Thursday, January 31, 2013

စိစစ်၊သုံးသပ်ပြီးမှသာလျင်








 စိစစ်၊သုံးသပ်ခြင်းနှင့်ညှိနှိုင်းခြင်း
ဤခေါင်းစဉ်ကိုရွေး၍တင်ပြသည့်အကြောင်းမှာ၊မိမိ၏လုပ်ဆောင်မူ၊ဆောင်ရွက်မူမှန်သမျှကို မလုပ်ဆောင်မီသုံးသပ်စိစစ်သင့်သည်ဟူ၍မိမိ၏ယုံကြည်ချက်အရ ဖြစ်ပါသည်။
 သုံးသပ်စိစစ်ပြီး၍ဆောင်ရွက်ပြီးသော်ငြားလည်း၊ပညာရှိသတိဖြစ်ခဲ၊မြင်းကောင်းခွာလိပ်၊အကယ်၍..ဟူသည့်
ပုထုဇဉ်သဘောအမှားရှိခဲ့ပါလျင်၊အမှားကိုမြင်သူက၊အပြုသဘောဖြင့်ပြောကြားအကြံညဏ်ပေးလာသည်ကို
ညှိနှိုင်းတိုင်ပင်ကြလျက်ဆောင်ရွက်ကြစေလိုသည့်စေတနာဖြင့်၊ စိစစ်၊သုံးသပ်ခြင်းနှင့်ညှိနှိုင်းခြင်း ဟူသည့်ခေါင်းစဉ်အားတင်ပြလိုက်ခြင်းဖြစ်ပါသည်။
 အင်တာနက်တွင်တင်ပြခြင်းသည်ကိုယ်တိုင်ရောက်ရှိပြီးဆောင်ရွက်နေဘိသကဲ့သို့၊ခရီးရောက်ပါသည်။မိမိ
တင်ပြသည့်အကြောင်းအရာ၊အခြားသောသူများ၏သိရှိခြင်းများကိုပေါင်းကူးဆက်နွယ်ကြလျက်သိသမျှ၊မြင်သမျှ
ကြားသမျှ ကိုမျှဝေကြပါသည်၊ ထို့ကြောင့်.မိမိ၏တင်ပြလိုက်သောအကြောင်းအရာသည်
မရည်ရွယ်သော၊ဆန္ဒမပါသောနားလည်မူလွဲမှားခြင်းကို ၊ ဖြစ်ပေါ်စေနိုင်သည့်အတွက်ကြောင့် စာလုံးပေါင်း( Spelling )ကို စွမ်းနိုင်သမျှကြိုးစား၍ စိစစ်ပြီး စာလုံးပေါင်း( Spelling  ) အားသံသယရှိခဲ့ပါလျင်  သေချာစွာလေ့လာ၍ ရေးသားသင့်ပါသည်။အကယ်၍ သတိလက်လွတ်ဖြစ်ခဲ့၍ အခြားသူမှတွေ့ခဲ့လျင်လည်းညှိနှိုင်းသည်ကိုလက်ခံသင့်ပါသည်။
 အချို့သောစာများတွင်စာလုံးပေါင်းအမှားတွေခဲ့သော်လည်း ၊ရှေ့ နှင့်နောက်ကိုဖတ်ကြားလျက် ဒီစကားကိုဆိုလိုတာဘဲဟု ဖြည့်စွက်စဉ်းစားပေးခဲ့ပါသည်။စာလုံးပေါင်းမှားနေသည်ကို မသိသောသူတစ်ဦးမှ ဖတ်ကြားခဲ့၍ထိုစာလုံးပေါင်း( Spelling  )အမှားကို အမှန်ဟုနားလည်မူလွဲမှားခဲ့ပါလျင်ထိုအမှားသည်ဆက်၍..ဆက်လက်..အစဉ်တစိုက် မှားနေဦးတော့မည်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့်.ဥပမာ အနည်းငယ်မျှဖြင့်ဖေါ်ပြကာစာလုံးပေါင်း ( Spelling  )အား အထူးဂရုထား၍စိစစ်ဆောင်ရွက်ပေးသင့်ပါကြောင်း၊ စေတနာကောင်းဖြင့် တင်ပြလိုက်ပါသည်။
ဥပမာ... အမှန် များကို ဖေါ်ပြပါသည်။
      ( ၁ )    ပ် နှင့် တ်  ( ထုပ် ပိုးခြင်းနှင့် ထုတ်ယူခြင်း ) အထုပ်အပိုးများထုတ်ယူခဲ့ပါ။ 
      ( ၂ )ျ  နှင့်ြ   (လုပ်ရိုးလုပ်စဉ်နှင့် ဆောင်ရွက်မူ)သီချင်းဆိုနေကျဖြစ်၍         
                                     သီချင်းတိုက်ရန်လာနေကြပြီ။
     ( ၃ )      န်း နှင့် မ်း   ( စန်းသော်တာလမင်းနှင့်စမ်းရေ )
                                  (ထမင်းဆီဆမ်း ရွှေလင်ပန်း ) 
 တန်ဖိုးရှိသောစာများအားစာလုံးပေါင်းမှားသည့်အတွက် တန်ဖိုးလွဲမှားသွားမည်ကို၊ ညှိနှိုင်းလျက်
  မေတ္တာစေတနာဖြင့် 
 ၏ခင်မိုးညို
 ( မိမိ၏ အမှားကိုလဲ အကြံညဏ်ပေးလာခြင်းကို လက်ခံယူရန်၊ အဆင်သင့်စောင့်ကြိုအပ်ပါသည်။)
  
ဆရာဟိန်းတင့်ဇော်အားဤစာစဉ်ဖြင့် လက်စုံမိုးလျက် ရိုသေစွာကန်တော့အပ်ပါသည်။

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း | ဥုမ်သဟာ ...

www.heintintzawbooks.com/2012/.../blog-post_1498.h... - CachedShare
ပုံပြင် ၊ မြန်မာစာ » မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ... စာအုပ်အမည် - 12 - မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ...
You've visited this page 2 times. Last visit: 1/30/13