Tuesday, January 8, 2013

အရိပ်ကိုအယောင်ထင်






အရိပ်ကိုအယောင်ထင်.သည်ဆိုကတည်းက၊မရြှိခင်းသဘောဖြစ်ပါသည်။ရှိသည်တော့ရှိခဲ့သည်၊သို့သော်ယခုမရှိ၊ထိုကြောင့် ထင်ကျန်ခဲ့ဘူးသောအရာ၏အရိပ်ကို ရှိသည်ဟုဝေမှားခံစားမိလိုက်ခြင်းဖြစ်ပါသည်၊
 ကျမ၏စိတ်သည် အမိနှင့်အဖကိုအလွန်ချစ်ခင်မြတ်နိုးသည်၊မိဖသာရှိလျင်.ဟူသည့်ခံစားချက်သည်
စက္ကံ့နှင့်အမျှခံစားတည်ရှိ၏၊ကောင်းကောင်းဆိုးဆိုးထာဝရ သတိရနေသည်။
   ဖေဖေဆုံးပြီးသည်နောက်မေမေ နှင့် ကျမသည်.အတူစား၊ အတူသွား၊အတူလာ၊အတူနားခဲ့ကြသည်၊ည အိပ်ယာဝင်ချိန်တိုင်းမေမေ့ခြေထောက်ကို ခြေဆုပ်လက်နယ်ပြုစုပြီးအိပ်ယာဝင်ခဲ့သည်မှာမေမေ့နောက်ဆုံးအချိန်ထိပင်။
။မေမေသည်ပင်စင်စားတစ်ဦးဖြစ်၍၊ရုံးမှပြန်ရောက်ပြီးသည်နှင့်ရုံးအကြောင်းကိုမေမေ့အားထဲထဲဝင်ဝင်ပြောပြခဲ့သည်။ထိုအချိန်တွင် မေမေ၏မျက်လုံးအရောင်သည်
ညကာလသောကြာဂြိုလ်ကဲ့သို့အရောင်များလင်းလက်တောက်ပလာ၏၊ ၊ကြည်နူးသောာစိတ်သည်အနှီူင်းအဆပမာဏပြော၍မရလောက်အောင်..ခံစားမိသည်။
တအိမ်လုံးတွင်မေမေနှင့် ကျမနှစ်ယောက်တည်းရှိသဖြင့်မေမေ့စိတ်တိုင်းကျရပ်တည်ခဲ့ပါသည်။မည်သို့သောအကြောင်းဖြစ်ပါစေ
မေမေ့ကိုခွန်းတုံ့ပြန်မပြောခဲ့ပါ။တနေ့ ....အလုပ်မှစိတ်မောလူမောဖြင့်ပြန်လာချိန်တွင်၊မေမေမှ.မိသားစုကိစ္စတစ်ခုအားကျမအားပြောပါသည်။ကျမ
မှ ( မေမေကလဲ )ဟူ၍ပြန်ပြောမိသည်တွင် ၊မေမေစိတ်မကောင်းဖြစ်သွားကြောင်းမေမေ့အမူအရာကြောင့်သိလိုက်ရပါသည်။ ကျမ နောင်တရ၍မဆုံးပါ။မိမိကိုယ်ကိုမိမိဒေါသဖြစ်မိသည်။
ထိုကဲ့သို့  နေထိုင်လာကြသောသားအမိနှစ်ဦးဘ၀တွင်၊မမြှော်လင့်ဘဲ ကျမဘ၀ထဲမှ မေမေသည်အပြီးတိုင်ထွက်သွားခဲ့သည်။ကျမမေမေ့ ကိုလွမ်းတိုင်းဘာလုပ်ရ၊ဘာကိုင်ရမှန်းမသိ၊တစစီပြတ်လွင့်ခဲ့သည့်စိတ်ကို.အလုပ်ဖြင့်ထိန်းရ၏၊အလုပ်ကလဲ 
