Tuesday, April 16, 2013

နေ့ပေါင်းများစွာ၊လပေါင်းများစွာ

 နေ့ပေါင်းများစွာ၊လပေါင်းများစွာ

 မနက်ဖန်ဆိုလျင် မြန်မာတို့၏နှစ်သစ်ရက်ဖြစ်သောနှစ်ဆန်းတစ်ရက်ဖြစ်ပေပြီ။သည်လိုနှင့်အကြိုရက်၊အကျရက်၊အကြတ်ရက်နှင့် သည်နေ့အတက်ရက်များတွင် ရေလောင်းခြင်း၊ရေပက်ခံခြင်း၊စတုဒီသာကျွေးခြင်းများနှင့်ဥပုဒ်သီလဆောက်တည်ခြင်းဟူသောပျော်ရွှင်ဖွယ်ရာများနှင့် ဘာသာရေးများကို မြန်မာ့ဓလေ့ရိုးရာအတိုင်းနှစ်စဉ်ဆောင်ရွက်ကြကုန်၏။
နှစ်ဆန်းတစ်ရက်နေ့တွင်နှစ်သစ်ကိုမင်္ဂလာရှိစွာကြိုဆိုသောအားဖြင့်၊ဘာသာရေးအသင်းအဖွဲ့အစည်းအလိုက်သော်လည်းကောင်း
ဌာနဆိုင်ရာအလိုက်သော်လည်းကောင်း၊ဘုရားများတွင်ဝတ်ရွတ်ပူဇော်ကန်တော့ခြင်း၊ရေသပ္ပါယ်ခြင်း၊ငါးလွှတ်ခြင်း၊သက်ကြီးရွယ်အိုများကိုပူဇော်ကန်တော့ခြင်း
၊သရော်ကင်းပွန်းသီးခေါင်းလျှော်ရည်အလှူပြုခြင်းနှင့်အခြားအခြားသော အလှူဒါနပြုခြင်း စသည်..စသည်များကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြကုန်၏။ဤသည်ကား ခေတ်အဆက်ဆက် မြန်မာ့လူမျိုးတို့၏၊ မြတ်နိုးဖွယ်၊ကြည်နူးဖွယ်ရိုးရာဓလေ့ပင်ဖြစ်ပါသည်။
  ၎င်းအပြင် ပြက္ခဒိန်တွင် (၁၂ )လရာသီအားလုံး၌ ဧပြီလ( ၀ါ ) တန်ခူးလ တစ်ခုတည်းသာ အနီရောင်ဂဏန်းအများဆုံးဖြစ်သဖြင့်၊အနားယူရသောရက်အများဆုံးဖြစ်သည်ကိုလည်းသိရှိနိုင်ပါသည်။
ထို့ကြောင့်ထိုပိတ်ရက်တွင် မြန်မာတို့၏ချစ်မြတ်နိုးဖွယ်ဓလေ့ရိုးရာကို မိမိတို့၏မိသားစုများဖြင့်စုစည်းပေါင်းဆုံကြလျက် ဆင်ယင်ကျင်းပ၊ဆောင်ရွက်ကြပါသည်။

 သို့အတွက်လည်း အမိအဖညီအကိုမောင်နှမ၊ခင်ပွန်းနှင့်ဇနီးသားသမီးပြန်လည်ဆုံတွေ့ကြလျက်တနှစ်တာ၏မောပန်း
သမျှကိုလည်းကောင်းဝေးကွာနေကြရသောကာလများကိုလည်းကောင်း၊
စိတ်နှင်ပတ်သက်လေသမျှမောလျှနွမ်းနယ်မူများကိုမြတ်နိုးချစ်ခင်လေးစားခြင်းများဖြင့် မိသားစုဘ၀လေးကို သာယာစိုပြေကြစေပါသည်။
   သို့သော် အကြောင်းအမျိုးအမျိုးကြောင့် အမိအဖအမ များနှင့်ဝေးကွာနေကြသူများလည်းရှိပါသည်။
ဘ၀၏ရုန်းကန်ခြင်းနောက်ကွယ်တွင်၊အကြောင်းပေါင်းများစွာရှိကြကုန်၏။တမ်းတမိသော်လည်းမရောက်နိုင်၊မှန်းဆမိသော်လည်းမမြင်နိုင်ကြရသောဘဝ
များလည်းရှိကြပါသည်။
