Thursday, January 3, 2013

ဆန်သောရေ

စုန်ရေ.ဟူသောဝေါဟာရကို ရင်းနှီးကျွမ်းဝင်ကြကုန်သည်..။ထို့ကြောင့် ဆန်ရေ ဟူသော ဝေါ ဟာရကိုလည်းရင်းနှီးအကျွမ်းတ၀င်ဖြစ်နိုင်ပါစေခြင်းအကြောင်းငှါ..ဤ ( ဆန်သောရေ) ကိုရေးသားလိုက်ရပါသည်။ အကျွမ်းတ၀င်ဖြစ်နိုင်ကြပါစေဟူ၍ ပဏာမ ပြောကြားလိုပါသည်..။
 ကာလအားဖြင့်  ( ၁၉၆၂ ) ခုနှစ်သို့ ညွှန်းပါသည်။ကျမတို့မိသားစုသည်အမိ နှင့်အဖ ၊ အမ နှင့်အကို ၊ စုစုပေါင်း( ၅ )ယောက်ဖြစ်ပါသည်။ အမေသည်စာမတတ်ပါ။အဖေသည်လည်းစာမတတ်ပါ။ သို့သော် အမေ့ထက်စာဖတ်မြန်၍လက်ရေးလှ၏။အကြောင်းမှာဘုန်းကြီးကျောင်းသားဖြစ်ပါသည်။ကျမ၏မိဖများသည် ရိုးသားဖြူစင်စွာဖြင့် ဘ၀ကိုရုန်းကန်ဖြတ်သန်းကြ၏။အမေသည်နံနက်စောစောထ၍မုံဟင်းခါးချက်ပါသည်။  အမေချက်ပေးသောမုံ့ဟင်းခါးကိုအဖေသည်တစ်လမ်းဝင်တစ်လမ်းထွက်၊
တစ်ဈေးဝင်တစ်ဈေးထွက်၊ တစ်အိမ်ဝင်တစ်အိမ်ထွက် ၊ဆိုင်းထမ်းဖြင့် လှည့်လညိရောင်းချ၏ ၊ မိဘများသည်ကိုယ်တိုင်စာမတတ်ကြသော်လည်း၊သားသမီးတိုင်းကိုစာတတ်စေချင်ကြ၏ ၊၊
ဤကားမိဖတိုင်း၏ တူညီသောစေတနာဖြစ်ပါသည်။အမေသည် အဖေ ဈေးရောင်းထွက်သွားသည်နှင့်အိမ်ရှေ့ အဖီလေးတွင် ရာသီကုန်သစ်သီးရောင်းပါသည်။ထိုမည်သောသမာအာဇီဝ ၀င်ငွေလေးနှင့် ကျမတို့မောင်နှမသုံးယောက်ကိုအတန်းကျောင်းထားပေးခဲ့ပါသည်။မုံ့၊ပဲသားရေစာ၊ကော်ဖီ၊လဘက်ရည်၊အိမ်တွင်
မူးလျင်ရှူရန်ပင်မရှိပါ။ အမေသည် မနက်စာကို ဆီမပါသောအိုးကင်းထမင်းကြော်နှင့်ရေနွေကြမ်းကိုကျွေး၏။အဖေ့ကိုတော့ ၊ စိမ်းစားငါးပိမီးကင်နှင့်အကြော်တစ်ခုကိုသားသမီးထက်ပို၍ကျွေး၏ ၊ ( နင်တို့ အဖေက ပင်ပန်းတယ်၊ နေပူထဲရောင်းနေရတာ )ဟုဂရူဏာစကားဖြင့်အဖေ့ကိုနှစ်သိပ်စကားဆိုပါသည်။ကျမ သိတတ်သမျှ အမေနှင့်အဖေသည်တရံတဆစ်မျှ စကားအခြေအတင်တောင်မပြောဘူးခဲ့ပါ။ အလွန်အေးချမ်းသာယာသည့် ဇနီးမောင်နှံဖြစ်ကြပါသည်။
ကျမ ပြောလိုသောဆန်ရေ ကိုပြန်၍စကားဦးတည်ပါမည်။ အမ နှင့် အကို သို့ အသီးသီးရောက်ကြပါသည်။အမေနှင်အဖေလည်း နားရသည်ပင်မရှိတော့။ အသီးသီးဘွဲ့ရပြီးအလုပ်ဝင်လုပ်ကြသည်။လစာ ( ၄ )လစာမျှပို့ပေးပြီးသည်နောက် အသီးသီးအိမ်ထောင်ပြုသွားကြကုန်၏ ။ အမေနှင့်အဖေက ( အော် ငါ့သား၊သမီးတော်ရှာတယ်..၊ပထမလစာလေးကို မိဘကိုကန်တော့ရှာတယ်) ဟုပြောကာကျေနပ်နေကြပါသေးသည်။ကျမဆယ်တန်းအောင်တော့တက္ကသိုလ်တက်လိုသောဆန္ဒလုံးဝမရှိပါ။
