Monday, January 7, 2013

မင်္ဂလာပါ





 အားလုံးသောပြတိုက်မိတ်ဆွေမောင်ရင်းနှမ၊ညီမရင်းချာများကို မင်္ဂလာပါ ...လို့ ပြောကြားပါတယ်ရှင်။
အခါတိုင်းမှာ မင်္ဂလာပါ ..လို့ပြောကြားနေသော်လဲ  အနှစ်စကားကိုမူ ( ၆ . ၁ . ၂၀၁၃ )ရက်နေ့
တနင်္ဂနွေနေ့ မနက် ( 05း 30 ) နာရီကျမှပင်သိရပါသည်။
 ယခုအကြောင်းလေးအားမရေးခင်၊မတင်ပြမှီ ၊ ဆရာဟိန်းတင့်ဇော်၏

၂၀၁၃-ခု၊ ဇန်န၀ါရီလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

တွင်ဖြည့်စွက်ေ၇းသားထားသည့် ဒီဇင်ဘာလ(၂၀)ရက်နေ့တုန်းက မေတ္တာရှင်ဆရာတော်ဘုရားရဲ့တရားပွဲကိုကျွန်တော်တို့ရပ်ကွက်မှလူငယ်တွေတက်တက်ကြွကြွစုပေါင်းပြီးကမကထပြု ဆောင်ရွက်ဖြစ်ခဲ့တယ်။ အေးအေးချမ်းချမ်းပဲ အောင်မြင်သွားလို့ ကျေနပ်ပီတိ ဖြစ်ရတယ်။ နောက် ၂၈-ရက်နေ့ညမှာတိပိဋဆရာတော်တရားပွဲကိုလည်းထိုနည်းအတူ အောင်မြင်အောင်ဝိုင်းဝန်းကျိုးစား ဖြစ်ကြတယ်။
အထက်ပါစာကြောင်းလေးအား တလေးတစားဖေါ်ပြခွင့်ပြုပါရန်နှင့်.။အမိနိုင်ငံနှင့်တကွ အမိအဖဆွေမျိုးညီအကို၊မောင်နှမများနှင့်ဝေးသောအရပ်တွင် အလုပ်လုပ်နေကြသော  မြန်မာလူမျိုးများအနေဖြင့်ပေါ့ပေါ့နေ၊ ပေါ့ပေါ့မစားဘဲဘာသာတရားကိုတလေးတစားအားကြိုးမာန်တက်၊စည်းစည်းလုံးလုံးဆောင်ရွက်ခဲ့တာသိရလို့ (ကောင်းလေစွ၊ကောင်းလေစွ၊ကောင်းလေစွ) လို့သာဓုအနုမောဒနာပြုပါကြောင်းဦးစွာပဏာမပြောကြားလိုပါသည်၊၊
 တရားနာကြားခွင့် ရရှိသည့်သူများအတွက် အလွန်ပင်ကြည်နူးခံစားမိနေပါသည်။ တိုက်ဆိုင်စွာပင် ချင်းပြည်နယ်ရှိ ၊ သူငယ်ချင်းတစ်ယောက်ထံမှ တရားခွေ အချပ် ( 15 )ချပ်ပါနှစ်သစ်လက်ဆောင်ကို လက်ခံရရှိခဲ့ပါသည်.၊။တိုနေ့သည် ( ၅ . ၁ . ၂၀၁၃ )သည်နှလုံးအတွက်ဆေးကုသခံနေချိန်ဖြစ်ပါသည်။
 ( ၆  . ၁ .၂၀၁၃ ) မနက် ( 53း0 )နာရီတွင် မြတ်ဗုဒ္ဓသာသနာတော်နှစ် ( ၂၆၀၀ )ပြည့် တရားခွေအားစတင်နာကြားပါသည်။ယောဆရာတော်ဦးသရိံန္ဒာဘိဝံသ ကုသိုလ်အစစ်နံပါတ်တစ်တရားတော်ကိုနာကြားလိုက်ရသည့်အခါတွင်တရားနားကြားခြင်းနှင့် နာကြားခွင့်ရရှိရန်ဆောင်ရွက်ကြသောဝေယျာဝိစ္စကုသိုလ်ရှင်များ၏စေတနာကုသိုလ်ကို ပိုင်းခြားထင်ထင်သိရှိလိုက်ရပါသည်။
