အကြောင်းရှိ၍ဆုံကြရစဉ်ခဏ ထိုလူ၊ဤလူ ၊တို့သည်သံသရာတကြောတွင် အမိအဖဘ၀၊အမ၊မောင်ညီအကို၊ညီမ၊ဇနီးခင်ပွန်း
စသည်ဖြင့်ဆုံခဲ့ကြရသည့်သံသရာခရီးသည်များဖြစ်ကြပါသည်။ထိုကြောင့်ဘ၀ဆွေမျိုးများပင်ဖြစ်ကြသဖြင့်ကြုံလာကြစဉ်ခဏ
တစ်ဦးနှင့်တစ်ဦး.ဖေးမကူညီလက်တွဲလျက် ဘ၀အမောကိုမျှဝေခံစားသွားပါမည်..............။
လူ့ဘ၀ကို ဖြတ်သန်းလာခဲ့ရသည့် ကာလတလျှောက်တွင်..ရောင်စုံပန်းများကို
မြင်တွေ့ရသကဲ့သို့ဘ၀ရောင်စုံတွေ့ခဲ့ရသည်။
မြင်ရ၊သိရချိန်တွင်အရောင်အလိုက်စိတ်ခံစားမူတို့သည်၊ရဲရင့်ခြင်း၊ကြည်နူးခြင်း၊လွမ်းခြင်း၊တမ်းတခြင်း၊ပျော်ခြင်းတို့သည်
ရင်သို့တိုးဝှေ့ခံစားကြကုန်၏၊ထို့အတူ အချိန်၏
ဖြတ်သန်းမူကာလအနေအထားအရလှပသောရောင်စုံပန်းတို့၏အရောင်သည်
တဖြေးဖြေးဖျော့တော့ကာ အရောင်မဲ့ရာမှကြွေကျကြကုန်၏။ ဘ၀တွင် ရင်ဆိုင်၊ကြုံတွေ့ရသော
ကြည်နူးခြင်း၊ပျော်ခြင်း၊
ချစ်ခြင်း ၊မုန်းခြင်း ၊လွမ်းခြင်း၊တမ်းတခြင်းဟူသည့် ခံစားမူ့တို့သည်လည်းအချိန်၏ ဖြတ်သန်းမူကာလအနေအထားအရ
အဝေးသို့ ပြေးထွက်သွားကြကုန်၏ ၊ မိမိမပိုင်ဆိုင်သော အရာကို မိမိပိုင်အဖြစ်
မှတ်ယူကြသည့်အတွက် ကြည်နူးခြင်း၊
ပျော်ခြင်း၊လွမ်းခြင်း၊တမ်းတခြင်းတို့ ကိုခံစားရခြင်းဖြစ်ပါသည်။စင်စစ်အမှန်မှာ
မိမိပိုင်ဆိုင်ခြင်းဆိုသည် မြူတမှုံ ၊လေတဆုပ် ၊
ရေတစက်မျှပင်မရှိပါ။အကြောင်းတရားခြင်းတိုက်ဆိုင်ချိန်တွင် အကျိုးတရားတစ်ခုဖြစ်ပေါ်စေခြင်းသာလျင်ဖြစ်ပါသည်။
တိုက်ဆိုင်ရန်အကြောင်းတရား ပြီးဆုံးသွားလျင်၊အကျိုးတရားသည်လည်း ဖြစ်လာရန်အကြောင်းမရှိတော့ပါ။
မိမိ၏မိဘအပေါ်၊ ချစ်သူအပေါ်၊ဆွေမျိုးသားချင်းအပေါ်၊ စသည်..စသည်ဖြင့် ထာဝရ
ချစ်မြတ်နိုးနိုင်မည်ဟုမှတ်ယူထားကြသော်လည်း
နိယာမတရားအရ ထာဝရ ဆိုသည်မှာမည်သို့မျှမဖြစ်နိုင်ကြောင်းကို သိထားနိုင်ရမည်။ဘ၀၏ပန်းရောင်စုံလေးများကဲ့သို့အရောင်လွင့်
ပြယ်မည်မှာ သဘာဝပင်ဖြစ်ပါသည်။
မိမိအပေါ်ချစ်ခင်နေချိန်တွင်
မိမိမှကျေးဇူးတင်စွာဖြင့်.တဖက်သားကို ကူညီစောင့်ရှောက်လျက်ကောင်းကျိုးဆောင်ရွက်ပေးပါမည်..။
မိမိအပေါ် သူစိမ်းသူသို့မှတ်ယူပါလျင်..ကျေနပ်နားလည်စွာဖြင့် ဘ၀တွင်သာယာအေးချမ်းပါစေဟူ၍
မေတ္တာပို့သလျက်ကုသိုလ်အစုစုကိုအမျှပေးဝေပါမည်..။ မိမိ၏ဘ၀ကို ဥယာဉ်မှူးပမာ၊ရောင်စုံပန်းများလှပဝေဆာစွာပွင့်စေရန်အတွက်
စိုက်ပျိုး၊ပေါင်းသင်၊ရေလောင်းလျက်၊ ထိုအပင်မှရှင်သန်ကြီးထွားဖွံ့ဖြိုးခြင်းဖြင့် ကောင်းကျိုးများကို
ဝန်းကျင်အသိုင်းအ၀ိုင်းသို့ထောက်ပံ့ပေးနိုင်ပါလျင် အဝေးမှနေ၍ ထိုအပင်ကိုပီတိဖြင့်ကြည့်နေပါမည်..။
မတည်မြဲသောအရာသည်သာလျင်
၊တနည်းအားဖြင့်ပြောင်းလဲခြင်းသည်သာလျင် ဘ၀သစ္စာတရားသာဖြစ်ပါသည်။
အကြောင်းရှိ၍ဆုံကြရစဉ်ခဏ ထိုလူ၊ဤလူ ၊တို့သည်သံသရာတကြောတွင် အမိအဖဘ၀၊အမ၊မောင်ညီအကို၊ညီမ၊ဇနီးခင်ပွန်း
စသည်ဖြင့်ဆုံခဲ့ကြရသည့်သံသရာခရီးသည်များဖြစ်ကြပါသည်။ထိုကြောင့်ဘ၀ဆွေမျိုးများပင်ဖြစ်ကြသဖြင့်ကြုံလာကြစဉ်ခဏ
တစ်ဦးနှင့်တစ်ဦး.ဖေးမကူညီလက်တွဲလျက် ဘ၀အမောကိုမျှဝေခံစားသွားပါမည်..။
အနှိုင်းမဲ့မေတ္တာနှင့်အဆုံးမဲ့မြတ်နိုးခြင်း
မေတ္တာရည်လျက်
ခင်မိုးညို