ကျမကို ပြန်လည်ထိန်းကျောင်းပါသည်။မှန်သည်ကိုဝန်ခံရလျင်တရားသဘောအရသိပါသည်။မလိုက်နာနိုင်တာကဆိုးနေသည်။ ရုံးအပြန်အိမ်ကိုကြည့်လိုက်သည်နှင့်သော့ခတ်ထားသည်ကိုက၊ကျမမခံစားနိုင်၊၊ဘယ်လိုပင်ဖြစ်ပါစေအိမ်တစ်အိမ်တွင်သက်ကြီးရွယ်အိုရှိနေသည်ကိုက၊တင့်တယ်၏ဘာဆိုဘာမှမလုပ်ကိုင်နိုင်သော်လဲပက်လက်ကုလားထိုင်တွင်ထိုင်နေသည်မြင်ရလျင်၊ရင်ဝယ်အေးချမ်းပါသည်။
ကျမအထက်တွင်ရေးသားထားခဲ့သကဲ့သို့၊ဘယ်နေရာဖြစ်ဖြစ် မေမေ့အရိပ်ကိုတွေ့နေရသည်ဟုခံစားမိပြီးအရိပ်ကိုအရောင်ထင်မိသည်။
မေမေ့ ကို မေမေကြိုက်သောစားဖွယ်ရာရာ၊အသီးအနံစုံစုံလင်လင်၊ကောင်းနိုးရာရာလေးတွေကျွေးချင်လှဘိ၏၊
သို့သော်.....မေမေမရှိခြင်းကိုအသိဖြင့်သိရှိမိလိုက်တိုင်း၊(ငါမေမေအသက်ရှင်နေတုံးက သေသေချာချာပြုစုခဲ့ရဲ့လား၊
တရားဘ၀နာတွေကြိုးစားအားထုတ်ဘို့ပါရမီပြုပေးခဲ့ရဲ့လား၊၀တ္တရားအနေနဲ့သားသမီးက ကျေပွန်ခဲ့ရဲ့လား) စသည်ဖြင့် စိတ်ရဲ့ထွက်ပေါက်သဘောစဉ်းစားပြီးအဖြေကို ကျမကိုယ်တိုင်ပေးပါသည်။
ကျမဘ၀တွင် မိဘရှိစဉ်မိဘ၏တန်ဖိုးကိုသိထားပြီးသကဲ့သို့မိဘမရှိချိန်တွင်မူ ပို၍သိလာပါသည်။
အားငယ်စဉ်အမိရင်ခွင်ထဲခေါင်းနှစ်လိုက်သည်နှင့် ခွန်အားများအလိုလိုပြည့်လာသည်။နေမကောင်းလျင် 
အမေ့ လက်ဝါးလေးဖြင့်၇င်ဘတ်ကိုဖိပေးထားသည်နှင့်သက်တောင့်သက်သာရှိလာသည်..။အရာအရာပါပင်..။
အရိပ်ကိုအရောင်ထင်နေရသောကျမဘ၀တွင်အမေနှင့်လူချင်းတွေ့ပြီးစကားများပြောလိုက်ချင်ပါသည်..။
သို့သော်...အဆုံးအစမထင်သောသံသရာတွင်.အမေသည်မည်သည့်နေရာတွင်မည်သို့ရှိနေသည်ကို ကျမ မသိနိုင်ပါ..။ကျမတတ်နိုင်ခြင်းသည်ယခုအခါတွင် ကုသိုလ်ကောင်းမူဆောင်ရွက်လျက်.(ကုသိုလ်အားအမျှ..အမျှ..အမျှ..)ပေးဝေခြင်းသာလျင်ဖြစ်ပါသည်။
ထိုကဲ့သိုအမျှပေးဝေနိုင်ရန်အတွက်..ကျမအနေဖြင့်ကောင်းမူကုသိုလ်ဟူသမျှဆောက်ရွက်ရပါမည်..။
အမေ့ အနေနှင့်သာဓုခေါ်နိုင်သောဘ၀တွင်တည်ရှိနေပါစေဟူ၍ အရိပ်ကိုအရောင်ထင်နေရသော ကျမမှ
ဆုတောင်းအပ်ပါသည်။
အရိပ်ကိုအရောင်ထင်နေရသောဘ၀များစွာမှဖြတ်ကျော်နိုင်ကြပါစေ.။
အမိနှင့်အဖအားအလုပ်အကျွေးပြုသူဟူသမျှအားရိုသေစွာဖြင့်ကန်တော့အပ်ပါသည်။
၏ခင်မိုးညို