မတူညီသောတူညီမူ

စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်ဘုရားရင်ပြင်ပေါ်မှရိုက်ကူးထားခြင်းဖြစ်ပါသည်။တစ်နေရာတည်း၌ဖြစ်သော်လည်း
အချိန်ကာလ၏ကြာမြင့်လာခြင်းနှင့်ပြောင်းလဲမူအခြေနေပေါ်မူတည်၍၊ ဧရာဝတီမြစ်ရေအတက်အကျ၊
နှင့်သစ်ပင်တို့၏ပြောင်းလဲခြင်းတို့သည်ဖြစ်ကုန်၏။ အဝေးသို့လှမ်းမြှော်ကြည့်လျင်အစသည်ဘယ်ဆီ၊
အဆုံးသည်ဘယ်မှာဟူ၍မပြောပြနိုင်သည့်မိုးနှင့်မြေ၏ထိစပ်နေသည်ဟူ၍ထင်မှတ်ရသောမိုးကုတ်စက်ဝိုင်း၊
သစ်ရွက်များစွာတို့၏၀ါတချို့၊စိမ်းနရောင်နှင့်စိမ်းရင့်ရောင်တို့ကတသွယ်၊ညိုယောင်ယောင်၊မှိုင်းယောင်
ယောင်တို့ကတမျိုး၊ စသည်ဖြင့်၊ဆောင်းကုန်လုလုနှင့်နွေဦးရာသီမပီတပီချိန်ရာသီတွင် ( ရှင်ဥတ္တမကျော်တောလားမှ.“သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့” )ပတ်ဝန်းကျင်သည်
အလွမ်းဓါတ်ခံရှိသောသူအတွက်အလွမ်းကိုပိုစေပြီး၊ အဆွေးဓါတ်ခံရှိသောသူအတွက်အဆွေးကိုပိုစေ၏။
ကျမသည်အထက်ပါဓါတ်ပုံနှစ်ပုံပါ စစ်ကိုင်းတောင်ရိုးသို့ ကြိမ်ဖန်များစွာရောက်ခဲ့၏။ မန္တလေးနှင့်
စစ်ကိုင်းသို့ မဟာဥပဒေတန်းသို့ စတက်ချိန်မှစ၍ အကြိမ်ပေါင်းများစွာရောက်ခဲ့ပါသည်။မန္တလေးမဟာမြတ်နုနိ
ဘုရားကြီးမျက်နှာသစ်တော်ရေကပ်လှူခြင်းအစ မှအဆုံးတိုင်မှီရန်အရောက်သွားပြီးလျင်၊ မြတ်လေးပန်းပွင့်သည့်
အချိန်မျိုးတွင် သပိတ်တစ်လုံးစာမျှကပ်လှူခဲ့သည်။စစ်ကိုင်းသို့ရောက်လျင်ဆွမ်းဦးပုညရှင်ဘုရားသို့
မြတ်လေးပန်းများဖြင့်ဦးစွာဖူးမြှော်ကပ်လှူပူဇော်လျက် ၊တန်စောင်းဘက်မှနေ၍ အဝေးသို့လှမ်းမြှော်၍
ကြည့်နေကျဖြစ်ပါသည်။စစ်ကိုင်းတောင်ရိုးတခုလုံးသည် စိန်ပန်းနီ၊၀ါပြာ၊ခရမ်းရောင်စုံချယ်သ၏၊ ဤမျှမကသေးပါ၊
အကျော်နှင့် တရုတ်စကားပွင့်၊ တောပန်းရနံ့မျိုးစုံ၊သစ်ပင်တပင်မှတပင်သို့ကူးခုန်နေသည့်ရှဉ့်များ၊ ရောင်စုံငှက်ကလေးများ..စသည်တို့သည်..ရင်ကိုအေးမြစေလျက်၊ အမောပြေစေ၏။