(အကျဉ်းအားဖြင့်ပြန်လည်၍ဖေါ်ပြပါသည်)ဆရာတော်မှဟောကြားတော်မူသည်မှာ အမှန်အားဖြင့် တရားဟောသည်ဆိုသည်မှာ မေးသည့်သဘောပင်ဖြစ်ကြောင်းကိုယ့်ခန္ဓာသတင်းကိုကြားကြပြီးပြီလားဟု မေးခြင်းဖြစ်ပြီး၊ တရားနာသည်ဆိုသည်မှာ ခန္ဓာသတင်းကိုနားထောင်ခြင်းပင်ဖြစ်ကြောင်း၊တရားမနာကြားရလျင်ကိုယ့်ခန္ဓ၏အကြောင်းများ၊ရပိုင်ခွင့်တရားများသိရန်အတွက်တရားဆုတ်ယုတ်ကြမည်ဖြစ်ကြောင်း ၊မြတ်ဗုဒ္ဓဘုရားရှင်၏တရားအားလုံးအချူပ်မှာ မမေ့ မလျော့၊မပေါ့မဆဖြစ်ကြောင်းနှင့်စင်ကြယ်မြင့်မြတ်၊ချီးမွန်းအပ်သောမင်္ဂလာဖြစ်ကြောင်းဟောကြားပါသည်၊ဆက်လက်၍
မင်္ဂလာဆိုသည်မှာပါဠိစကားဖြစ်ပြီးမြန်မာစကားမဟုတ်ကြောင်း၊
မြန်မာလိုအသုံးတွင်ကျယ်နေ၍သုံးနေခြင်းဖြစ်ကြကြောင်း၊့မြန်မာလိုမှာ မကောင်းမူအကုသိုလ်ကိုနှူတ်၊ကောင်းမူကုသိုလ်နဲ့ဆက်၊နှူတိဆက်ခြင်းသည် မင်္ဂလာ၊
မကောင်းကျိုးကိုနှူတ်၊ကောင်းကျိုးနဲ့ဆက်၊နှူတ်ဆက်တာမင်္ဂလာ ၊
ဆိုးတာကိုနှူတ်၊ကောင်းတာနဲ့ဆက်၊ နှူတ်ဆက်တာမင်္ဂလာ၊
အဆိုးကိုနှူတ်၊အကောင်းနဲ့ဆက်ပြီးတော့မှကြီးပွါးချမ်းသာတိုးတက်ကြောင်းဖြစ်တဲ့ကောင်းတဲ့အလုပ်တွေကျိုးစားအားထုတ်ပြုလုပ်ကြတာအဲဒါမင်္ဂလာ ပါ ဟူ၍ဟောကြားထားပါသည်။၎င်းအပြင် လူသားအားလုံး၏တူညီသောဆန္ဒသည်အဆိုးကိုနိုင်၍အကောင်းကိုပိုင်ဆိုင်လိုကြကြောင်း၊အစမထင်သံသရာတွင်
ဒုက္ခနှင့်ကိလေသာပါလာပြီးဒုက္ခကိုကိလေသာကဆန်တီး၍ဒုက္ခကင်းပြီးကိလေသာအပူကင်းချင်ကြကြောင်း၊တနည်းအားဖြင့်အကောင်းပြည့်စုံချင်ပြီးအဆိုးကိုပယ်ချင်သည်မှာ တူညီသောမင်္ဂလာဆန္ဒပင်ဖြစ်ကြောင်း၊ကုသိုလ်ဆိုသည်မှာအကောင်းနှင့်ပြည့်စုံ၍အဆိုးကိုပယ်သည့် 
မင်္ဂလာပင်ဖြစ်ကြောင်း..စသည်ဖြင့်ဟောကြားတောမူပါသည်။
တရားတစ်ခုလုံးကို သက္ကစဖြင့်နာကြားပြီးသောအခါတွင် တရားခွေပို့ပေးသည့်သူငယ်ချင်းအားအကြိမ်ကြိမ်ဦးချကန်တော့ပါသည်။ကျေးဇူးတင်လွန်းသဖြင့်ကျေးဇူးတင်သညှ်ုသဘောဖြစ်ပါသည်။
ထိုနည်းတူ တရားနာခြင်းနှင့် တရားနာနိုင်ရန်ဆောင်ရွက်ကြကုန်သော ဆရာဟိန်းတင့်ဇော်နှင့်ဝေယျာဝိစ္စအဖွဲကအားလည်းကျေးဇူးအထူးတင်ရှိပါသည်။
မကောင်းခြင်းကိုနှူတ်၊ကောင်းခြင်းနှင့်ဆက်သည့် နှူတ်ဆက်ခြင်းမဂ်လာကို သိရှိရသည့် အတွက် အချိန်ကာလမရွေး ကောင်းခြင်းကုသိုလ်ဆောင်ရွက်ပြီးမကောင်းခြင်းမှန်သမျှဖယ်ထုတ်နေသမျှ ( မင်္ဂလာ) ဖြစ်နေပါကြောင်းကိုဤမင်္ဂလာစာစဉ်ဖြင့်ဆရာတော်နှင့်တကွ၊ဘ၀တပါးသို့ပြောင်းသွားကြပြီးကုန်သောကျမ၏အမိနှင့်အဖ၊ဆရာဟိန်းတင့်ဇော်၏ သက်ရှိအမိနှင့်အဖ၊ ဆရာဟိန်းတင့်ဇော်နှင့်ဝေယျာဝေစ္စအဖွဲ့အား
 ရိုသေမြတ်နိုးလက်စုံဥိးထိပ်တင်လျက်ကန်တော့အပ်ပါသည်..။
၏ခင်မိုးညို