Tuesday, April 30, 2013
စိတ်ယဉ်ကျေးမှုမ နွမ်းပါး ပါစေရန်
 စိတ်ယဉ်ကျေးမှုမ နွမ်းပါး ပါစေရန်
အထက်ပါပုံကိုဆက်တိုက်တင်ဖြစ်ပါသည်။ကျမတွင်သက်ရှိမိဘမရှိတော့ပါ။ထို့ကြောင့်မိဘအရွယ်အမိအဖ တို့ကိုမြင်နေခြင်းဖြင့်စိတ်အေးချမ်းလှပါသည်။၎င်းအပြင် မြင်နေစဉ်ခဏတွင်ပင်စိတ်ခွန်အားရရှိပါသည်။
သံသရာတွင်ကျင်လည်ဖြစ်လျင်သော်မှလူကြီးသူမ၊အမိအဖ၊ဆရာသခင်ကျေးဇူးရှင်တို့အပေါ်၌အပြစ်မပြု၊အပြစ်မရှိဟုခံစားနေမိသည်၊
      ( ၁ ) - တောင်ပေါ်သို့ရောက်သည်နှင့် စိတ်အေးချမ်း ၊ အေးမြမူ့ခံစားရခြင်း ၊
     ( ၂ ) -မသိ၍ ပြစ်မှားမိခဲ့သည်ရှိသော်..ထိုအပြစ်တို့အားခွင့်လွှတ်ပါဟူ၍ ၀န်ချတောင်းပန်ဖြစ်ခြင်း ၊
     ( ၃ ) -မသိ၍ဝေးနေသော ၊သိလျက်နှင့်ဝေးနေရသော သူများကိုအမျှပေးဝေလိုခြင်း ၊       
              တို့ကြောင့်ဖြစ်ပါသည် ။
           ကျမသည် ယခုကာလအချိန်ထိ ကျင်လည်ခဲ့ရသောဘ၀တွင် သိရှိလိုက်သောအကြောင်းအရာလေးမှာ
မိမိမှတတ်နိုင်သရွေ့ တဖက်သားသူအပေါ် ကံ မကျုးလွန်ရန်နှင့်မိမိအားတဖက်သားသူမှကျုးလွန်ခဲ့ပါလျင်လည်း ခွင့်လွှတ်နိုင်ခဲ့ခြင်းဖြစ်ပါသည် ။ အကြောင်းမှာ မိမိနှင့်တကွ ၀န်းကျင်အားလုံးကို စိတ်ချမ်းသာစေလိုသည့် မေတ္တာစိတ်ကြောင့်ဖြစ်ပါသည်။ ကြုံကြရစဉ်ခဏ ၀န်ထုပ်ဝန်ပိုးမရှိအောင် နေထိုင်ကျင့်သုံးခြင်းသည် လောကကိုအလှဆင်ရာရောက်သည်ဟူ၍ ခံစားမိပါသည်။ စိတ်၏ယဉ်ကျေးမူဟုခေါ်ဆိုရပါမည်။ ၀န်ချတောင်းပန်ခြင်းသည် နိမ့်ကျခြင်းမဟုတ်ဘဲ စိတ်ယဉ်ကျေးမူတစ်ရပ်ဖြစ်ကြောင်းကို..........................................
ဆရာ မောင်ရင့်မာ (ကျောင်းကုန်း)၏ “၀န်ချတောင်နှင့် ရသစာတမ်းများ” စာအုပ် ထွက်လာသည်။ သူ့စာအုပ်တွင် မဂ္ဂဇင်း စာမျက်နှာများပေါ်မှ ရသ စာတမ်း ၁၆ ပုဒ်ပါသည်။ ထို ၁၆ ပုဒ်အနက် ခေါင်းစဉ် တပ်ထားသော “၀န်ချတောင်”သည် ၁/၀၇ ရွှေအမြုတေ၌ ဖော်ပြခဲ့သော ရသ စာတမ်း ဖြစ်သည့် အပြင်
၂၀၀၇ ခုနှစ် ရွှေအမြုတေ စာပေဆုရ ရသစာတမ်းလည်း ဖြစ်သည်။
“၀န်ချတောင် စေတီက တစ်စုံ တစ်ရာ ညှို့ငင်မှု ရှိသည်။ ဒွတ္တပေါင်နှင့် ပန်ထွာတို့၏ ဆွတ်ပျံ့ဖွယ်
လှပသော ဒဏ္ဍာရီ နောက်ခံလေးရှိသည်။ ဖယောင်းရည် ၀င်း၍ စိမ်းလွင်သော မြရွက်စိပ်စိပ်တို့
အကြား တိုက်ခတ်သော လေပြေလေညင်းလည်း ရှိသည်။ မောဟ အပူငွေ့တွေ လှောင်ပိတ်နေသော