စစ်ကိုင်းရှိဝါးချက်ဆေးရုံနာယက၊ ကျစွာချောင်ဆရာတော် ပါဠိပါရဂူ၊ဆရာတော်ဦးလက္ခဏ သည် ကျမမိခင်
ဟာမစ်တစ်၊မဟာစည်တရားရိပ်သာတွင်တရားဝင်စဉ်အချိန်က၊ကမ္မဌာနစရိယဆရာတော်ဖြစ်ပါသည်။
ထိုစဉ်ကဆရာ့တော်သက်တော်သည်( ၄၃ )နှစ်၊၀ါတော် ( ၂၃ )၀ါ၊ ယခုဆရာတော်၏သက်တော်သည်( ၇၈ ) နှစ်လွန်လျက် ၊ လာမည့် တန်ခူးလပြည့်နေ့ တွင် ( ၇၉ )နှစ်ပြည့်တော့မည်။ ဆရာတော်၏လူမူရေးလုပ်ငန်း
ဆောင်ရွက်ချက်များကိုနိုင်စွမ်းသရွေ့ သွားရောက်ကူညီဆောင်ရွက်ပေးခြင်းဖြင့်စစ်ကိုင်းသို့မကြာခဏ
ရောက်ခြင်းဖြစ်ပါသည်။ စစ်ကိုင်းသို့ ရောက်တိုင်း.ရှူ့ခင်းများကိုကြည့်လျက်၊ ကြည်နူးစိတ်၊လွမ်းစိတ်၊
တမ်းတစိတ်၊ စသည့်အမည်မဖေါ်ပြနိုင်သောဝေဒနာများကိုခံစားရပါသည်။အေးမြသောလရောင်အောက်တွင်
စီးဆင်းနေသောမြစ်ရေပြင်ကိုလည်း၊ အဆိုတော်ဦးသန်းဖေလေး၏ ( ငယ်ကချစ်အနှစ်တစ်ရာမမေ့သာ)သီချင်း
နှင့်တွဲလျက်သတိတရလွမ်းလွမ်းမောမော ကြည့် မိ၏။ သစ်ရွက်လေးများကြွေမည်စိုးစိတ်၊ပန်းရနံ့လေးများပြယ်
မည်စိုးစိတ်၊ရောင်စုံပန်းလေးမှားကြွေမည်စိုးစိတ်၊စသည်စသည်စိုးစိတ်တို့သည်၊ကျမ နှလုံးသားအားလွှမ်းမိုးစေ၏။
ထိုထိုသောခံစားမူများသည်၊ ယခု အသက်ပိုင်းခြားကာလတွင်.အဘယ်သို့ရောက်ရှိကုန်သည်မသိတော့။
ဘ၀တွင် အဓိကနှင့်သာမည ကိုခွဲခြားတတ်လာပြီ။ဘာမှမဆန်းသည်ကိုအဆန်းထွင်လျက် ကြည်နူးခဲ့ရ၊
ပျော်ခဲ့ရ၊ လွမ်းခဲ့ရ၊တမ်းတခဲ့ရ၊ နှင့် အချိန်ကိုအဖိုးမဲ့စွာဖြင့်တန်ဘိုး မရှိအောင်အသုံးပြုခဲ့မိသည်။
သဘာဝအတိုင်းသစ်ရွက်ဝေမည်၊ပြီးလျင်ကြွေမည်၊မွှေးပျံ့သောရနံ့ဖြစ်စေ၊နံသောရနံ့ဖြစ်စေ၊ ကြာလျင်ရနံ့ပြယ်မည်။
အချိန်ခါလိုက် လသာမည်၊လကွယ်မည်၊မြစ်ရေ သာမက၊ပင်လယ်ရေတို့သည်စီးမြဲစီးနေမည်၊၊ သူ့အချိန်နှင့်သူ
ဆုံတွေ့ကြလျက်၊သူ့အချိန်နှင့်သူသေကွဲသော်လည်းကောင်းရှင်ကွဲသော်လည်းကောင်းခွဲကြရမည်။