 မိဖ စိတ်ချမ်းသာရန်ကျောင်းတက်ခဲ့ရသည်။ တက္ကသိုလ်တက်သူတိုင်းပျော်ကြချိန်တွင် ကျမ မိဖ၏ရုန်းကန်နေရသောဘ၀ကိုစက္ကန့်နှင့်အမျှသတိရနေသောကျမဘ၀မှာတော့ မပျော်နိုင်ပါ။ စတက်သည့်နေ့ညတွင် အားပါးတရငိုခဲ့သည်။
ကျမ တို့ မောင်နှမသည် စာတော်သည်ဟု အများ၏ချီးမွှန်းခြင်းကိုခံရ၏ ၊မိဖများက ပြုံး၍ မော်၍မဆုံးနိုင်ပါ။
စာတော်သဖြင့် ပညာသင်စရိတ်လည်းရရှိပါသည်။
ကျမ တက္ကသိုလ်ဒုတိယနှစ်တွင်.အဖေဆုံးသည်။ကျမ က ကျောင်းမဆက်တက်ဘဲ မူလတန်းပြဆရာမလေးဘ၀ဖြင့် အမေ့ ကို ပြုစုလိုသည်။အမေ က လုံးဝ(လုံးဝ)လက်မခံသောကြောငှ်ုကျောင်းဆက်တက်ခဲ့ရသည်။ ဒုတိယအကြီမ်ထပ်၍ငိုခဲ့ရပြန်သည်။
အမေတစ်ယောက်တည်းနေနေရသည့်အမေ့ဘ၀၊ကျောင်းစရိတ်အတွက်ပင်ပန်းကြီးစွာရုန်းကန်နေရမည့်အမေ့ကိုရင်နာနာ
ဖြင့်ထားခဲ့ရသည်။တက္ကသိုလ်တွင်ညဘက်စာကြည့်ပြီး.ဆောင်းပါးလေးတွေတတ်သမျှရေးသည်၊ လှည်းတန်းရှိအပ်ချူပ်ဆိုင်မှာအထည်ကို တစ်ထည်( ၂ /ိ- )နှူန်းဖြင့်လက်ချုပ်လိုက်သည်၊ဆွယ်တာထိုးသည်။ရသမျှငွေကိုနှင့်စာသင်တောက်ပံ့ကြေးငွေစုကာကျောင်းတက်ခဲ့သည်။
အမေ့ထံမှပို့လာသောငွေ ကို ( Money order ) ဖြတ်ပိုင်းဖြင့်သေချာစွာသိမ်းထားသည်။
ကျောင်းပြီး၍အိမ်ပြန်ရောက်သောအခါ အမေသည် စိတ်ကိုလျှော့ချလိုက်သည်ထင်ပါသည်၊ အိပ်ယာထဲ ဘုံးဘုံးလဲတော့သည်..။ဆရာဝန်ဖြင့်စံနစ်တကျဆေးကုရမည်ဖြစ်၍ အမေက သူဘာမှမဖြစ်ကြောင်း၊သက်သာသွားမည်ဖြစ်ကြောင်းသာတွင်တွင်ပြောရှာသည်။အမနှင့် အကို တို့ကလည်း သူ့အကြောင်းနှင့်သူ၊ကျမကလည်းအကူညီမတောင်းပါ။သူတို့ အဆင်ပြေလျင်ကူညီမည်ဟုနားလည်ပါသည်။ထို့ အပြင်ပြောမှသိ၍ဆောင်ရွက်လာသောကိစ္စမျိုးကိုခုချိန်ထိကျမ မဆောင်ရွက်ခဲ့၊ မတောင်းဆိုခဲ့..၊။
ကျမ မှ အမေ့ အား အမေ ပို့ပေးခဲ့သောငွေများကို အမေ့ အားရိုသေစွာဖြင့် အမေဆေးကုသရန် ကန်တော့ပါသည်။ အမေသည် ၀မ်းသာခြင်း၊ပီတိဖြစ်ခြင်း၊အရင်းခံသောမျက်ရည်များဖြင့် ( အော်ငါ့သမီးလေးက ဆန်တက်လာတဲ့ရေလေးပါလားကွယ်ဟူ၍ ပြောရှာပါသည်။
 မိဘများသည်စုန်ရေဘ၀များဖြစ်ကြပါသည်။ထိုနည်းတူစွာပင်သားသမီးများမှမိဘများအားသိတတ်ခြင်း၊စာနာခြင်း၊နွေးထွေးသောမေတ္တာများပေးအပ်ခြင်းတည်းဟူသောဆန်ရေဘ၀မှားလည်းရှိကြပါသည်။

စုန်သောရေနှင့်ဆန်သောရေများ  ဘ၀တွင် အေးချမ်းကြပါစေဟူ၍ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အမိအဖများအာပြုစုကျွေးမွေးသိတတ်သောသားသမီးများအား ကျမ ရိုသေလေးစားမြတ်နိုးစွာဖြင့် ကန်တော့အပ်ပါသည်။
၏ခင်မိုးညို