မိုးမရွာသော်လဲ လေတိုက်သည်။ထို့အတူမိုးအုံ့နေပါသည်။ပုထုဇဉ်ဖြစ်သော ကျမသည်ဘ၀တပါးသို့ပြောင်းပြီးကုန်သော အမိနှင့်အဖကို.ရာသီဥတုအခြေအနေကြောင့်သော်လည်းကောင်း၊
လုပ်ငန်းတာဝန်များနှင့်တွေ့ကြုံရသည့်အခြေအနေအရပ်ရပ်ကြောင့်သော်လည်းကောင်း၊သတိရခြင်းနှင့်အတူတြွေ့မင်လိုလှပါသည်။
တနေ့တာတွင် စကားပင်ပြောရန်အချိန်မရှိသကဲ့သို့ထမင်းစားချိန်ပင် မရှိသလောက်ပင်။
ပုံမှန် ညဘက် (၁၁ )နာရီလောက်တွင်မှ...အနားယူဖြစ်သည်။အနားယူသည်ဆိုသည်မှာလည်း၊စိတ်ကတော့ မနားဖြစ်ပါ။နောက်တနေ့အတွက် လုပ်ငန်းများကို စဉ်းစားနေဖြစ်သည်။
ထိုအချိန်လေးတွင် မိဘရင်ခွင်ထဲပြေးခို၍ အမောဖြေလိုလှပါသည်။စကားများပြောပြလိုက်ချင်ဘိသည်။ ထို့ကဲ့သို့ ဘ၀၏အမောကို ရင်ဆိုင်နေရချိန်၌ ၊ အထက်ပါဓါတ်ပုံပိုင်ရှင် ( ၂ )ဦးကို ရင်မှမြတ်နိုးခြင်းဖြင့် ကြည့်နေမိသည်။မိဘရင်းခြာသဖွယ် ကျမ လေးစားမြတ်နိုးသောမေမေနှင့်ဖေဖေဖြစ်ပါသည်။ရိုးရှင်းသော မေမေနှင့်ဖေဖေတို့၏ကြည်နူးနေသောပုံနှင့်
ရိုးရှင်းသောထမင်းဝိုင်းကလေးကိုကြည့်ပြီးကျမတစ်ဦးတည်းပြုံးမိသည်..။ထိုစဉ်ခဏတနေ့တာ၏မောပန်းသမျှတို့သည်
.အမောပြေ၍ ဘ၀တပါးသို့ပြောင်းပြီးကုန်သော အမိနှင့်အဖကိုလွမ်းနေသည့်လွမ်းစိတ်လဲ ပြေသွားပါသည်..။
ကျမတို့သည် မိဖ များထက် အတန်းပညာပို၍ တတ်ကောင်းတတ်ပါမည်.။ထိုနည်းတူခေတ်၏တိုးတက်ခြင်းများကို မိဖများထက်ပို၍ သိကောင်းသိမည်။ကြုံကောင်းကြုံပါမည်။ မိဖများထက် အတန်းပညာများ၊ ခေတ်၏တိုးတက်ခြင်းများမည်မျှပင်
ပို၍တတ်နိုင်၊ သိနိုင် ၊ကြုံနိုင်ကောင်း၊ကြုံနိုင်ကောင်းပါသော်လည်း၊ အချိန်ဟူသောကာလ၏အတွေ့အကြုံကိုမူ ကျမတို့သည်ကျမတို့၏မိဖများထက်ပို၍မသိနိုင်ကြသကဲ့သို့မည်သို့သောအခါမှ..သမီးမိန်းခလေးသည်အမိ၏မိခင်..၊ သားယောက်ကျားလေးသည်အဖ၏ ဖခင် အဖြစ် ကျမတို့သည်မရရှိနိုင်ကြပါ။အမိသည်ကျမတို့၏အမိ..၊ အဖသည် ကျမတို့၏ အဖ သာလျင်ဖြစ်ပါသည်။
ထိုကြောင့်အလွန်မှပင်တန်ဖိုးရှိလှစွာသောအမိနှင့်အဖကို ဘ၀တွင်အမောများနှင့်ကြုံရလေပို၍လွမ်းလေဖြစ်ပါသည်..။ထိုသို့သောအမောများနှင့်နွမ်းလျှ၍.၊စိတ်မှလွမ်းရသော
အဖြစ်ကို ပိုင်ဆိုင်နေရချိန်တွင် . အမိနှင့်အဖကဲ့သို့လေးစားမြတ်နိုး ရသော အထက်ပါမိဖနှစ်ဦးကို မိဖရင်းမခြားမြင်ရသည့်အခါတိုင်း အမောပြေ၍ ..အလွမ်းလဲ ပြေပါသည်..။
ထိခြင်းငါးပါးဖြင့် မေမေတို့ ကိုကန်တော့ အပ်ပါသည်..။
အနှိုင်းမဲ့မေတ္တာနှင့်အဆုံးမဲ့မြတ်နိုးခြင်းဖြင့်
ခင်မိုးညို

