
( ၅ ) ပါးသီလနှင့် ( ၆ )ပါးသီလ
ယနေ့ စိတ်များပင်ပူအိုက်သည်။ရာသီဥတု၏ပူလောင်ခြင်းကို ရုပ်တရားအရခံစားရသည်။နမ်တရားမှပူသည်ကိုသိနေခြင်းကြောင့်ထိုပူလောင်ခြင်းကိုကျမခံစားနေရသည်။သည်ထက်အဆင့်
မြင့်စွာပြောရပါလျင်၊ဤခန္ဓာကြီးကို ငါ၏ခန္ဒာငါပိုင်သည်ဟု သတ်မှတ်သည့် အတွက် ထိုပူလောင်မူကို၊လက်ခံမိသည်။ထို့ကြောင့် ပူလိုက်တာ၊အိုက်လိုက်တာ၊ပူစပ်ပူလောင်ဖြစ်လိုက်တာ..ဟူ၍ထိုပူအိုက်ခြင်းကိုပင်
အမည်နာမအမျိုးမျိုးဖြင့်၊လက်ခံပြောဆိုနေဖြစ်တော့သည်။
လောကဓါတ်ပညာရပ်များတိုးတက်လာသည်နှင့်အမျှ၊တဘက်တွင် ပျက်စီးခြင်း၊ဆုတ်ယုတ်ခြင်းအကြောင်းတရားများကိုရင်ဆိုင်
နေကြရသည်ဖြစ်ပါသည်။
စာရေးချင်သည်။လူတိုင်းရာသီဥတုအပူဒါဏ်ကိုခံစားနေရချိန်တွင်၊ စိတ်ရှူပ်ခြင်း၊စိတ်မောခြင်းရသများကိုမရေးလိုပါ။
ထိုသို့ဆိုလျင်ရယ်မောစရာရသပိုင်းကိုရေးလိုပါသည်။ထိုရယ်မောခြင်းတွင်၊အသိတရားလေးနှင့်နွယ်သောရယ်စရာလေးကိုရေးသားမည်ဟူ၍စိတ်ကူးလိုက်သည်။
ကျမဖတ်ခဲ့သော ( ၅ ) ပါးသီလနှင့် ( ၆ )ပါးသီလကိုပြန်လည်၍ရေးပါမည်။
ယခုကဲ့သိုပူအိုက်သောနေ့လည်ခင်းတွင်အမည်မမှတ်မီသောဘုန်းကြီးကျောင်းအောက်၌ ကျောင်းသား (၂) ယောက်ကစားနေကြ၏။အချိန်အနည်းငယ်ကြာသောအခါ ၊စကားအငြင်းအခုန်ဖြစ်လာကြရာ၊အသံမှာတစထက်တစကျယ်လာသည့်အတွက်၊ ကျောင်းထိုင်ဆရာတော်မှ၊ ကြိမ်လုံးကိုကြမ်းပြင်နှင့် တဗြမ်းဗြမ်းမြည်အောင်ရီုက်၍ ငြင်းခုန်နေသောကျောင်းသား( ၂ )ယောက်ကိုခေါ်၍ အကျိုးနှင့်အကြောင်းကိုမေးမြန်းရာတွင်၊ကျောင်းသားတစ်ယောက်က မိမိမှပြောပြသည်မှာ
( ၅ )ပါးသီလ၊ (၈ )ပါးသီလ၊ ( ၉ )ပါးသီလ၊ ( ၁၀ )ပါးသီလများဖြစ်ပြီး ( ၅ ) ပါးသီလကို
နေ့စဉ် ဘုရားရှိခိုးတိုင်း သီလခံယူဆောက်တည်ကြရကြောင်းပြောပြရာ၊ အခြားကျောင်းသားမှ၊
( ၅ )ပါးသီလမဟုတ်ကြောင်း ( ၆ )ပါးသီလဖြစ်ကြောင်းပြောသည့်အတွက်၊ ( ၅) ပါးသီလနှင့်
( ၆ )ပါးသီလ ငြင်းနေကြခြင်းဖြစ်ကြောင်း၊လျှောက်တင်ပါသည်။
ထိုအခါ ကျောင်းထိုင်ဆရာတော်မှ၊ (၅)ပါးမှန်းမသိ၊(၆)ပါးမှန်းမသိ သောသူမျိုးနှင့်ငြင်းရကောင်းလားဟုမာန်ကာ
အမှန်ဖြစ်သော( ၅)ပါး သီလကျောင်းသားကိုရိုက်လေတော့သည်။
အထက်ပါကဲ့သို့(၅)ပါးနှင့်(၆)ပါးသီလကိုတောင်အမှန်မသိသောကျောင်းသားကဲ့သို့ပင်လူနှင့်
လူ့ပတ်ဝန်းကျင်တွင်လည်းလူ့ယဉ်ကျေးမူ၊အကျင့်စာရိတ္တ၊တာဝန်နှင့်ဝတ္တရား၊ ဟိရီနှင့်သြတ္တပကို မသိသောသူများရှိနေကြပါသေးသည်။လူချင်းတူပါလျက်အသက်ရှူကွဲသည်ဟုပြောကြပါသည်။
သို့ဖြစ်ပါ၍ မကြာမီရောက်ရှိလာတော့မည့် အခါသင်္ကြန်တွင် အကောင်းအဆိုး၊အကြောင်းအကျိုးကို မိမိတို့၏ကိုယ်ပိုင်အသိညဏ်နှင့်ဝေဖန်၊ဆန်းစစ်ပိုင်းခြားလျက်၊ယဉ်ကျေးသောမြန်မာ၊
အရှက်တရားအကြောက်တရားနင့်ယဉ်ပါးသောမြန်မာဖြစ်ကြောင်းနှင့် နိုင်ငံကြီးသားဟူသည်မှာ ရုပ်လက္ခဏာတိုးတက်ခြင်းကိုဆိုလိုသည်မဟုတ်ဘဲ၊မိမိတို့ ၏ဓလေ့ ရိုးရာကို မြတ်နိုးခုံမင်စွာဖြင့်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်စည်းကမ်းရှိခြင်း
ကိုကိုဆိုလိုခြင်းဖြစ်ကြောင်းသိရှိရမည်၊ပြသရမည်ဖြစ်ပါသည်။အဆိုပါခံယူချက်ကိုလည်း၊
( ၆ ) ပါးကိုအမှန်ဟုငြင်းခုန်သည့်ကျောင်းသားမျိုးနှင့်ငြင်းခုန်နေခြင်းမပြုဘဲ
ကောင်းမွန်မြင့်မြတ်သည့်အကျင့်ကောင်းကိုမိမိတို့ကိုယ်တိုင်သာလျင်ကျင့်ကြံဆောင်ရွက်၊ကြိုးပန်းအားထုတ်သင့်
ပါကြောင်းကို( ၅ ) ပါး နှင့် ( ၆ )ပါးသီလအားနမူနာယူလျက် ရေးသားတင်ပြအပ်ပါသည်။
စေတနာကောင်းဖြင့်
ခင်မိုးညို