ယခု အချိန်တွင်.စစ်ကိုင်းတောင်ရိုးကိုကြည့်၍သိလာရသောအသိသည်..ဘာမှမဆန်းဘဲ သူ့သဘောသူဆောင်
နေကြခြင်းသာလျင်ဖြစ်ကြောင်းသိလာရသည်။ သဘာဝအားဖြင့် စိတ်သည်ဖြူစင်ပါသည်။ထိုဖြူစင်သောစိတ်ကို
ခဏခဏရောက်ရှိလာသည့်၊ ညစ်ငြူးစေသောအကြောင်းတရားကြောင့်စိတ်သည်ညစ်လာ၏၊မဲလာ၏၊
ထိုစိတ်များကြောင့် ပင်ခံစားမူ့ များတိုးဝှေ့ရောက်ရှိလာခြင်းဖြစ်ပါသည်။ယခု အခါ၊ မွေးဖွားခြင်းနှင့်
သေဆုံးခြင်းဟူသောမှတ်တိုင်( ၂) ခုကြားတွင်ရတောင့်ရခဲလူ့ဘ၀ကိုတန်ဘိုးရှိအောင်၊ စီစဉ်ဆောင်ရွက်၊
ကျင့်ကြံနိုင်ကြမှသာလျင်၊ သေဆုံးခြင်းဟူသည့်မှတ်တိုင်ကို အောင်မြင်စွာဖြတ်ကျော်နိုင်မည်ဖြစ်ပါသည်။
ယခုရရှိလာသောကောင်းမွန်သည့်အသိစိတ်သည်၊ဆရာတော်များ၏တရားတော်ကိုအဖန်ဖန်၊အကြိမ်ကြိမ်၊
နာကြားခြင်း၊အဖိုးရှိသောစာများ၊အနှစ်ရှိသောစာများကိုဖတ်ရှု့ခြင်း၊ ရဟန်း၊ လူ မည်သူမဆို၊ ဆိုဆုံးမသော ဆုံးမသြ၀ါဒစကားကိုလေးစားစွာလိုက်နာပြီးလျင်ကျင့်သုံးခြင်း၊..တို့ကြောင့်မှန်ကန်သောအသိစိတ်ကို
သိရှိလာရခြင်းဖြစ်ပါသည်။
ယခု အခါတွင် ယခင်ကလို...လွမ်းစရာ၊ကြည်နူးစရာ၊ တမ်းတစရာဟူ၍ခံစားမူ့မရှိတော့ဘဲ ၊သဘာဝအတိုင်းသာ
လျင် ဖြစ်ပြီးသည်နောက်ပျက်သွားခြင်းကိုသာသိမြင်ခံစားလျက်..သူ့အကြောင်းတရားနှင့်သူသာလျင်ရှိဖြစ်တတ်
သည့်သဘောကို..နားလည်ခံစားမိနေပြီဖြစ်ပါသည်။
ကာယကံနှင့်ဝစီကံကို သီလဖြင့်စင်ကြယ်အောင်ပြုလျက်စိတ်ဖြူစင်ရန်စိတ္တာဘ၀နာဖြင့်သာလုပ်ဆောင်ပါမည့်
အကြောင်းစကားလက်ဆောင်ပါးလျက်၊ ဗုဒ္ဓသာသနာအဓွန့်ရှည်ပါစေဟုဆုတောင်းအပ်ပါသည်။
စိတ်ချမ်းသာကြပါစေ
ခင်မိုးညို
ဓမ္မတရားတော်များဟောကြားတောမူအပ်သောဆရာတော်များ၊အမိအဖ၊
အသိ၊အရှိကိုအသိ၊အရှိ အတိုင်းမြင်သိတတ်ရန်ပြောကြားသောဆရာဟိန်းတင့်ဇော်နှင့်
ဓမ္မတရားတော်များနားကြားနိုင်ရန်ကူညီဆောင်ရွက်ကြသောမိတ်ဆွေများအားဤစာစဉ်ဖြင့်ရိုသေလေးစားမြတ်နိုးခြင်းဖြင့်ကန်တော့အပ်ပါသည်။