Wednesday, January 16, 2013

ကျေးဇူးတရား



ကျေးဇူးတရား    .........ဆိုတာလေးကို ကျမ ရေးချင်ပါတယ်။ဘာကြောင့်လဲဆိုရင်.ထမင်းလေးတဆုပ်၊ ရေလေးတမှူတ်စားဖူးရင်၊ သောက်ဖူးရင်ကျေးဇူးရှင်ပါဘဲ၊ လူဖြစ်လာချိန်မှာ အသိတရားလေးကို အသက်ပိုင်းခြားအလိုက် သိလာတယ် ၊နားလည်လာတယ် ၊ဘယ်လောက်ဘဲ ဆိုးနေပါစေ၊ယုတ်မာနေပါစေ တချိန်လေးမှာတော့ ကျေးဇူးတရားလေးကို အနှေးနဲ့အမြန်သတိရလိုက်လို့ပါဘဲ..။
ဘ၀ရဲ့ရုန်းကန်ရတဲ့အခြေအနေနဲ့ပါတ်ဝန်းကျင်အခြေနေတွေကြောင့် စိတ်တွေဟာ..နူးညံ့မယ်သို့မဟုတ်ခက်ထန်မယ်.ခြားနားကြလိမ့်မယ်..။ဘယ်လိုဘဲဖြစ်ဖြစ်..စိတ်အနားယူချိန်လေးမှာတော့
သတိရလိုက်မှာပါဘဲ..။သတိရလိုက်တယ်ဆိုရင်ဘဲ..ကြည်နူးစရာပါ..။အဲဒါလေးကိုက..ကျေးဇူးဆပ်လိုက်ခြင်း/ကျေးဇူးတရားကိုအသိမှတ်ပြုလိုက်ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ ၀န်ထုပ်ဝန်ပိုးမဖြစ်စေတဲ့အကြောင်းနဲ့ဆက်နွယ်ပေါင်းသင်းနေထိုင်ကြရင် အေးချမ်းတဲ့စိတ်ကိုပိုင်ဆိုင်ရပါမယ်။
ပြန်ရကောင်းစေဆိုတဲ့စိတ်နဲ့မချစ်နဲ့၊ မခင်နဲ့ ၊မကျွေးနဲ့ ၊မပေးနဲ့..။အဆင်ပြေသွားဘို့ ကအဓိကဖြစ်ပါတယ်။တဘက်လူအဆင်ပြေသွားရင်..ကျေနပ်တဲ့စိတ်နဲ့နေလိုက်ရင်ပြီးတာဘဲ..။ဒီလူကိုကျွေးခွင့်၊ ကူညီနိုင်ခွင့်ရပြီး လုပ်ဆောင်ပေးလိုက်ရတာနဲ့ဘဲ စိတ်မှာ အလွန်ပီတိဖြစ်ပါတယ်..။ကျမစိတ်မှာ..တဘက်လူကိုကျေးဇူးဆပ်ဘို့အကြောင်းရှိလို့ကျေးဇူးဆပ်ခွင့်ရလိုက်ပြီလို့တွေးပြီး
အမြဲကြည်နူးခဲ့ပါတယ်..။တုံ့ပြန်ခြင်းကို.မမြှော်လင့်ခဲ့သလို.ပြန်ရကောင်းစေဆိုတဲ့စိတ်လဲ ဘယ်သောကာလကမှ..မတွေးဖြစ်ခဲ့ဘူး..။
အမှတ်တရလေးပြောချင်နေတာလေးက..ဒီပြတိုက်လေးကို ကျေးဇူးတင်နေတာပါ..။ဒီပြတိုက်လေးကိုကျမလေ့လာမိသမျှ။
စည်းကမ်းရှိတယ်၊.နွေူးထွေးတယ်.။ လူမူစရိုက်မြင့်မားတယ်။ (လောကနီတိကိုပြောတာပါ)ကျမ အလုပ်ဘယ်လောက်များများ ..ကျမ နေ့တိုင်းလုပ်ဖြစ်အောင်လုပ်တာလေးရှိပါတယ်..။
ဒီပြတိုက်လေးမှာ..စာတင်ဖြစ်အောင်တင်ပါတယ်..။
မြန်အောင်မြို့ပိုင်ရဲ့ရွာမှာရှိတဲ့ မိဖကဲ့သို့ချစ်ခင်လေးစားတန်ဖိုးထားတဲ့မေမေနဲ့ဖေဖေကို နေ့တိုင်းဖုံးဆက်ပါတယ်..။
နောက်တခု ကျမ မြတ်နိုးတန်ဖိုးထားသူကိုနေ့ တိုင်းစာရေးပါတယ်..။

ကျမ ဘ၀ရဲ့ ကျေးဇူးရှင်တွေလို့ ..တင်စားပြောကြားလိုက်ပါတယ်..။
ကျေးဖူးတရားဆိုတာ....လက်နဲ့ဆုပ်ကိုင်လို့ မရတဲ့..အလွန်နူးညံ့တဲ့တန်ဖိုးအရှိဆုံးအရာဖြစ်ပါတယ်..။
နောက်ဆုံး..ကိုယ့် ကိုအမျိုးမျိုးစော်ကားခဲ့မယ်ဆိုရင်တောင်( အော်သီးခံခြင်းတရားကိုလုပ်ဆောင်နိုင်ဘို့ဖြစ်လာတာဘဲ..ကျေးဇူးတင်ပါတယ်)လို့..ခံစားနိုင်လောက်အောင်..ကျမ ပြင်ဆင်နေပါပြီ..။
ကျေးဇူးတင်ပါတယ်..။

၏ခင်မိုးညို