မိဖတိုင်းသည် မိမိ၏သားကိုစောင့်စားမိကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။
နေထိုင်မှကောင်းပါလေစ ဟူသော ထပ်လောင်းစိုးရီမ်စိတ်သည်လည်းဝင်ရောက်လာပါသေးသည်။
ဆန္ဒနှင့်တထပ်တည်းမကျနိုင်သော လူ့ဘ၀တွင်၊အားငယ်စိတ်၊မကျေနပ်စိတ်၊တွေဝေစိတ်များဖြစ်သည့် အကုသိုလ်အားပေးသောစိတ်များကိုမဖြစ်ပေါ်စေရန်နှင့် အကျင့်သီလနှင့်ယှဉ်သောကောင်းကျိုးဆောင်တာလုပ်ရပ်များကို အမျိုးသားကောင်းပီသစွာလုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
 နှစ်ဟောင်းလွန်မြောက်၍နှစ်သစ်ကာလတွင် မကောင်းသည်များကိုစိတ်ဖြင့်သာဆေးကြောနိုင်ကြပါသည်။မကောင်းခြင်း၊ကောင်းခြင်းကို
ခွဲခြား၊ပိုင်းခြားလျက်မင်္ဂလာရှိစွာဖြင့်ပြုလုပ်နိုင်ရမည်။အမှန်စင်စစ် အချိန်ကာလသည် ဤနှစ်၊ဤလ၊ဤ ရက်တွင်မှသာပြောင်းလဲနေသည်မဟုတ်ဘဲ စက္ကံ့မခြား၊ပြောင်းလဲနေသည်သာဖြစ်သည်ကို သိရှိကြပြီးဖြစ်ပါသည်။
ပြောင်းလဲခြင်းနှင့်အမျှ၊ကောင်းမူကုသိုလ်ကံများကိုလည်းအချိန်နှင့်အမျှဆောင်ရွက်နေသင့်ပါသည်။
နေ့စဉ်နှင့်အမျှစက္ကံ့မခြားဖြစ်ခြင်းနှင့်ပျက်ခြင်းသည်သာလျင်ရှိသောဓမ္မသင်္ခါရတရားကိုသိရှိနိုင်အောင်ကြိုးစားလျက်၊ရခဲလှစွာသောလူ့ဘဝ
တွင် နေရသည့်အခိုက်၊၀န်းကျင်အသိုင်းအ၀ိုင်းအားမိမိ၏နိုင်သမျှ၊စွမ်းနိုင်သမျှသောအားအင်ဖြင့် လုပ်ဆောင်ပေးသင့်သည်။
အထူးသဖြင့် ကိုယ်ကျင့်တရားကို မြတ်နိုးခုံမင်စွာဖြင့်ဆောက်တည်ခြင်းအားဖြင့် မိမိ၏ကိုယ်နှင့်တကွ၊ မိမိ၏မိဘဆွေမျိုး၊ထိုမှတဆင့်လူမျိုး၊နိုင်ငံ၏ဂုဏ်သိက္ခာကိုပါ တင့်တယ်လှပစေနိုင်မည်သည်။
မြတ်စွာဘုရားရှင်အားကြည်ညိုခြင်းသည်၊ဘုရား၏ဂုဏ်တော်ကို ထဲထဲဝင်ဝင် သိနိုင်အောင်သိမှတ်လျက်၊ တရားတော်များ၏ဆုံးမစာ၊သံဃာတော်များ၏ဆုံးမသြ၀ါဒများကိုနာယူသိရှိရခြင်းကြောင့်ဖြစ်ပါသည်။
ထိုအခါ မြတ်စွာဘုရားအားကြည်ညိုခြင်းစိတ်ကြောင့် ဘုရား၏ဆုံးမတရားများကိုလည်းနားထောင်ကာ ဤကားကုသိုလ်၊အကုသိုလ်ဟူသည်ကိုကွဲပြားခြားနားစေသောစိတ်ကိုပိုင်ဆိုင်လာသည်။ဟီရိ၊ဲသြတ
က်၊အကျရက်၊အကြတ်ရက်နှင့် သည်နေ့အတက်ရက်များတွင် ရေလောင်းခြင်း၊ရေပက်ခံခြင်း၊စတုဒီသာကျွေးခြင်းများနှင့် ဥပုဒ်သီလဆောက်တည်ခြင်းဟူသောပျော်ရွှင်ဖွယ်ရာများနှင့် ဘာသာရေးများကို မြန်မာ့ဓလေ့ရိုးရာအတိုင်းနှစ်စဉ်ဆောင်ရွက်ကြကုန်၏။