မြို့ကြီး ခေါင်ခေါင်ထဲမှ နေ၍ ရုတ်တရက် တောတောင်ထဲ ပစ်ချခံလိုက် ရသလို ထိုနေရာလေးသို့ ရောက်ခဲ့ကြသူတိုင်းက “အေးချမ်း လိုက်တာနော်” ဟု ဆိုတတ်စမြဲ ဖြစ်ပါသည်။
ဝန်ချတောင်နှင့် ရသစာတမ်းများ
အမှားတစ်ခုကို ပြလုပ်မိ သူသည် မိမိအမှားပြုလုပ်မိပြီဟုသိလာသောအခါ အပြစ်ရှိခံစားမှု ဖြစ်ပေါ်လာ တတ်သည်။ ထိုစိတ်ခံစားမှုသည် စိတ်ကျန်းမာရေးကို ချို့တဲ့စေပါ၏။ ကြည်လင်သော စိတ်ရင်ပြင်
တစ်ခုသည် ထိုအပြစ်ရှိ ခံစားမှုကြောင့်ပင် နောက်ကျိ ရှုပ်ထွေး သွားစေပါ၏။ ထို့ကြောင့် အများစုသည်
အပြစ် ရှိသည်ဟု မိမိကိုယ်ကို မိမိ သိလာသော အခါ ထိုအပြစ်များကို လျှော်ဖွပ် သန့်စင်ရန် အပြင်း
အထန် ကြိုးပမ်းလာကြပါသည်။ ဆိုပါစို့။ မိမိ အမှားကျူး လွန်ကြောင်း သိလာ၍ ထိုအမှားအတွက်
ဝန်ချ တောင်းပန်ခြင်းမျိုး။ ၀န်ချ တောင်းပန် ခြင်းသည် ယဉ်ကျေးသော ဥပဓိရုပ် ရှိသူများသာ ပြုလုပ် နိုင်စွမ်းသော စိတ်အရည် အချင်း ဖြစ်သည်။ အချို့ လူများသည် မှားမှန်း သိပါလျက်နှင့် ၀န်ချ တောင်းပန်ခြင်းမျိုးကိုပင် မပြုလုပ်ကြ။ တချို့ကျတော့ ခေါင်းခေါက်လိုက် တောင်းပန်လိုက် လုပ်တတ်
ကြပါ၏။ ထိုနှစ်မျိုးစလုံးသည်
စိတ်ယဉ်ကျေးမှု နွမ်းပါးသူများသာဖြစ်ပါ၏။
“၀န်ချ တောင်းပန်ခြင်းဖြင့် ပြုခဲ့မိသော အပြစ် သို့မဟုတ် ပြုခဲ့ဖူးသော အမှားအယွင်း ဟူသမျှကို ပြေကြေ စေမည်ဟု မသေချာလှပါ။ သို့သော် ကိုယ်ဘာမှ အပြစ် မပြုခဲ့ဖူးသလိုလို ခပ်တည်တည် လုပ်နေတာနှင့်စာလျှင် ကိုယ့်အမှား ကိုယ်သိ၍ ၀န်ချ တောင်းပန်ခြင်းက ပို၍ လိုလားအပ် သည်ဟု ထင်ပါသည်။
ပိုယဉ်ကျေးရာ ရောက်မည်ဟု ထင်ပါသည်”
ဟူ၍ဖေါ်ပြထားပါသည် ။
   သို့ ဖြစ်ပါ၍ အမှားပြုလုပ်မိသည်ဆိုပါလျင်ဝန်ချတောင်းပန်ခြင်းပြုလုပ်သော်လည်း ပြေကြစေမည်ဆိုသည်ကတော့ မသေချာပါ။သို့ရာတွင် တောင်းပန်ဝန်ချခြင်းသည်လိုလားအပ်သောဆောင်ရွက်မူဖြစ်ပါသည်။သိသမျှယခုဘ၀တွင်အမှားမကျုးလွန်သော်မှသံသရာတွင် မသိနိုင်ကြသောဘ၀၌ပြစ်မှားကောင်းပြစ်မှားမိကြမည်ဆိုလျင် ပြေပါစေသောငှါ၊ကြေပါစေသောငှါရည်ရွယ်လျက်ဝန်ချတောင်းပန်ခြင်းဖြင့်
စိတ်ယဉ်ကျေးမူ့မနွမ်းပါးပါစေရန်ဆန္ဒပြုလျက်ယခုကာလအချိန်ထိမိမိမှအမှားဟုယူဆရသောအပြုအမူများရှိခဲ့ပါလျင် ခွင့်လွှတ်ပါဟူ၍ ၀န်ချတောင်းပန်အပ်ပါသည်။
အနီုင်းမဲ့မေတ္တာနှင့် အဆုံးမဲ့ မြတ်နိုးခြင်းဖြင့်
မေတ္တာရည်လျက် 
ခင်မိုးညို