ရည်ရွယ်ချက်မဲ့ပြီးလမ်းလျှောက်နေတဲ့သူက...အဆင်ပြေပြီး၊
ရည်ရွယ်ချက်ရှိသူက....လမ်းမပျောက်အောင်မနဲထိန်းသိမ်းပြီး....သွားနေရတယ်။
ရိုးသားပါတယ်..။သူများတွေက ယုံကြည်နေကြလေရဲ့..။
ကြိုးစားပါတယ်...သူများတွေက..အားကိုးလို့..။
ဖြူစင်ပါတယ်....သူများတွေက.လေးစားကြလို့..။
ကိုယ်ကတော့ စိတ်ဓါတ်ကို အချိန်ပြည့်.အသက်ရှူလိုက်.မ..တင်လိုက်၊ အသက်ရှူလိုက်..မ..တင်လိုက်နဲ့ပေါ့။
ဘ၀ရဲ့သာယာခြင်းဆိုတာ.ဂျိုနဲ့လားလို့မေးရမတတ်ပါဘဲ..။
စာတွေဖတ်ရင်း၊ဘာသာရေးကိုလုပ်ရင်း၊ရုံ့းအလုပ်၊အိမ်အလုပ်တွေလုပ်ရင်း..နေတတ်အောင်.နေနေလိုက်တော့တယ်.။
ဒါပေမဲ့ကျေနပ်ပါတယ်။
ကိုယ်ရဲ့ပြုခဲ့တဲ့ကံအတိုင်း..ကိုယ်ရင်ဆိုင်တွေ့ကြုံရပါမယ်။..
ပညာတွေသင်ခဲ့တယ်၊ အချိန်တွေပေးခဲ့ရတာပါ။ ရာထူးကိုမြင့်မြင့် ရပါတယ်..ကြိုးစားခဲ့ရတာပါ။ကျကျနနနေဘို့အိမ်တွေရှိတယ်..။မိဘရဲ့အမွေပါ..။သွားလာဘို့ယာဉ်ရှိတယ်။ မိဘရဲ့စီမံမူ့ကြောင့်ပါ။ပညာ၊ဥစ္စာဓန၊ရာထူး ရှိနေပြီ။ ကျေနပ်စရာပေါ့..။အများရဲ့သတ်မှတ်တဲ့စံတစ်ခုနဲ့ကိုက်ညီလို့..။
ဒါပေမဲ့..မေးချင်ပါတယ်..။တကယ်ပြည့်စုံပြီလား..။
ကျမ ရဲ့လိုချင်ခြင်းက..ခုကျမ မှာရှိနေတာတွေတစ်ခုမှမဟုတ်ဘူး။
ရိုးရှင်းစွာဘ၀ကိုဖြတ်သန်းချင်တယ်။ ခုလက်ရှိအကြောင်းရာတွေကြောင့် ကျမရဲ့ဘ၀ကို ဘောင်ခတ်ထားပြီးသားဖြစ်နေတာကိုမြင်ကြရဲ့လား။
တခါက ဈေးဝယ်တယ်။ အများစကားအရ (ဈေးသည်) ရဲ့အော်တာတောင်ကျမခံခဲ့ရပါတယ်။ကျမရဲ့လက်ရှိအခြေအနေနဲ့ကျမကအအော်ခံရမှာလားလို့ တွေးလိုက်ရင်ဒေါသဖြစ်စရာပေါ့။
ကျမကို မှားပြီးအော်လိုက်တာပါ။ ကျမ စိတ်မှာ အံ့သြစရာကောင်းလောက်အောင်..တည်ငြိမ်နေပါတယ်..။သူအော်တာလဲခဏလေးပါ။ခံရတဲ့ကျမလဲခဏလေးပါ။
အားလုံးခဏလေးပါလားဆိုတာကို.နှလုံးသွင်းထားနိုင်လိုက်တယ်..။ဘာတွေကဆန်းနေလို့လဲ..ဘာတွေကရိုးနေလို့လဲ..။
ကျမဘ၀မှာ..အမေ၊အဖေဆိုတာလဲခဏလေးဘဲဆုံလိုက်ရတာဘဲလေ..။လွန်ခဲ့တဲကကာလကိုပြန်ကြည့်လိုက်ရင်မနေ့တနေ့ ကလိုပါဘဲ..။ခဏလေးပါဘဲ..။
ကျမ ရဲ့ဘ၀မှာအားပေးတဲ့သူရှိပါတယ်..။ဆုံးမနေတဲ့သူရှိပါတယ်..။သူက မိုးကောင်းကင်ပါဘဲ..။ခဏလေးနေခွင့်ရနေတဲ့လူ့ဘ၀လေးမှာ...ခဏလေးဘဲဖြစ်ဖြစ်သူ့ကိုမော်ကြည့်လိုက်တာနဲ့ဘ၀ကို.နေတတ်သွားတဲ့စိတ်ဖြစ်သွားပါတယ်။
ကျမဘ၀ရဲ့အရှင်သခင်ဖြစ်တဲ့မိုးကောင်းကင်ကို...ကျမ ထာဝရ သတိရနေပါတယ်..။
မိုးကောင်းကင်ကလေ......
ဓမ္မဘေရီဆရာတော်ရဲ့ဆုံးမစကားနဲ့ညီပါတယ်..လူဆိုတာတဲ့
( ၁ ) ယုံကြည်ထိုက်သူဖြစ်အောင်ရိုးသားရမယ်၊
( ၂ ) အားကိုးထိုက်သဖြစ်အောင်ကြိုးစားရမယ်၊
( ၃ ) လေးစားထိုက်သူဖြစ်အောင် ဖြူစင်ရမယ်...။ လို့ မိန့်ကြားပါတယ်။
ခဏလေးနေရတဲ့ဘ၀မှာ..လူသားပီသသူကိုတွေ့ရလို့ ကျေနပ်ပါတယ်..။
ခင်မိုးညို။