နှစ်ဆန်းတစ်ရက်နေ့တွင်နှစ်သစ်ကိုမင်္ဂလာရှိစွာကြိုဆိုသောအားဖြင့်၊ဘာသာရေးအသင်းအဖွဲ့အစည်းအလိုက်သော်လည်းကောင်း
ဌာနဆိုင်ရာအလိုက်သော်လည်းကောင်း၊ဘုရားများတွင် ၀တ်ရွတ်ပူဇော်ကန်တော့ခြင်း၊ရေသပ္ပါယ်ခြင်း၊ငါးလွှတ်ခြင်း၊သက်ကြီးရွယ်အိုများကိုပူဇော်ကန်တော့ခြင်း၊သရော်ကင်းပွန်းသီးခေါင်းလျှော်ရည်အလှူပြုခြင်းနှင့်
အခြားအခြားသော အလှူဒါနပြုခြင်း စသည်..စသည်များကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြကုန်၏။ ဤသည်ကား ခေတ်အဆက်ဆက် မြန်မာ့လူမျိုးတို့၏၊ မြတ်နိုးဖွယ်၊ကြည်နူးဖွယ်ရိုးရာဓလေ့ပင်ဖြစ်ပါသည်။
  ၎င်းအပြင် ပြက္ခဒိန်တွင် (၁၂ )လရာသီအားလုံး၌ ဧပြီလ( ၀ါ ) တန်ခူးလ တစ်ခုတည်းသာ အနီရောင်ဂဏန်းအများဆုံးဖြစ်သဖြင့်၊အနားယူရသောရက်အများဆုံးဖြစ်သည်ကိုလည်းသိရှိနိုင်ပါသည်။ထို့ကြောင့်ထိုပိတ်ရက်တွင် မြန်မာတို့၏ချစ်မြတ်နိုးဖွယ်ဓလေ့ရိုးရာကို မိမိတို့၏ မိသားစုများဖြင့်စုစည်းပေါင်းဆုံကြလျက် ဆင်ယင်ကျင်းပ၊ဆောင်ရွက်ကြပါသည်။
 သို့အတွက်လည်း အမိအဖညီအကိုမောင်နှမ၊ခင်ပွန်းနှင့်ဇနီးသားသမီးပြန်လည်ဆုံတွေ့ကြလျက် တနှစ်တာ၏မောပန်းသမျှကိုလည်းကောင်းဝေးကွာနေကြရသောကာလများကိုလည်းကောင်း၊
စိတ်နှင်ပတ်သက်လေသမျှမောလျှနွမ်းနယ်မူများကိုမြတ်နိုးချစ်ခင်လေးစားခြင်းများဖြင့် မိသားစုဘ၀လေးကို သာယာစိုပြေကြစေပါသည်။
   သို့သော် အကြောင်းအမျိုးအမျိုးကြောင့် အမိအဖအမ များနှင့်ဝေးကွာနေကြသူများလည်းရှိပါသည်။
ဘ၀၏ရုန်းကန်ခြင်းနောက်ကွယ်တွင်၊အကြောင်းပေါင်းများစွာရှိကြကုန်၏။တမ်းတမိသော်လည်းမရောက်နိုင်၊မှန်းဆမိသော်လည်းမမြင်နိုင်ကြရသောဘဝ
များလည်းရှိကြပါသည်။
မိဖတိုင်းသည် မိမိ၏သားကိုစောင့်စားမိကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။
နေထိုင်မှကောင်းပါလေစ ဟူသော ထပ်လောင်းစိုးရီမ်စိတ်သည်လည်းဝင်ရောက်လာပါသေးသည်။
ဆန္ဒနှင့်တထပ်တည်းမကျနိုင်သော လူ့ဘ၀တွင်၊အားငယ်စိတ်၊မကျေနပ်စိတ်၊တွေဝေစိတ်များဖြစ်သည့် အကုသိုလ်အားပေးသောစိတ်များကိုမဖြစ်ပေါ်စေရန်နှင့် အကျင့်သီလနှင့်ယှဉ်သောကောင်းကျိုးဆောင်တာလုပ်ရပ်များကို အမျိုးသားကောင်းပီသစွာလုပ်ဆောင်ကြရမည်ဖြစ်ပါသည်။
