်၊ကြောင်တမြီးတောင်မရှိတော့ဘူး၊ခုလိုအေးတဲ့အချိန်မှာဆိုရင် ပိုဆိုးပါတယ်။
ဒါပေမဲ့လည်းတရားပွဲကျင်းပတဲ့ညတွေမှာတော့နီးတဲ့လူတွေ၊ဝေးတဲ့လူတွေအားလုံးလာကြပါတယ်.။လာချင်ရင်အနီးကလေးဆိုတာအမှန်ပါဘဲ..။ကျမကတော့ တရားပွဲလာကြသူတွေမှာဓမ္မနဲ့နီးတာလဲရှိမယ်၊မနီးမဝေးလဲရှိမယ်၊ဝေးတာလဲရှိမယ်။ဘယ်လိုကြောင့်ဖြစ်ဖြစ်တရားပွဲနေရာလေးကိုရောက်လာပြီး တစ်ထိုင်လေးဘဲဖြစ်ဖြစ်..တရားနာခွင့်ရှိလိုက်ကြတယ်ဆိုရင်ဘဲ .ကြည်နူးလှပါပြီ..တနေ့တာလေးမှာ ကုသိုလ်၊အကုသိုလ်စိတ်ကလေးတွေရှိခဲ့ကြမှာပါဘဲ၊ဒီတရားလေးကိုနာကြားလိုက်ကြချိန်မှာတော့.စိတ်ရဲ့ဆင်ခြင်တုံတရားကိုစက္ကံ့မျှဘဲ
ဖြစ်ဖြစ်သိလိုက်ကြမှာဖြစ်ပါတယ်..။အဲဒီကာလလေးဟာ ဘ၀ရဲ့အမောတွေပြေသွားကြချိန်ဘဲဖြစ်ပါတယ်..။ဒီလိုကျင့်ယူကြရင်းနဲ့ဓမ္မခရိးနဲ့တဖြေးဖြေးနီးကပ်လာကြပါမယ်..။ နောက်ဆုံးမှာတော့ဘ၀ ရဲ့အမောတွေထာဝရ ငြိမ်းအေးသွားကြမှာပါဘဲ..။ဘ၀သံသရာရဲ့အမောတွေထာဝရ ငြိမ်းနိုင်ဘို့ဗုဒ္ဓရဲ့ဓမ္မတွေကို နှလုံးသွင်းနိုင်ရန်အလို့ငှါ၊ဇွဲ၊လုံ့လ၊၀ိရိယ၊စေတနာ၊သဒ္ဒ့ါ.များဖြင့်ဓမ္မပူဇာသဘင်ကို ၀ိုင်းဝန်းကြိုးပန်းဆောင်ရွက်ခဲ့ကြပါတယ်..။ ကောင်းကင်မှာ လဆန်းရက်မို့လကလဲ လဆန်း( ၇ ) ရက်ရဲ့လ သဏ္ဍန်ပေါ့၊တရားပွဲညတွေမှာ လူများလို့ကတကြောင်း အအေးပေါ့တာကလဲတကြောင်းမို့ နေရတာမချမ်းလှပါဘူး၊ တရားပွဲရဲ့ကားလမ်းမခြား တဘက်ရှိ တောင်ကုန်းပေါ်မှာ ယခင်ကိုင်းရွာဘုရားလို့အမည်ရှိတဲ့ဆုတောင်းပြည့်စေတီရဲ့ဆွဲလည်းလှူပ်ခတ်သံလေးတွေ.၊နဲ့အတူ တရားနာပရိသတ်အမျှဝေသံ၊သာဓု
ခေါ်သံတွေကို ကြားခြင်းအသိ၊မြင်ခြင်းအသိ၊နဲ့မှတ်ယူပြီး ၊ သံသရာဘ၀ရဲ့အမောတွေပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်..။
သံသရာဘ၀အမောတွေပြေကြပါစေ
လေးစားစွာဖြင့်
၏ခင်မိုးညို
