Wednesday, January 9, 2013

အနှိုင်းမဲ့မေတ္တာနှင့်အဆုံးမဲ့မြတ်နိုးခြင်း

 






ဖခင်စကားနှင့်မိခင်၏စကား (များ )နှင့်မိဘသည် ကျမ၏ကိုးကွယ်ရာဖြစ်ပါသည်။
ထို့အတူမြတ်နိုးရာလည်းဖြစ်ပါသည်။
ဖေဖေနှင့်မေမေ ပြောစကားများကို ကျမရေးသားမည်ဟုခံစားမိလိုက်သည်နှင့်အမိနှင့်အဖ၏ပုံရိပ်သည်
မျက်ဝါးထင်ထင်မြင်ရဘိသကဲ့သို့တွေ့လိုက်ရ၏၊
ထိုအရာသည်မိဘ၏အနှိုင်းမဲ့မေတ္တာနှင့်အဆုံးမဲ့မြတ်နိုးခြင်းပင်ဖြစ်ပါသည်။ဖေဖေသည်ရှေ့တန်းမထွက်သည့်ရက်များတွင်အိမ်၏စာဖတ်ခန်းတွင်ကျမနှင့်အတူအနေများ၏။
စာဖတ်ခန်းတွင် ဖေဖေမှကျမအားပြောကြားခဲ့သည့်စကားများစွာထဲမှတစ်ခွန်းမှာ
  (သမီး လူဆိုတာ ဆိုးချင်ဆိုးမယ်၊ကောင်းချင်လဲကောင်းမယ်၊
ဒီနေ့ဆိုးတဲ့လူကမနက်ဖန်ကေင်းနိုင်သလို၊ကောင်းတဲ့လူကလဲဆိုးလာနိုင်တာဘဲ။ဆိုးချင်ဆိုးပါစေ၊ဒါပေမဲ့
ဘယ်တော့မှမယုတ်မာနဲ့၊ယုတ်မာတာက ဗီဇ နဲ့ဆိုင်တယ်)
မေမေသည်ကျမအား.နွေကျောင်းပိတ်ရက်တွင် ဆွယ်တာထိုးသင်ပေးပါသည်။ဆွယ်တာထိုးသင်နေစဉ်မေမေသည်ဆုံးမစကား၊မှတ်သာဖွယ်စကားများကိုပြောကြားလေ့ရှိ၏။
တနေ့ကျမ၏ဆရာမအတွက်ချော့ကလက်ရောင်နှင့်မီးခိုးရင့်ရောင်ပေါင်းစပ်သောဆွယ်တာကိုထိုးနေစဉ်မေမေမှမိန်းခလေးဘ၀များနှင့်စပ်လျှဉ်းသည့်
မှတ်ယူရမည့်စကား၊သို့မဟုတ်ဆုံးမသည့်စကားအဖြစ်..
( သမီး..မိန်းခလေးဆိုတာဖက်ဘဲဖြစ်တယ်။ဖက်ပေါ်ဆူးကျရင်ဖက်ပေါက်ပြီး၊ဆူးပေါ်ဖက်ကျရင်လဲ ဖက်ဘဲပေါက်ပါတယ်..၊ ဒါပေမဲ့ဖက်ချင်းအတူတူ..ပန်းထုပ်တဲ့ဖက်ဘဲဖြစ်ပါစေ..) ဟုပြောကြားခဲ့ပါသည်။
  ဖေဖေနှင့်မေမေ့ဂုဏ်ကျေးဇူးကိုရည်ရွယ်ပါသည်။
မိဖတိုင်းအားထိခြင်းငါးပါးဖြင့်ဦးထိပ်ပန်ဆင်ကန်တော့အပ်ပါသည်။
                              ၏ခင်မိုးညို