 နှစ်ဟောင်းလွန်မြောက်၍နှစ်သစ်ကာလတွင် မကောင်းသည်များကိုစိတ်ဖြင့်သာဆေးကြောနိုင်ကြပါသည်။မကောင်းခြင်း၊ကောင်းခြင်းကို
ခွဲခြား၊ပိုင်းခြားလျက်မင်္ဂလာရှိစွာဖြင့်ပြုလုပ်နိုင်ရမည်။အမှန်စင်စစ် အချိန်ကာလသည် ဤနှစ်၊ဤလ၊ဤ ရက်တွင်မှသာပြောင်းလဲနေသည်မဟုတ်ဘဲ စက္ကံ့မခြား၊ပြောင်းလဲနေသည်သာဖြစ်သည်ကို သိရှိကြပြီးဖြစ်ပါသည်။
ပြောင်းလဲခြင်းနှင့်အမျှ၊ကောင်းမူကုသိုလ်ကံများကိုလည်းအချိန်နှင့်အမျှဆောင်ရွက်နေသင့်ပါသည်။
နေ့စဉ်နှင့်အမျှစက္ကံ့မခြားဖြစ်ခြင်းနှင့်ပျက်ခြင်းသည်သာလျင်ရှိသောဓမ္မသင်္ခါရတရားကိုသိရှိနိုင်အောင်ကြိုးစားလျက်၊ရခဲလှစွာသောလူ့ဘဝ
တွင် နေရသည့်အခိုက်၊၀န်းကျင်အသိုင်းအ၀ိုင်းအားမိမိ၏နိုင်သမျှ၊စွမ်းနိုင်သမျှသောအားအင်ဖြင့် လုပ်ဆောင်ပေးသင့်သည်။
အထူးသဖြင့် ကိုယ်ကျင့်တရားကို မြတ်နိုးခုံမင်စွာဖြင့်ဆောက်တည်ခြင်းအားဖြင့် မိမိ၏ကိုယ်နှင့်တကွ၊ မိမိ၏မိဘဆွေမျိုး၊ထိုမှတဆင့်လူမျိုး၊နိုင်ငံ၏ဂုဏ်သိက္ခာကိုပါ တင့်တယ်လှပစေနိုင်မည်သည်။
မြတ်စွာဘုရားရှင်အားကြည်ညိုခြင်းသည်၊ဘုရား၏ဂုဏ်တော်ကို ထဲထဲဝင်ဝင် သိနိုင်အောင်သိမှတ်လျက်၊ တရားတော်များ၏ဆုံးမစာ၊သံဃာတော်များ၏ဆုံးမသြ၀ါဒများကိုနာယူသိရှိရခြင်းကြောင့်ဖြစ်ပါသည်။
ထိုအခါ မြတ်စွာဘုရားအားကြည်ညိုခြင်းစိတ်ကြောင့် ဘုရား၏ဆုံးမတရားများကိုလည်းနားထောင်ကာ ဤကားကုသိုလ်၊အကုသိုလ်ဟူသည်ကိုကွဲပြားခြားနားစေသောစိတ်ကိုပိုင်ဆိုင်လာသည်။ဟိရိ၊ြှုသတ္တပ ဟူသည့် ရှက်တတ်ခြင်းနှင့်ရှက်မှကြောက်တတ်နိုင်သောတရားကိုလည်းမည်သူမဆိုသိလာနိုင်သည်။
  နှစ်ဆန်းတစ်ရက်နေ့မှသာမဟုတ်ဘဲ၊ကောင်းသောလုပ်ငန်းမှန်သမျှကို နာရီစက္ကံ့မခြားမွန်မြတ်သောသီလဖြင့်ဝတ္တရားကျေ့ပွန်စွာရွက်ဆောင်ခြင်းဖြင့် အမိအဖနှင့်ဝေးကွာနေသောသူများအားလုံး စိတ်နှလုံးအေးချမ်းသာယာရှိကြပါစေ၊ကောင်းသည့်အလုပ်မှန်မျှဂုဏ်ရှိနေကြသည်ဟူသောစိတ်အာမာန်များနှလုံးသားထဲသို့တိုင်၊
ထဲထဲဝင်ဝင်ရှိနိုင်ကြပါစေဟူ၍ ရက်ပေါင်းများစွာအတွက် နှူတ်ခွန်းဆက်သလိုက်ပါသည်။
အမိနှင့်အဖကို လွမ်းနေရသောရက်များကင်းဝေးနိုင်ပါစေ
မေတ္တာရည်လျက်
ခင်မိုးညို