သီလဆောက်တည်ခြင်းသည်
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။)
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။)
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(သူ့အိမ်ယာလည်း မပြစ်မှားဘဲ အမြဲရှောင်ကြဉ်မည်။)
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။)
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။)
သီလဆောက်တည်ခြင်း၊ဟူသည်အများအားဖြင့်ဗုဒ္ဓဘာသာဝင်တိုင်းမှ သိထားကြသောအကြောင်းတရားလေးဖြစ်ပါသည်။ယခုကဲ့သို့မိမိကိုယ်တိုင်ကံငါးပါးကိုစောင့်ထိန်းလိုက်ခြင်းအားဖြင့် အခြားသောသူတို့အတွက်လည်းကောင်းကျိုးချမ်းသာခြင်းကိုရှိစေ၏။
သူတပါး၏အသက်ကို သတ်ခြင်းမှရှောင်ကြဉ်သဖြင့်သူတပါး၏အသက် ချမ်းသာရာဖြစ်၏၊ သူ့ဥစ္စာမခိုးသဖြင့် သူ့ဥစ္စာလျော့ပါးခြင်းမှကင်းဝေး၏၊
သူ့အိမ်ယာမပြစ်မှား သည့်အတွက်၊တပါးသူ၏မိသားစုစိတ်ဆင်းရဲခြင်းမှကင်းဝေးကြကုန်၏။
လိမ်လည်၍ မပြောသည့်အတွက်၊လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင်အဆင်ပြေချောမွေ့စေ၏။
သေရည်အရက်မသောက်သည့်အတွက်၊ မိမိ၏မိသားစုဂုဏ်မငယ်ခြင်း၊မိမိဝန်းကျင်အသိုင်းအ၀ိုင်းစိတ်ချမ်းသာမူရရှိစေ၏။
မိမိမှငါးပါးသီလကိုစောင့်ထိန်းသည့်အတွက်မိမိနှင့်အတူဝန်းကျင်အသိုင်းအ၀န်းကိုပါ၊စိတ်ချမ်းသာစေသည့်အတွက်
ဖြူစင်မွန်မြတ်သောစိတ်နှင့်အတူတန်ဖိုးရှိသောလူ့ဘ၀ကိုပိုင်ဆိုင်ကြ၏၊သူတပါးကိုကိုယ်ချင်းစာနာစိတ်၊မေတ္တာဂရုဏာစိတ်များဖြင့်တစ်ဦးနှင့်တစ်ဦး
လေးစားစွာဆက်ဆံကြသည့်အတွက်သံသရာအတွက်ပါကောင်းခြင်းရလာဒ်ကိုပိုင်ဆိုင်နိုင်ပါသည်။
Money makes every thing ဟု နားလည်ထားကြသူများအတွက်ငွေနှင့်ပေး၍၀ယ်၍မရသော၊ အရာသည်
လောကတွင်တန်ဘိုးအကြီးမားဆုံးအရာဖြစ်သည့်၊စင်ကြယ်သော၊အကျင့်သီလကိုခါးဝတ်ပုဆိုးကဲ့သို့မြဲခိုင်ခြင်းပင်
ဖြစ်ပါသည်။
စင်ကြယ်သောသီလ၊မြင့်မြတ်သောကိုယ်ကျင့်တရားကို မည်သို့သောလောကဓံဖြင့်ကြုံတွေ့ရသည်ဖြစ်စေ၊စောင့်ထိန်းထားနိုင်ရပါမည်။ဘ၀ ဟူသည် ခဏတက်သည့်ရေပွက်ပမာမျှသာအလွန်တိုတောင်းလျက်၊သံသရာခရီးမှာမူအလွန်ရှည်လျှားလှပါသည်။မည်ရွေ့ မည်မျှကြုံကြရဦးမည်၊ဆုံကြရဦးမည်၊မည်သို့သောဘ၀ပေးအခြေအနေမျိုးကြုံကြရဦးမည်ဟူသည်ကို၊မသိနိုင်။
ထိုကြောင့်ရခဲလှစွာသောလူ့ဘ၀ကိုရရှိခိုက်တွင်လူ့ဘ၀ကို တန်ဖိုးရှိစွာပိုင်ဆိုင်ထားကြရပါမည်။
အကောင်းအဆိုး၊အကြောင်းအကျိုးကိုနားလည်နိုင်ရမည်။နားလည်နိုင်ရန်အတွက်ဘာသာတရားကိုလေးစားလိုက်နာဆောင်ရွက်ရမည်။
စာကောင်းစာပေများကို ဖတ်ရှူ့မှတ်သားရမည်။လူပီသသောစိတ်ဓါတ်၊မိကောင်းဖခင်၏သားသမီးအပြုအမူ၊
သား/သမီးများမှလေးစားထိုက်သောအမိကောင်း၊အဖကောင်းတို့၏အပြုအမူ၊ဆရာကောင်းတပည့်အပြုအမူ၊
စသည်ဖြင့်လူနှင့်လူချင်းလေးစားထိုက်သောအပြောအဆို၊အနေအထိုင်၊ဆိုသည့်ကျင့်ဝတ်ကောင်းများကိုတလေးတစား
ထဲထဲဝင်ဝင်ဆောင်ရွက်သင့်ကြပါသည်။
ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ကံငါးပါးကိုအလိုလိုစောင့်ထိန်းပြီးဖြစ်နေခြင်း၊ထို့အတူကံငါးပါးကို စောင့်ထိန်းချြင်းဖြင့်လည်းအထက်တွင်ရေးသားထားသကဲ့သို့လူကောင်းသူကောင်း
ဘ၀များကိုပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍သီလစောင့်ထိန်းခြင်းသည်မိမိတစ်ဦးတည်းအတွက်ကောင်းခြင်းရလဒ်ကိုရရှိစေသည်မဟုတ်ဘဲ
မိမိ၏ပတ်ဝန်းကျင်ကိုပါ၊ကောင်းကျိုးချမ်းသာကိုပေးဆပ်နိုင်ပါသည်ဟု၊သိသမျှအား၊နိုင်စွမ်းသရွေ့ဝေငှတင်ပြလိုက်ပါသည်။
စိတ်ချမ်းသာကြပါစေ
ခင်မိုးညို
