Tuesday, April 2, 2013

ဦးခိုက်နိုင်စေ..စွမ်းဆောင်လေ

ဦးခိုက်နိုင်စေ..စွမ်းဆောင်လေ
   ( ၁ )       မြစ်ရေပြင်ကမ်း မနီးဝေးတွင်
မကျယ်မကျဉ်း မမြင့်မနိမ့်
မိုးလေလုံမျှ မခန့်ငြားသည့်
ငါ၏မိဘ  သင့်မိဘတို့
ပိုင်ဆိုင်လေသော   ထို အိမ်ငယ်လေး
တည်ရှိကောင်း၏။
 ( ၂ )     ထိုအိမ်ငယ်တွင်
ငါနှင့်သင်တို့ မွေးဖွားကြလျက်   ။
 ( ၃ )     မချောမလှ မဖြူ မမဲ
 ဆင်းရဲချမ်းသာ မခွဲခြားဘဲ
နည်းလျင်မျှ  များလျင်ငှ၍
မျှတစိတ်ရည်  မေတ္တာချည်ဖြင့်
ထုံးဖွဲ့နှောင်ကာ အားခွန်တိုးအောင်
ငါ၏မိဘ သင့်မိဘတို့
ပီတိရင်းကာ ဆောင်ရွက်ကြလျက်  ။
( ၄ )    မောလျင်..အမောပြေ
   နွမ်းလျင်..အပန်းဖြေ
 နားနားနေနေ..နားခိုစေ၍
အားအင်ပြည့်စွမ်း..စိတ်ရွှင်လန်းသော်
ငါနှင့်သင်တို့
ထိုအိမ်ငယ်မှ..ဖြေးညှင်းထွက်ခွါ
ဝေးသောရပ်နေ.တိုင်းခြားမြေသို့
ထွက်ခွါသွားလဲ..။
( ၅  )   အ မိနှင်ဖ နှစ်ဦးတည်းသာ
 ကိုင်းကိုကျွန်းမှီ  ကျွန်းကိုင်းမှီလျက်
တိုးတိုးတိုင်ပင်.ဖေးမကူ၍
ငါ့သားမောင်မင်းဖြစ်လေတုံဟု
ရည်ရော်မှန်းလျက်.. နေ့စဉ်ရက်ဆက်
 မြှော်လျက်..လွမ်းလျက်..ရှိနေဘိ၏။

( ၆ )  မိဘမေတ္တာ စီးကာစုန်ရေ
 မြစ်ရေပြင်သို့ မျှဝေခြင်းကို
ငါသည်နားလည် မှတ်သိသကဲ့သို့
သင်နှင့်သင်တို့ နားလည်မှတ်သိ
ရှိစေကောင်း၏။
( ၇ ) ဝေးသောရပ်မြေ  ထိုထိုရပ်တွင်
 သင်နှင့် သင်တို့နေကြကောင်းလဲ
ကျန်ခဲ့ဤမြေ၊ဤဌာနေ၌
မြှော်ကာလွမ်းလျက်တမ်းကာတသည့်
သင်၏မိဘ အို၍မစွမ်း
အိုမင်းမစွမ်းကို
ငါနှင့်သင်တို့ ရို့ကျိုးခယ
သတိရလျက် 
တို့များထာဝရ
ဦးခိုက်နိုင်စေ  စွမ်းဆောင်လေ..။
  
ခင်မိုးညို